မန်စီးတီး Vs လီဗာပူး တို့ရဲ့ တနင်္ဂနွေနေ့ ပွဲစဉ်အတွက် လော်ရိုးရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ အမှတ်ပေးဇယားထိပ်က မန်စီးတီးအသင်းကို ၎င်းတို့ရဲ့ အိမ်ကွင်းထံသွားပြီး ရင်ဆိုင်ကစားမှာ ဖြစ်ပါတယ်။

ဒီအပတ်ပွဲကို လီဗာပူးအသင်း အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး အမှတ်ပေးဖလားအတွက်လည်း အတားအဆီးတစ်ခုကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီပွဲအတွက် ဘီဘီစီမှ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

မန်စီးတီး Vs လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၃၁)
ဧပြီလ ၁၀ ရက်၊ တနင်္ဂနွေနေ့။
မြန်မာစံတော်ချိန် ည ၁၀ နာရီ။

လော်ရိုးရဲ့ သုံးသပ်ချက်။ ။ ဒီပွဲက ပွဲကြီးပွဲကောင်း တစ်ပွဲပါပဲ။ နှစ်သင်းလုံးမှာရှိတဲ့ အရည်အချင်းကောင်းတွေ၊ သူတို့အသင်းရဲ့ ကစားဟန်တွေနဲ့ဆိုရင် ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားတယ်။

အရင်ချိန်တွေတုန်းကတော့ တစ်သင်းက တစ်သင်းထက် ပိုကောင်းခဲ့ချိန်တွေ ရှိခဲ့ပေမယ့် ဒီပွဲမှာတော့ ဘယ်အသင်းက သူတို့ရဲ့ အခွင့်အရေးကို အရယူနိုင်မလဲဆိုတာကပဲ ပွဲကို အဆုံးအဖြတ် ပေးပါလိမ့်မယ်။ ဒီပွဲက အကျိတ်အနယ်ရှိမှာဖြစ်ပြီး သွင်းဂိုးတွေကို မြင်ရဖို့ ရှိပါတယ်။

ဒီပွဲက အမှတ်ပေးဖလား ဘယ်အသင်း အနိုင်ရမလဲ ဆိုတာကို အဆုံးအဖြတ် ပေးနိုင်မယ့် ပွဲတစ်ပွဲတော့ မဟုတ်ပါဘူး။ ဒီပွဲပြီးရင် နောက်ထပ် အမှတ်ပေးပွဲ ၇ ပွဲ ကစားရမှာဖြစ်ပါတယ်။ ဘယ်အသင်းနိုင်နိုင် ဖိအားတွေတော့ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲက သရေကျမယ်လို့ ထင်မိပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၂-၂ လီဗာပူး