လီဗာပူးအတွက် ဂိုးမသွင်းပေးတော့ဘူးလား အမေးကို အယ်လီဆန် ရယ်ရယ်မောမော တုန့်ပြန်

ဘင်ဖီကာပွဲကြိုမှာတော့ သတင်းထောက်တွေက မနှစ်ကရာသီ ဝက်စ်ဘရွန်းအသင်းကို ခေါင်းတိုက်သွင်းဂိုး ရယူခဲ့တာမျိုး ထပ်မလုပ်တော့ဘူးလားလို့ အယ်လီဆန်ကို မေးခွန်းထုတ်ခဲ့တယ်။

ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ မနှစ်ကရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရေး ခက်ခဲစွာ အားထုတ်ခဲ့ရတဲ့ အကြောင်းကို ယာဂင်ကလော့ပ်က ပြောပြခဲ့ပြီး ထိုက်ထိုက်တန်တန် ရခဲ့တဲ့ အခွင့်အရေးအတွက် တတ်နိုင်သလောက် ပြိုင်ပွဲအတွင်း အကြာကြီး ဆက်ရှိနေအောင် ကြိုးစားမယ်လို့ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်လုဖြစ်ခဲ့သေးပြီး ဝက်စ်ဘရွန်းနဲ့ ပွဲမှာ အယ်လီဆန်ရဲ့ နောက်ဆုံးမိနစ် ခေါင်းတိုက် သွင်းဂိုးဟာ လီဗာပူးအသင်းကို ကယ်တင်ခဲ့တဲ့ ကိစ္စကြီးတွေထဲက တစ်ခုဖြစ်ခဲ့တာပါ။

ခေါင်းတက်တိုက်ဖို့ အစီအစဉ်မရှိဘူးလား အမေးကို အယ်လီဆန်က “ အကယ်လို့ လိုအပ်လာမယ်ဆိုရင် ကျနော် စဉ်းစားပါမယ်။ ကျနော် ခေါင်းတိုက်ဖို့ သွားဦးမယ်ဆိုတာ ရှင်းပါတယ်။ ပုံမျန်အားဖြင့်တော့ ကျနော် ရှေ့တက်ရမလား မတက်ရဘူးလားဆိုတာကို နည်းပြကြီးက ဆုံးဖြတ်ပေးပါတယ် ” လို့ ရယ်ရယ်မောမော ဖြေပေးပါတယ်။

အယ်လီဆန်ရဲ့ ခေါင်းတိုက်သွင်ဂိုးကြောင့် လီဗာပူးဟာ ပွဲအပြီးမှာ ၂-၁ ဖြင့် အနိုင်ရခဲ့တာဖြစ်တယ်။ အဲ့လို သွင်းယူဖို့ကိုလည်း အယ်လီဆန်ကို ရှေ့ဆက်ဖို့ လီဗာပူး ဂိုးနည်းပြကြီး ဂျွန်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

သူကပဲ “ ဝက်စ်ဘရွန်းနဲ့ ပွဲတုန်းက ကျနော်တို့ ပြိုင်ဘက် ဧရိယာထဲကို သွားဖို့ ပြောခဲ့သူက ဂျွန် အက်တာဘတ် (လီဗာပူးဂိုးနည်းပြ) ဖြစ်ပါတယ်။ အကယ်လို့ သူတို့က ကျနော်ကို သွားခိုင်ရင်း သွားမှာပါ။ မဟုတ်ရင်လည်း ပြဿနာ မရှိပါဘူး။ ကျနော်တို့ အသင်းမှာ ဂိုးသွင်းဖို့ အသင်းသားတွေ လုံလုံလောက်လောက် ရှိပါတယ်။

ကျနော် ရှေ့တက်ပြီး တိုက်စစ်လိုက်ရတာမျိုး မလိုအပ်ဖို့ မျှော်လင့်ပါတယ်။ အကယ်လို့ လိုအပ်လာရင် အရင်အကြိမ်တုန်းကလို လိုအပ်လာမယ်ဆိုရင် ကျနော်တို့ အစွမ်းကုန် ကြိုးစားပြီး ပွဲတွေကို အနိုင်ရအောင် လုပ်မှာပါ ” လို့ ပြောပြသွားခဲ့ပါတယ်။