အာဆင်နယ်ကို ဆယ်တင်ပေးဖို့ အာတီတာ လိုအပ်မယ့် အရာ နှစ်ခု

အာဆင္နယ္ ကစားသမားေဟာင္းၾကီး အာတီတာဟာ အမ္းမရိတ္ အေျခစိုက္အသင္းကို နည္းျပ အျဖစ္ ျပန္လာဖို႔ နီးစပ္ေနျပီ ျဖစ္ျပီး အာတီတာ အေနနဲ႕ ယိုယြင္းမႈမ်ားစြာ ရွိေနတဲ့ အာဆင္နယ္ကို ျပန္လည္ ဆယ္တင္ဖို႔ လိုအပ္တာက အခ်ိန္နဲ႕ အေျပာင္းအေရႊ႕မွာ အသံုးစရိတ္ ေထာက္ပံ့မႈ ျဖစ္ေၾကာင္း နစ္ကိုးလပ္စ္ ပီပီက သတိေပးလိုက္ပါတယ္။

စပိန္သားဟာ အသင္းေဟာင္း ေျမာက္လန္ဒန္ကလပ္ထံ ျပန္လာဖို႔က အလြန္ နီးစပ္ေနျပီး တရား၀င္ေၾကျငာခ်က္သာ ေစာင့္ဆိုင္းေနတာ ျဖစ္ပါတယ္။ အာတီတာဟာ ညက မန္စီးတီးရဲ႕ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ပြဲမွာ ပက္ ဂြာဒီယိုလာနဲ႕ အတူ နည္းျပေနခဲ့ျပီး အာဆင္နယ္အသင္းထံ တရား၀င္ လာေရာက္ပူးေပါင္းဖို႔ စီစဥ္လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။

လန္ဒန္မွာေတာ့ အာတီတာအတြက္ ေျဖရွင္းစရာ တပံုတပင္က ေစာင့္ၾကိဳေနမွာပါ။ ဂန္းနားေဟာင္းၾကီး နစ္ကိုလပ္စ္ ပီပီကေတာ့ နည္းျပသစ္ ျဖစ္လာမယ့္ အာတီတာကို စိတ္ရွည္စြာ ေစာင့္ဆိုင္းေပးဖို႔ အခ်ိန္ လိုအပ္မယ္လို႔ ဖြင့္ဟခဲ့ျပီး ဘုတ္အဖြဲ႕အေနနဲ႕လည္း အသင္း ျပန္လည္ တည္ေဆာက္ဖို႔ ေစ်းကြက္ထဲ နည္းျပ အလိုရွိတဲ့ ကစားသမားမ်ား ေခၚေပးရန္ လိုတယ္လို႔ သြးသပ္ခဲ့ပါတယ္။

” အာတီတာကို အခ်ိန္ေပးရမယ္ဆိုတာေတာ့ သံသယ မရွိပါဘူး။ အာဆင္နယ္ဖန္ေတြ အေနနဲ႕ ေလာေလာဆယ္ အခ်ိန္တိုေလး အတြင္း အသင္း ဒီလို ျပိဳဆင္းလာတာကို မယံုနိင္ေအာင္ ျဖစ္ေနၾကမယ္ ထင္ပါတယ္။ ”

” အမ္မရီ အသင္းကို ေရာက္လာတုန္းက က်ေနာ္တို႔ အားလံုး ‘ ဟုတ္ျပီ သူက စပိန္မွာ ေအာင္ျမင္ခဲ့တယ္ဆိုေတာ့ ေခၚယူတာ နားလည္လို႔ရတယ္။ သူက ပီအက္စ္ဂ်ီမွာဆို နာမည္ေက်ာ္ေတြ ျဖစ္တဲ့ အမ္ ဘတ္ပီ၊ ေနမာ၊ ကာဗာနီတို႔နဲ႕ အလုပ္တြဲလုပ္ဖူးတယ္။ ဒီေတာ့ နာမည္ၾကီး ကစားသမားေတြ နာမည္ၾကီးကလပ္ေတြမွာ လုပ္ဖူးတဲ့ နာမည္ေကာင္း ရွိသူပဲ။ ‘ လုိ႔ ေတြးခဲ့ၾကတယ္။ ”

” ဒါေပမယ့္ ျပသနာက သူဟာ အသင္းခံစစ္ပိုင္း ဆုိးသည္ထက္ ဆိုးေနတာကို ျပင္ဆင္မေပးနုိင္ခဲ့ဘူး။ ဒါေၾကာင့္လည္း အာဆင္၀င္းဂါးေတာင္မွ ဒီအသင္းက ထြက္ခြာသြားခဲ့ရတာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ ဒါကို မေျဖရွင္းနုိင္ခဲ့ဘူး။ ပိုက္ဆံတခ်ိဳ႕ သံုးခဲ့ေပမယ့္ ေျဖရွင္းလို႔ မရခဲ့ဘူး။ ဒါေၾကာင့္ အာတီတာ အေနနဲ႕ ဒါကို ေျဖရွင္းနုိင္ဖို႔ လိုတယ္ဆိုတာ သိျပီး လက္ခံျပီးမွ အသင္းကို လာတာ ျဖစ္ပါလိမ့္မယ္။ ” လို႔ ခ်ာလီက ဆိုပါတယ္။

အာဆင္နယ္ဘက္ကေတာ့ အာတီတာနဲ႕ သေဘာတူညီမႈရကာ အျမန္ေၾကျငာနိုင္ဖို႔ တြန္းအားေပးေနဆဲ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာ ၄င္းတို႔နဲ႕ အလားတူ နည္းျပ ရွာေဖြေနဆဲ အသင္း ျဖစ္တဲ့ အဲဗာတန္နဲ႕ ရင္ဆိုင္ ကစားရမွာပါ။

Unicode – အာဆင်နယ် ကစားသမားဟောင်းကြီး အာတီတာဟာ အမ်းမရိတ် အခြေစိုက်အသင်းကို နည်းပြ အဖြစ် ပြန်လာဖို့ နီးစပ်နေပြီ ဖြစ်ပြီး အာတီတာ အနေနဲ့ ယိုယွင်းမှုများစွာ ရှိနေတဲ့ အာဆင်နယ်ကို ပြန်လည် ဆယ်တင်ဖို့ လိုအပ်တာက အချိန်နဲ့ အပြောင်းအရွှေ့မှာ အသုံးစရိတ် ထောက်ပံ့မှု ဖြစ်ကြောင်း နစ်ကိုးလပ်စ် ပီပီက သတိပေးလိုက်ပါတယ်။

စပိန်သားဟာ အသင်းဟောင်း မြောက်လန်ဒန်ကလပ်ထံ ပြန်လာဖို့က အလွန် နီးစပ်နေပြီး တရားဝင်ကြေငြာချက်သာ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ အာတီတာဟာ ညက မန်စီးတီးရဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲမှာ ပက် ဂွာဒီယိုလာနဲ့ အတူ နည်းပြနေခဲ့ပြီး အာဆင်နယ်အသင်းထံ တရားဝင် လာရောက်ပူးပေါင်းဖို့ စီစဉ်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

လန်ဒန်မှာတော့ အာတီတာအတွက် ဖြေရှင်းစရာ တပုံတပင်က စောင့်ကြိုနေမှာပါ။ ဂန်းနားဟောင်းကြီး နစ်ကိုလပ်စ် ပီပီကတော့ နည်းပြသစ် ဖြစ်လာမယ့် အာတီတာကို စိတ်ရှည်စွာ စောင့်ဆိုင်းပေးဖို့ အချိန် လိုအပ်မယ်လို့ ဖွင့်ဟခဲ့ပြီး ဘုတ်အဖွဲ့အနေနဲ့လည်း အသင်း ပြန်လည် တည်ဆောက်ဖို့ ဈေးကွက်ထဲ နည်းပြ အလိုရှိတဲ့ ကစားသမားများ ခေါ်ပေးရန် လိုတယ်လို့ သွးသပ်ခဲ့ပါတယ်။

” အာတီတာကို အချိန်ပေးရမယ်ဆိုတာတော့ သံသယ မရှိပါဘူး။ အာဆင်နယ်ဖန်တွေ အနေနဲ့ လောလောဆယ် အချိန်တိုလေး အတွင်း အသင်း ဒီလို ပြိုဆင်းလာတာကို မယုံနိင်အောင် ဖြစ်နေကြမယ် ထင်ပါတယ်။ ”

” အမ်မရီ အသင်းကို ရောက်လာတုန်းက ကျနော်တို့ အားလုံး ‘ ဟုတ်ပြီ သူက စပိန်မှာ အောင်မြင်ခဲ့တယ်ဆိုတော့ ခေါ်ယူတာ နားလည်လို့ရတယ်။ သူက ပီအက်စ်ဂျီမှာဆို နာမည်ကျော်တွေ ဖြစ်တဲ့ အမ် ဘတ်ပီ၊ နေမာ၊ ကာဗာနီတို့နဲ့ အလုပ်တွဲလုပ်ဖူးတယ်။ ဒီတော့ နာမည်ကြီး ကစားသမားတွေ နာမည်ကြီးကလပ်တွေမှာ လုပ်ဖူးတဲ့ နာမည်ကောင်း ရှိသူပဲ။ ‘ လို့ တွေးခဲ့ကြတယ်။ ”

” ဒါပေမယ့် ပြသနာက သူဟာ အသင်းခံစစ်ပိုင်း ဆိုးသည်ထက် ဆိုးနေတာကို ပြင်ဆင်မပေးနိုင်ခဲ့ဘူး။ ဒါကြောင့်လည်း အာဆင်ဝင်းဂါးတောင်မှ ဒီအသင်းက ထွက်ခွာသွားခဲ့ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဒါကို မဖြေရှင်းနိုင်ခဲ့ဘူး။ ပိုက်ဆံတချို့ သုံးခဲ့ပေမယ့် ဖြေရှင်းလို့ မရခဲ့ဘူး။ ဒါကြောင့် အာတီတာ အနေနဲ့ ဒါကို ဖြေရှင်းနိုင်ဖို့ လိုတယ်ဆိုတာ သိပြီး လက်ခံပြီးမှ အသင်းကို လာတာ ဖြစ်ပါလိမ့်မယ်။ ” လို့ ချာလီက ဆိုပါတယ်။

အာဆင်နယ်ဘက်ကတော့ အာတီတာနဲ့ သဘောတူညီမှုရကာ အမြန်ကြေငြာနိုင်ဖို့ တွန်းအားပေးနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ၎င်းတို့နဲ့ အလားတူ နည်းပြ ရှာဖွေနေဆဲ အသင်း ဖြစ်တဲ့ အဲဗာတန်နဲ့ ရင်ဆိုင် ကစားရမှာပါ။