စနေနေ့ လီဗာပူး Vs ဝတ်ဖိုဒ့် ပွဲစဉ်အတွက် မိုက်ကယ်အိုဝင်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲတွေ တစ်ကျော့ပြန်စပြီဖြစ်ကာ လီဗာပူးအသင်းဟာ အိမ်ကွင်း အန်ဖီးမှာ မန်နေဂျာဟောင်း ရွိုင်ဟော့ဆန် ကိုင်တွယ်နေတဲ့ တန်းဆင်းဇုန်ကလပ် ဝတ်ဖိုဒ့်နဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

ဒီအပတ် လီဗာပူးပွဲအတွက် မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လီဗာပူး Vs ဝတ်ဖိုဒ့်
ပရီးမီးယားလိဂ် ပွဲစဉ် (၃၁)
ဧပြီလ ၂ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၆ နာရီ။

အိုဝင်ရဲ့ သုံးသပ်ချက်။ ။ နိုင်ငံတကာသီတင်းပတ်အပြီး ပရီးမီးယားလိဂ်ပွဲတွေ ပြန်လာတော့မှာကို အောင်ပွဲခံဖို့ရာ ဒီပွဲနဲ့ စတင်ရမှာအတွက် သိပ်ကိုကောင်းပါတယ်။ ဒီပွဲမှာတော့ သွင်းဂိုးတွေကိုလည်း မြင်ရသင့်ပါတယ်။

နိုင်ငံတကာသီတင်ပတ်း မတိုင်ခင်မှာ လီဗာပူးရဲ့ ခြေစွမ်းတွေက သိပ်ကောင်းခဲ့သလို ဘောလုံးရာသီ အဆုံးသတ်ပိုင်း လ နှစ်လလောက်အတွက် လူစာရင်းတစ်ခုလုံး အဆင်သင့် ဖြစ်နေသင့်ပါတယ်။ လီဗာပူးက တိုက်စစ်ပိုင်း သိပ်ကောင်းသလို ခံစစ်ကလည်း အရမ်း ကျစ်လစ်နေပါတယ်။ ဖေဖော်ဝါရီလနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ခံစစ်ပေးဂိုး ၁ ဂိုးပဲ ရှိပါတယ်။

ဝတ်ဖိုဒ့်က ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ အခွင့်အရေး အနည်းငယ် ရှိထားပါတယ်။ သူတို့တွေ ဆောက်သမ်တန်ပွဲကို အဝေးကွင်းမှာ အနိုင်ရခဲ့တယ်။ လီဗာပူးနဲ့ပွဲပြီးရင် သူတို့တွေ အရေးကြီးတဲ့ ပွဲစဉ် ၂ ပွဲလောက် ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။

ဒီပွဲမှာတော့ လီဗာပူးအသင်းပဲ အနိုင်ရသွားမယ်လို့ မြင်ပါတယ်။

မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၀ ဝတ်ဖိုဒ့်