ဒုတိယပိုင်းအတွက် ဘယ်လိုတွန်းအားပေးခဲ့လဲနဲ့ မန်စီးတီးရဲ့ ပွဲချဉ်းကပ်မှုကို ရှင်းပြခဲ့တဲ့ ယာဂင်

မန်စီးတီးနဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်ဟာ အကျိတ်အနယ် ရှိလှတဲ့ ပွဲဖြစ်သလို လီဗာပူးက ထိုက်တန်တဲ့ ရလဒ်တစ်ခုကို ရယူနိုင်ခဲ့တယ်လို့ မန်နေဂျာကလော့ပ်က မြင်ပါတယ်။

ပွဲအပြီးမှာ ယာဂင်က ” ဒီပွဲကို ဘောက်ဆင်ပွဲတစ်ပွဲအဖြစ် ခိုင်းနှိုင်းပြရမယ် ထင်မိတယ်။ ထိချက်ကောင်းကောင်းအတွက် အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီပွဲမှာ ကိစ္စတွေ အများကြီးကို သဘောကျပါတယ်။ အရင်ပွဲတွေထက် မန်စီးတီးနဲ့ အကျိတ်အနယ် အရှိဆုံးပွဲလို့ ထင်မိတယ်။

ဒုတိယပိုင်းမှာ ကျနော်တို့ ပွဲစတင်မှု ပိုကောင်းခဲ့တယ်။ ခံစစ်ကျော်ဖြတ်ပြေးဖို့ ကိစ္စတွေမှာ စီးတီးက တကယ်ကို ကြိုးစားခဲ့ပါတယ်။ စမတ်ကျတဲ့ ပြေးလွှားမှုတွေကို လုပ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အဲ့လို အခိုက်အတန့်တွေမှာ ကျနော်တို့ကို အသက်ကို ဖြေးဖြေးလေး ရှုဖို့တောင် အားထုတ်ခဲ့ရတယ်။

သိပ်ကောင်းတဲ့ပွဲဖြစ်ပြီး ရလဒ်တစ်ခု ထွက်ခဲ့တယ်။ ဒီရလဒ်နဲ့အတူ ကျနော်တို့ ဆက်သွားရမှာဖြစ်ပြီး ဆက်သွားနိုင်ရပါမယ်။ ကျနော်တို့ ပိုကောင်းကောင်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အခိုက်အတန့် တော်တော်များများမှာလည်း အကောင်းဆုံး လုပ်ခဲ့တာပါပဲ။ ပွဲရဲ့ ပြင်းပြမှုက မယုံနိုင်လောက်အောင်ပါပဲ။ ဒီပွဲက ကြည့်ကောင်းခဲ့တယ်။ ကျနော် သဘောကျပါတယ်။ ” လို့ ဆိုတယ်။

လီဗာပူးအသင်းဟာ ပထမပိုင်းမှာ အမှားတွေ ရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပိုမို ကျစ်လစ်ပြီး အမှားမခံတဲ့ ကစားပုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ အဝတ်လဲခန်းထဲမှာ အသင်းသားတွေကို ဘယ်လို တိုက်တွန်းခဲ့သလဲ ဆိုတာအတွက် ယာဂင်ကလော့ပ်က ရှင်းပြရာမှာ

” ကျနော်တို့ရဲ့ ရည်မှန်းချက်တွေကို ပြောခဲ့တာပေါ့။ ဘာလို့လည်းဆိုတော့ ကျနော်တို့ ပိုလုပ်နိုင်ရင် အခွင့်အရေးတွေ ပိုရမှာပါ။ ဒီပွဲကို နိုင်နိုင်တယ်လို့ ကျနော် စည်းရုံးခဲ့တယ်။ ဒီနေ့ပွဲမှာ မန်စီးတီးက ကျနော်တို့ထက် ပိုပြီး တိုက်ရိုက် ကစားပါတယ်။ ကျနော်တို့ထက် ပိုပြီး တိုက်ရိုက် ကစားဖို့ ရည်ရွယ်ခဲ့ပြီး ပိုင်ဆိုင်မှုတွေမှာ သူတို့ကို ပြေးလွှားခွင့်ကို ကျနော်တို့က ခွင့်ပြုပေးနေခဲ့ရတယ်။

ခံစစ်ပိုင်းမှာ တခါတလေ ကျနော်တို့က အလျင်လိုလွန်းနေတယ်။ သူတို့က ကျနော်တို့ကို ဖိအားအောက် တွန်းပို့ခဲ့ပြီး ဒီအခြေအနေတွေကို ပိုကောင်းကောင်း ကာကွယ်နိုင်ပါတယ်။ ဒုတိယပိုင်းကတော့ သိပ်ကို ပြင်းထန်ပြီး သူတို့ ကျနော်တို့ ခံစစ်ကို ချိုးဖောက်တာတွေ ရှိခဲ့တယ်။

သူတို့ရဲ့ ကောင်တာ တိုက်စစ်ကလည်း မဆိုးပါဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက် လုပ်ပုံတွေ ကောင်းခဲ့ပြီး မှန်ကန်တဲ့ ကစားသမားတွေကို အမြဲ ရွေးချယ်နိုင်ခဲ့တယ်။ ဒီပွဲက အရမ်း အဆင်ပြေခဲ့သလို ထိုက်တန်တဲ့ ရလဒ် ရခဲ့တာပါ။ ကျနော်တို့ ကောင်လေးတွေ သိပ်ကောင်းခဲ့တာကိုလည်း သူတို့ မြင်ကြရပါလိမ့်မယ်။

နှစ်သင်းလုံးက ၇ ပွဲ ဆက်ကစားရပါမယ်။ အခုချိန်မှာ အမှီလိုက်နေမှုကို ရပ်တန့်လို့ မဖြစ်နိုင်ပါဘူး။ ဘင်ဖီကာနဲ့ပွဲကို သေချာအောင် လုပ်ရမယ်။ ဝင်ဘာလေမှာ ကစားရမယ့် သူတို့နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲကိုကောပါပဲ။ အဲ့နောက်မှာတော့ ဘယ်သူက ပိုကောင်းကောင်းနဲ့ ရာသီသိမ်းမလဲ ကြည့်ကြတာပေါ့ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။