ယူနိုက်တက်က ဟာလန်ကို ခေါ်ယူလိုကြောင်းကို အတည်ပြုစကားမျိုး ပြောတဲ့ ဆိုးရှား

ယူနိုက်တက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်သမားတစ်ဦး ခေါ်ယူဖို့ ရှာဖွေနေတာဖြစ်ပြီး ဆဲလ်ဘတ်အသင်းမှ လူငယ်တိုက်စစ်သမား ဟာလန်ကို ခေါ်ယူဖို့ သတင်းကြီးနေပါတယ်။

မန်နေဂျာဆိုးရှားက ကလပ်ဟာ ဟာလန်ကို လိုက်နေတယ်ဆိုတာ ငြင်းပယ်ခြင်း မလုပ်ခဲ့ပဲ နော်ဝေသားလေးက သူ့အကြိုက် ကစားသမားဖြစ်သလို အနာဂတ်အတွက် ကလပ်ကို ရွေးချယ်ဖို့က ကစားသမားကိုယ်တိုင်ပဲ ဆုံးဖြတ်ရပါမယ်လို့ ဆိုခဲ့တယ်။ ဟာလန်ကိုတော့ ဒေါ့မွန်၊ လိုက်ဇစ်နဲ့ ယူနိုက်တက်တို့က အပြိုင် လိုက်နေကြတာဖြစ်ပါတယ်။

ဆိုးရှားက ” သူက ကျနော် သဘောကျတဲ့ ကစားသမားပါ။ ကျနော်တို့က ကစားသမားကောင်းတွေကို တချိန်လုံး ရှာဖွေနေပါတယ်။ ဟာလန်က ကောင်းမွန်တဲ့ တိုးတက်မှုရှိပြီး ဒီတော့ အနာဂတ်မှာ ဘယ်နေရာက သူ့အတွက် တိုးတက်လာစေမလဲဆိုတာကို သူ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဟာလန်အကြောင်း အများကြီး မပြောလိုပါဘူး။ ဒါပေမယ့် အသင်းအနေနဲ့ ကျနေ်ာတို့မှာရှိနေတဲ့ ကစားသမားတွေကို ပိုကောင်းစေမယ့် ကစားသမားမျိုးတွေကို အမြဲတမ်း ရှာဖွေနေပါတယ်။ ကျနေ်ာတို့ ဘယ်လိုတွေ လုပ်ဆောင်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာပါပဲ ” လို့ ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။

ကစားသမားလေးဟာ ဇန်နဝါရီလ ၁ ရက်နေ့မှာ ဆဲလ်ဘတ်ကနေ ထွက်ခွာခွင့် ရတော့မှာဖြစ်ပြီး နှစ်သစ်မှာ သူ့ရဲ့ အနာဂတ်က ဂျာမနီမြေကိုလည်း အင်္ဂလန်က မန်ချက်စတာမြေကိုလားဆိုတာက စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဟာ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ တိုက္စစ္သမားတစ္ဦး ေခၚယူဖို႔ ရွာေဖြေနတာျဖစ္ျပီး ဆဲလ္ဘတ္အသင္းမွ လူငယ္တိုက္စစ္သမား ဟာလန္ကို ေခၚယူဖို႔ သတင္းၾကီးေနပါတယ္။

မန္ေနဂ်ာဆိုးရွားက ကလပ္ဟာ ဟာလန္ကို လိုက္ေနတယ္ဆိုတာ ျငင္းပယ္ျခင္း မလုပ္ခဲ့ပဲ ေနာ္ေဝသားေလးက သူ႔အၾကိဳက္ ကစားသမားျဖစ္သလို အနာဂတ္အတြက္ ကလပ္ကို ေရြးခ်ယ္ဖို႔က ကစားသမားကိုယ္တုိင္ပဲ ဆံုးျဖတ္ရပါမယ္လို႔ ဆိုခဲ့တယ္။ ဟာလန္ကိုေတာ့ ေဒါ့မြန္၊ လုိက္ဇစ္နဲ႔ ယူႏုိက္တက္တို႔က အျပိဳင္ လိုက္ေနၾကတာျဖစ္ပါတယ္။

ဆိုးရွားက ” သူက က်ေနာ္ သေဘာက်တဲ့ ကစားသမားပါ။ က်ေနာ္တို႔က ကစားသမားေကာင္းေတြကို တခ်ိန္လံုး ရွာေဖြေနပါတယ္။ ဟာလန္က ေကာင္းမြန္တဲ့ တိုးတက္မႈရွိျပီး ဒီေတာ့ အနာဂတ္မွာ ဘယ္ေနရာက သူ႔အတြက္ တိုးတက္လာေစမလဲဆိုတာကို သူ ဆံုးျဖတ္ရမွာျဖစ္ပါတယ္။

ဟာလန္အေၾကာင္း အမ်ားၾကီး မေျပာလိုပါဘူး။ ဒါေပမယ့္ အသင္းအေနနဲ႔ က်ေန္ာတို႔မွာရွိေနတဲ့ ကစားသမားေတြကို ပိုေကာင္းေစမယ့္ ကစားသမားမ်ိဳးေတြကို အျမဲတမ္း ရွာေဖြေနပါတယ္။ က်ေန္ာတို႔ ဘယ္လိုေတြ လုပ္ေဆာင္ႏုိင္မလဲဆိုတာကို ေစာင့္ၾကည့္ရမွာပါပဲ ” လို႔ ဖြင့္ဟသြားခဲ့တာျဖစ္ပါတယ္။

ကစားသမားေလးဟာ ဇန္နဝါရီလ ၁ ရက္ေန႔မွာ ဆဲလ္ဘတ္ကေန ထြက္ခြာခြင့္ ရေတာ့မွာျဖစ္ျပီး ႏွစ္သစ္မွာ သူ႔ရဲ႕ အနာဂတ္က ဂ်ာမနီေျမကိုလည္း အဂၤလန္က မန္ခ်က္စတာေျမကိုလားဆိုတာက ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။