ဆီမီးတက်ရေးအတွက် အပြည့်အဝ အားထုတ်ရမယ့် ဘင်ဖီကာပွဲအတွက် ပွဲထွက်လူစာရင်း ခန့်မှန်း

ပထမဆုံးအနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်ဟာ မနှစ်ကလို မဟုတ်ဘူးဆိုတာ သတိပြုရပါလိမ့်မယ်။ ဒီနှစ်ကစလို့ အဝေးဂိုးစည်းမျဉ်း မပါမှုနဲ့အတူ ဒုတိယအကျော့ပွဲစဉ်တွေမှာ မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်နေတယ်။

အဝေးဂိုးစည်းမျဉ်း မရှိခြင်းကြောင့် အဝေးကွင်းအသင်းတွေက အိမ်ရှင်အားကို ဖိအားလို့ မမြင်ကြဘဲ ပိုပြီး ဖွင့်တိုက်လာတာမျိုးတွေ တွေ့မြင်ရပါတယ်။ အိမ်ကွင်း အားသာချက်ဟာ ယခင်နှစ်တွေလောက် ရှိန်ချင်စရာ မကောင်းတော့ဘဲ ဘိုင်ယန်မြူးနစ်ပွဲ၊ ရီးရဲလ်မက်ဒရစ်ပွဲတွေမှာ ဧည့်သည်အသင်းတွေက တိုက်စစ်ကို အားပြုကစားပြခဲ့တာတွေကို မြင်ရမှာဖြစ်တယ်။

လီဗာပူးက ပထမအကျော့မှာ ၃-၁ နဲ့ အနိုင်ရထားပေမယ့် ဘင်ဖီကာက မထင်မှတ်ဘဲ ဦးဆောင်ဂိုး ရလိုက်ပြီဆိုတာနဲ့ ပွဲက အသက်ဝင်သွားမှာဖြစ်တယ်။ ဒါကြောင့်လည်း ပေါ့ဆမှု၊ အထင်သေးမှုနဲ့ ကစားမယ်ဆိုရင် ထိခိုက်နာကျင်ရမှာဖြစ်လို့ ဒီပွဲမှာ သမ္ဘာနဲ့ လန်းဆန်းနေတဲ့ ခြေထောက်ပိုင်ရှင်တွေကို တွဲဘက်ပေးမယ်လို့ ယုံကြည်ရပါတယ်။

Team News

ဒီပွဲအတွက် ဒဏ်ရာသတင်း ထူးထူးဆန်းဆန်း ကြာရခြင်း မရှိပါဘူး။
ကွင်းဖွင့် လေ့ကျင့်ရေးမှာ သီယေဂို မပါနိုင်ခဲ့ပါဘူး။
အရန်လူစာရင်း ၁၂ ဦး၊ လူစားလဲမှု ၅ ခု လုပ်ခွင့်ရှိတာကို သတိပြုရပါမယ်။

Liverpool XI vs. Benfica

ပွဲကြိုမှာ ယာဂင်က ” နောက်ကန်မယ့် မန်စီးတီးနဲ့ အက်ဖ်အေဖလားပွဲက ဒီည ချန်ပီယံလိဂ် ပွဲထွက်မယ့် လူစာရင်းအပေါ် သက်ရောက်မှု မရှိပါဘူး။ ဒါပေမယ့် နောက်ဆုံး ကစားတဲ့ပွဲနဲ့တော့ သက်ဆိုင်ရင် သက်ဆိုင်ပါလိမ့်မယ် ” လို့ ဆိုခဲ့တယ်။

ကလော့ပ်ရဲ့ ပြောဆိုမှုအရ အက်ဖ်အေဖလားမှာ ဘာဖြစ်မယ်ဆိုတာထက် ပြီးခဲ့တဲ့ မန်စီးတီးပွဲမှာ ပွဲပန်းထားတဲ့ ကစားသမားတွေကို အနားပေးတာမျိုး ဖြစ်လာနိုင်တာကို သတိပြုရမှာဖြစ်ပါတယ်။ ဧပြီလထဲမှာ မန်စီးတီး၊ ယူနိုက်တက်တို့နဲ့ တွေ့ရဦးမယ့် ပွဲကျပ်တွေကြောင့် ကြံ့ခိုင်မှုဟာ ဦးစားပေး ဖြစ်နေဆဲကိစ္စဖြစ်ပါတယ်။

ဂိုးသမားနေရာ အယ်လီဆန်နဲ့ အစွန်နေရာတွေမှာ ထရန့်နဲ့ ရိုဘိုကိုပဲ ပွဲထုတ်ဖွယ်ရှိတယ်။ ခံစစ်မှူးအဖြစ် ဗန်ဒိုက်ကို ပထမအကျော့တုန်းက တွဲဘက်ဖြစ်သူ ကိုနတေးနဲ့ပဲ တွဲပေးဖွယ်ရှိပါတယ်။ ပွဲအခြေအနေပေါ် မူတည်ပြီး ထရန့်နဲ့ ရိုဘိုနေရာ ဂိုးမက်စ်နဲ့ ကိုစတက်ကို မိနစ် ၇၀ လောက်မှာ လူစားလဲလို့ ရနိုင်ပါတယ်။

ကွင်းလယ်အတွက်တော့ လေ့ကျင့်ရေးမှာ မပါခဲ့တဲ့ သီယေဂိုနဲ့ ခံစစ်အထိုင် ဖာဘင်ညိုတို့ကို အနားပေးပြီး ဟန်ဒါဆန်၊ ကိတ်တာနဲ့ ဂျုံးတို့ကို ပွဲထုတ်မယ်လို့ ခန့်မှန်းရတယ်။ ဘင်ဖီကာရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကို ရင်ဆိုင်ဖို့အတွက် ဟာဗေးထက်စာရင် ဂျုံးက အမြင့်ဘောမှာလည်း ပိုမို လွှမ်းမိုးနိုင်စွမ်း ရှိပါမယ်။

ထူးထူးခြားခြားအားဖြင့် ၄-၃-၃ အစား အခြား နည်းစနစ်ကို အသုံးပြုမယ်လို့တော့ မထင်မိပါဘူး။ ဒါကြောင့် တိုက်စစ်မှာ ဒီယက်စ်နဲ့ ဖာမင်နိုကို ဆာလာနဲ့ တွဲဘက်ပေးဖွယ် ရှိပါတယ်။