မန်စီးတီး Vs လီဗာပူး ပွဲအတွက် ပေါလ်မာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီအပတ် လီဗာပူးနဲ့ မန်စီးတီးပွဲအတွက် ဝါရင့် ကလောင်ရှင် ပေါလ်မာဆန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကို ဖော်ပြမှာဖြစ်ပါတယ်။

မန်စီးတီး Vs လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၃၁)
ဧပြီလ ၁၀ ရက်၊ တနင်္ဂနွေနေ့။
မြန်မာစံတော်ချိန် ည ၁၀ နာရီ။

ပေါလ်မာဆန်ရဲ့ သုံးသပ်ချက်။ ။ မန်စီးတီးရဲ့ ချန်ပီယံလိဂ်ပွဲကို ကျနော် ကြည့်ခဲ့တုန်းက အက်သလက်တီကိုတို့ ဘောလုံးကို အကြိမ် သိပ်များများ မထိခဲ့ရဘူးလို့ ထင်ပါတယ်။ ကျနော် ကြည့်ခဲ့သလောက် အဝေးကွင်း အသင်းက အခွင့်အရေးကြီး ၂ ကြိမ် ရခဲ့ပြီး အဲ့နေရာ လီဗာပူးဆိုရင်တော့ အခွင့်အရေးတွေကို ဂိုးသွင်းယူနိုင်ပါလိမ့်မယ်။

စီးတီးက အရမ်းကို လွှမ်းမိုး ကစားပေမယ့် ခံစစ်မှာ ယိုပေါက်တွေ ရှိနေဆဲဖြစ်ပြီး လီဗာပူးက ဖောက်ထွက်နိုင်ပါတယ်။ နှစ်သင်းလုံးက ဒီပွဲကို အနိုင်ရလိုပါလိမ့်မယ်။ မန်နေဂျာ တစ်ဦးကမှ ဒီပွဲကို သရေရလဒ် ထွက်လိုမှာ မဟုတ်ပါဘူး။ ဂိုးအနည်းငယ် သွင်းကြလိမ့်မယ်လို့ ထင်ပါတယ်။

ပွဲကြို သတင်းတွေအရ ဆာလာ၊ မာနေးနဲ့ ဒီယက်စ်တို့က လီဗာပူးတိုက်စစ်က ပါလာပါလိမ့်မယ်။ ဂျိုတာနဲ့ ဖာမင်နိုအတွက် မကောင်းဘူးဆိုပေမယ့် ဒီယက်စ်က လျှင်လျှင်မြန်မြန် အသားကျလာနေပြီး တောက်ပနေပါတယ်။

မန်စီးတီးမှာတော့ သူတို့ false 9 ကစားနေတာကို ကျနော် မကြိုက်ပါဘူး။ မန်စီးတီးက သိပ်ကောင်းနေပေမယ့် အထောင် တိုက်စစ်သမား မရှိတာက သူတို့အတွက် ပြဿနာ ဖြစ်နေစေတယ်။ အက်သလက်တီကိုပွဲမှာ စတာလင်က တိုက်စစ်မှူးနေရာ ကစားခဲ့ပြီး ဘောလုံး ဆုံးရှုံးမှုတွေ ရှိခဲ့တယ်။ ဒီတော့ ဒီပွဲမှာ မန်စီးတီးက ဘယ်လို တိုက်စစ်အတွဲ ထုတ်သုံးမလဲ မသိနိုင်ပါဘူး။

သေချာတာ တစ်ခုကတော့ မန်စီးတီးမှာ ရွေးချယ်စရာတွေ အများကြီး ရှိနေပြီး သူတို့အသင်းက အပြောင်းအလဲ ၆ ခုလောက် လုပ်ရင်တောင် သတိပြုမိကြမှာ မဟုတ်ဘူး။

ဒီပွဲက ၂-၂ ဖြစ်သွားမယ်လို့ ထင်ပါတယ်။ နှစ်သင်းလုံးက ဒီရာသီ လက်ကျန် ပရီးမီးယားလိဂ်ပွဲကို သူတို့ လက်တလော ကစားပြနေတဲ့အတိုင်း ဆက်သွားလိုပါလိမ့်မယ်။ ဒီပွဲ သရေကျမယ်ဆိုရင် မန်စီးတီးအတွက် ကြီးမားတဲ့ အသာစီး ရသွားပါလိမ့်မယ်။ လက်ကျန် ပွဲတွေမှာ သူတို့က ကိုယ်ကံကြမ္မာ ကိုယ် ဖန်တီးခွင့် ရသွားမှာပါ။ ဒီပွဲကို သရေကျပြီး စီးတီးတို့ အမှတ်ပေးဖလား အနိုင်မရဘူးဆိုရင် ကျနော်တော့ အံ့သြမိမှာပါပဲ။

ပေါလ်မာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၂-၂ လီဗာပူး