အာဆင်နယ် မန်နေဂျာရာထူးကို အာတီတာ ရယူမယ့်အပေါ် တုန့်ပြန်သွားတဲ့ အာဆင်ဝင်းဂါး

အာဆင္နယ္ရဲ႕ ဂႏၱဝင္မန္ေနဂ်ာၾကီးျဖစ္သူ အာဆင္ဝင္းဂါးကေတာ့ ယာယီမန္ေနဂ်ာ ယြန္းဘတ္ကို ေထာက္ခံေပးခဲ့တဲ့အတိုင္း အျမဲတမ္းမန္ေနဂ်ာအျဖစ္ အာတီတာ တာဝန္ယူခဲ့ရင္လည္း ေထာက္ခံေပးမွာပါလို႔ ေျပာဆိုလိုက္ပါတယ္။

အာဆင္ဝင္းဂါးကေတာ့ အသင္းဟာ ခက္ခဲတဲ့ အေျခအေနတစ္ခုကို ေရာက္ေနတာျဖစ္ျပီး ျပန္လည္တည္ေဆာက္မႈေတြ ျပဳလုပ္ေနတဲ့ အသင္းနဲ႔ ပက္သက္လို႔ ထင္ျမင္ခ်က္ေတြ မေပးလိုဘူးလို႔ ဆိုပါတယ္။ အာဆင္နယ္ဟာ အာဆင္ဝင္းဂါး ေခတ္လြန္အျဖစ္ စပိန္မန္ေနဂ်ာအမ္မရီကို ခန္႔အပ္ေပမယ့္လည္း အေျခအေနေတြက ဆိုးရြားလာတာေၾကာင့္ ရာထူးကေန ထုတ္ပယ္ခဲ့ရတာျဖစ္တယ္။

အာဆင္နယ္ဟာ အျမဲတမ္းမန္ေနဂ်ာသစ္ကို ရွာေဖြေနရာမွာ စပိန္နဲ႔ အီတလီလိဂ္ေတြမွာ က်င္လယ္ေနတဲ့ မန္ေနဂ်ာေတြကို ခ်ိတ္ဆက္ခဲ့ေသးေပပမယ့္ ေနာက္ဆံုးမွာ မန္စီးတီးကေန အာတီတာကို ေခၚထုတ္ဖို႔ပဲ အာရံုစိုက္လာခဲ့တာျဖစ္တယ္။ ဒီကိစၥဟာ အျပီးသတ္ႏုိင္ဖို႔ နီးစပ္လာျပီျဖစ္ျပီး ပရိသတ္ေတြကေတာ့ အေျခအေနကို ေစာင့္ၾကည့္ေနဆဲပါ။

ဖီဖာအၾကီးအကဲအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ အာဆင္နယ္မန္ေနဂ်ာေဟာင္းၾကီး အာဆင္ဝင္းဂါးက ” က်ေနာ္က အာဆင္နယ္ကို အျမဲတမ္း အားေပးေနတဲ့ ပရိသတ္တစ္ဦးပါဆိုတာကို အရင္တစ္ေခါက္တုန္းကလည္း ေျဖဆိုခဲ့ပါေသးတယ္။ အသင္းကို ယာယီမန္ေနဂ်ာအျဖစ္ ကိုင္တြယ္ေနတဲ့့ ယြန္းဘတ္ကိုလည္း က်ေနာ္ ေထာက္ခံခဲ့ေသးတာပါ ” လို႔ ဆိုတယ္။

ဝင္းဂါးၾကီးကပပဲ ” အာဆင္နယ္ကို အျမဲတမ္းမန္ေနဂ်ာအျဖစ္ အာတီတာ တာဝန္ယူသြားရင္လည္း သူ႔ကို အားေပးေထာက္ခံမွာပါ။ ကလပ္အသင္းဟာ ခက္ခဲတဲ့ အခ်ိန္ကာလကို ေက်ာ္ျဖတ္ေနရတာျဖစ္ျပီး ဒီအေျခအေနမွာ အသင္းအေပၚ မွတ္ခ်က္ေတြ မေပးတာက ပိုေကာင္းမယ္လို႔ က်ေနာ္ကေတာ့ ထင္တယ္။ အသင္းနဲ႔ ပက္သက္ျပီး က်ေနာ္လည္း ပရိသတ္ေတြလို ထပ္တူ ခံစားမိေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

အာဆင်နယ်ရဲ့ ဂန္တဝင်မန်နေဂျာကြီးဖြစ်သူ အာဆင်ဝင်းဂါးကတော့ ယာယီမန်နေဂျာ ယွန်းဘတ်ကို ထောက်ခံပေးခဲ့တဲ့အတိုင်း အမြဲတမ်းမန်နေဂျာအဖြစ် အာတီတာ တာဝန်ယူခဲ့ရင်လည်း ထောက်ခံပေးမှာပါလို့ ပြောဆိုလိုက်ပါတယ်။

အာဆင်ဝင်းဂါးကတော့ အသင်းဟာ ခက်ခဲတဲ့ အခြေအနေတစ်ခုကို ရောက်နေတာဖြစ်ပြီး ပြန်လည်တည်ဆောက်မှုတွေ ပြုလုပ်နေတဲ့ အသင်းနဲ့ ပက်သက်လို့ ထင်မြင်ချက်တွေ မပေးလိုဘူးလို့ ဆိုပါတယ်။ အာဆင်နယ်ဟာ အာဆင်ဝင်းဂါး ခေတ်လွန်အဖြစ် စပိန်မန်နေဂျာအမ်မရီကို ခန့်အပ်ပေမယ့်လည်း အခြေအနေတွေက ဆိုးရွားလာတာကြောင့် ရာထူးကနေ ထုတ်ပယ်ခဲ့ရတာဖြစ်တယ်။

အာဆင်နယ်ဟာ အမြဲတမ်းမန်နေဂျာသစ်ကို ရှာဖွေနေရာမှာ စပိန်နဲ့ အီတလီလိဂ်တွေမှာ ကျင်လယ်နေတဲ့ မန်နေဂျာတွေကို ချိတ်ဆက်ခဲ့သေးပေပမယ့် နောက်ဆုံးမှာ မန်စီးတီးကနေ အာတီတာကို ခေါ်ထုတ်ဖို့ပဲ အာရုံစိုက်လာခဲ့တာဖြစ်တယ်။ ဒီကိစ္စဟာ အပြီးသတ်နိုင်ဖို့ နီးစပ်လာပြီဖြစ်ပြီး ပရိသတ်တွေကတော့ အခြေအနေကို စောင့်ကြည့်နေဆဲပါ။

ဖီဖာအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အာဆင်နယ်မန်နေဂျာဟောင်းကြီး အာဆင်ဝင်းဂါးက ” ကျနော်က အာဆင်နယ်ကို အမြဲတမ်း အားပေးနေတဲ့ ပရိသတ်တစ်ဦးပါဆိုတာကို အရင်တစ်ခေါက်တုန်းကလည်း ဖြေဆိုခဲ့ပါသေးတယ်။ အသင်းကို ယာယီမန်နေဂျာအဖြစ် ကိုင်တွယ်နေတဲ့ ယွန်းဘတ်ကိုလည်း ကျနော် ထောက်ခံခဲ့သေးတာပါ ” လို့ ဆိုတယ်။

ဝင်းဂါးကြီးကပပဲ ” အာဆင်နယ်ကို အမြဲတမ်းမန်နေဂျာအဖြစ် အာတီတာ တာဝန်ယူသွားရင်လည်း သူ့ကို အားပေးထောက်ခံမှာပါ။ ကလပ်အသင်းဟာ ခက်ခဲတဲ့ အချိန်ကာလကို ကျော်ဖြတ်နေရတာဖြစ်ပြီး ဒီအခြေအနေမှာ အသင်းအပေါ် မှတ်ချက်တွေ မပေးတာက ပိုကောင်းမယ်လို့ ကျနော်ကတော့ ထင်တယ်။ အသင်းနဲ့ ပက်သက်ပြီး ကျနော်လည်း ပရိသတ်တွေလို ထပ်တူ ခံစားမိနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။