ကာရာဘောင်း ဆီမီးဖိုင်နယ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးကို ထပ် အနိုင်ကန်ဖို့ ရက်ဖို့ဒ် ပစ်မှတ်ထား

ယူနိုက္တက္ဟာ ညက ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ ပြဲစဥ္မွာ ကိုခ်က္စတာယူနိုက္တက္ကို ၃ ဂိုး ဂိုးမရွိနဲ႕ အနုိင္ရျပီးေနာက္ ဆီမီးဖိုင္နယ္ အဆင့္သို႔ တက္ေရာက္သြားခဲ့ရာ ဆီမီးမွာ ျမိဳ႕ခံျပိဳင္ဘက္ မန္စီးတီးနဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနပါတယ္။ ပြဲစဥ္ေတြကေတာ့ ဇန္န၀ါရီ ၆ နဲ႕ ၂၇ မွာ ကစားဖို႔ သတ္မွတ္ထားပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္က ကိုခ်က္စတာနဲ႕ ပြဲမွာ သက္ေတာင့္သက္သာ ေျခစြမ္းျပနုိင္ခဲ့ျပီး ဒီရာသီကလပ္အသင္း အတြက္ ၁၄ ဂိုးေျမာက္ ဂိုးလည္း သြင္းယူေပးခဲ့ပါတယ္။ အဂၤလန္သား တိုက္စစ္မွဴးက ဒီလအေစာပိုင္း အီတီဟက္မွာ မန္စီးတီးကို ၂-၁ နဲ႕ နုိင္ခဲ့သလို ေနာက္တစ္ဆင့္မွာလည္း ထပ္မံ အနုိင္ယူရန္ ပစ္မွတ္ထားေနပါတယ္။

ရက္ဖို႔ဒ္က မန္ခ်က္စတာ ဒါဘီပြဲေတြမွာ မွတ္တမ္းေကာင္း ရွိသူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အသက္ ၂၂ နွစ္ အရြယ္ တိုက္စစ္မွဴးက မန္စီးတီး နဲ႕ ပြဲ အတြက္ တက္ၾကြေနျပီး တြစ္တာကေန တဆင့္ စိတ္ဓာတ္ခြန္အားေပးမယ့္ စကား ဆိုခဲ့တာပါ။

” ဒီညေတာ့ ျပီးေအာင္ လုပ္ရမယ့္ အလုပ္ကို လုပ္ျပီး ဆီမီး ေရာက္ခဲ့ျပီ။ ေနာက္ထပ္ ဒါဘီပြဲ အေကာင္းဆံုး အစြမ္းျပဖို႔ ေစာင့္ေနတယ္။ ကစားဖို႔ အေကာင္းဆံုး နုိင္ဖို႔ အေကာင္းဆံုး ပြဲပါ။ ” လို႔ ရက္ဖို႔ဒ္က ေရးသားထားခဲ့ပါတယ္။

ယူနိုက္တက္ ေနာက္ဆံုး ရထားတဲ့ ကာရာေဘာင္းဖလားကေတာ့ ၂၀၁၆-၁၇ မွာ ျဖစ္ျပီး ဗိုလ္လုပြဲမွာ ေဆာက္သမ္တန္ကို အနုိင္ရခဲ့တာပါ။ မန္စီးတီးက ျပီးခဲ့တဲ့ ေလးနွစ္ အတြင္း ကာရာေဘာင္း ၃ ၾကိမ္ ဗိုလ္စြဲထားပါတယ္။ ပက္ ဂြာဒီယိုလာရဲ႕ မန္စီးတီးက ဒီရာသီ ကြာတား အဆင့္မွာ ေအာက္စ္ဖို႔ဒ္ ယူနိုက္တက္နဲ႕ ရင္ဆုိင္ခဲ့တာ ျဖစ္ျပီး ၃-၁ နဲ႕ နိုင္ကာ ဆီမီးအဆင့္ တက္ေရာက္လာခဲ့တာပါ။

Unicode – ယူနိုက်တက်ဟာ ညက ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ကိုချက်စတာယူနိုက်တက်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားခဲ့ရာ ဆီမီးမှာ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။ ပွဲစဉ်တွေကတော့ ဇန်နဝါရီ ၆ နဲ့ ၂၇ မှာ ကစားဖို့ သတ်မှတ်ထားပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်က ကိုချက်စတာနဲ့ ပွဲမှာ သက်တောင့်သက်သာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဒီရာသီကလပ်အသင်း အတွက် ၁၄ ဂိုးမြောက် ဂိုးလည်း သွင်းယူပေးခဲ့ပါတယ်။ အင်္ဂလန်သား တိုက်စစ်မှူးက ဒီလအစောပိုင်း အီတီဟက်မှာ မန်စီးတီးကို ၂-၁ နဲ့ နိုင်ခဲ့သလို နောက်တစ်ဆင့်မှာလည်း ထပ်မံ အနိုင်ယူရန် ပစ်မှတ်ထားနေပါတယ်။

ရက်ဖို့ဒ်က မန်ချက်စတာ ဒါဘီပွဲတွေမှာ မှတ်တမ်းကောင်း ရှိသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူးက မန်စီးတီး နဲ့ ပွဲ အတွက် တက်ကြွနေပြီး တွစ်တာကနေ တဆင့် စိတ်ဓာတ်ခွန်အားပေးမယ့် စကား ဆိုခဲ့တာပါ။

” ဒီညတော့ ပြီးအောင် လုပ်ရမယ့် အလုပ်ကို လုပ်ပြီး ဆီမီး ရောက်ခဲ့ပြီ။ နောက်ထပ် ဒါဘီပွဲ အကောင်းဆုံး အစွမ်းပြဖို့ စောင့်နေတယ်။ ကစားဖို့ အကောင်းဆုံး နိုင်ဖို့ အကောင်းဆုံး ပွဲပါ။ ” လို့ ရက်ဖို့ဒ်က ရေးသားထားခဲ့ပါတယ်။

ယူနိုက်တက် နောက်ဆုံး ရထားတဲ့ ကာရာဘောင်းဖလားကတော့ ၂၀၁၆-၁၇ မှာ ဖြစ်ပြီး ဗိုလ်လုပွဲမှာ ဆောက်သမ်တန်ကို အနိုင်ရခဲ့တာပါ။ မန်စီးတီးက ပြီးခဲ့တဲ့ လေးနှစ် အတွင်း ကာရာဘောင်း ၃ ကြိမ် ဗိုလ်စွဲထားပါတယ်။ ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးက ဒီရာသီ ကွာတား အဆင့်မှာ အောက်စ်ဖို့ဒ် ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့တာ ဖြစ်ပြီး ၃-၁ နဲ့ နိုင်ကာ ဆီမီးအဆင့် တက်ရောက်လာခဲ့တာပါ။