ယူႏုိက္တက္ဟာ ဒီကေန႔ညမွာ ကာရာေဘာင္းကြာတားဖိုင္နယ္အျဖစ္ ကိုခ်က္စတာ ယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။
ကလပ္အသင္းမန္ေနဂ်ာ ဆိုးရွားက ျပန္လည္တည္ေဆာက္မႈေတြ လုပ္ေနတဲ့ ယူႏုိက္တက္ဟာ ဆုဖလားေအာင္ျမင္မႈ အရသာကို ခံစားမိဖို႔လိုျပီး ကာရာေဘာင္းကို အႏုိင္ရမယ္ဆိုရင္ ငယ္ရြယ္ႏုနယ္တဲ့ ကလပ္အသင္းအတြက္ အက်ိဳးမ်ားလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဆိုးရွားက ” က်ေန္ာတို႔ ယူႏုိက္တက္ဟာ ျပန္လည္တည္ေဆာက္မႈေတြ လုပ္ေနတဲ့ အသင္းတစ္သင္းပါ။ ဘယ္လိုကစားသမားမဆို၊ ဘယ္လိုအသင္းအတြက္မဆို ဆုဖလားတစ္ခုခုမွာ ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္တာ၊ အႏုိင္ရတာေတြက အရမ္းကို အက်ိဳးမ်ားပါတယ္။
ဆုဖလား အႏုိင္ရဖို႔က အေရးၾကီးဆံုးပါပဲ။ က်ေန္ာတုိ႔က ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏုိင္ဖို႔ လမ္းေၾကာင္းမွာ ရွိေနျပီး အသင္းအတြက္ အေရးၾကီးတဲ့ ပြဲတစ္ပြဲပဲျဖစ္ပါတယ္။ ကစားသမားအေနနဲ႔ ဆုဖလားကို ပထမဆံုးအၾကိမ္ အႏုိင္ရျခင္းဆိုတာက တကယ္ကို ေကာင္းမြန္ပါတယ္။ ဘယ္ဖလားဆိုတာက အေရးမၾကီးပါဘူး။ အီဗရာနဲ႔ ဗီဒစ္တုိ႔ ယူႏုိက္တက္နဲ႔ ပထမဆံုး ဆုဖလားအႏုိင္ရတာကိုေတာင္ မွတ္မိေနပါတယ္။
တစ္ၾကိမ္ပိုင္ဆိုင္ခဲ့ျပီဆိုရင္ ေနာက္ထပ္လည္း ေအာင္ျမင္မႈကို ပိုင္ဆိုင္လိုတဲ့ ခံစားခ်က္ကို ရေစပါတယ္။ လက္ရွိ အသင္းမွာ ဒီခံစားခ်က္အေၾကာင္း သိသူ နည္းနည္းပဲရွိတယ္။ အခ်ိဳ႕ေတြက ဆုဖလားေအာင္ျမင္မႈဆုိတဲ့ ခံစားခ်က္ကို မသိၾကပါဘူး။ ဒါေၾကာင့္ ကာရာေဘာင္းဖလားကို အႏုိင္ရမယ္ဆိုရင္ အသင္းအတြက္ အေရးပါပါလိမ့္မယ္။
ဒီအေျခအေနမွာ က်ေန္ာတို႔ရဲ႕ ရည္မွန္းခ်က္က ဆီမီးဖိုင္နယ္ကို ေရာက္ဖို႔ပါပဲ။ ဒါဆိုရင္ ဆုဖလားနဲ႔ အရမ္းလည္း အလွမ္းမေဝးေတာ့ဘူး။ ဒီေန႔ပြဲအတြက္ စိတ္တက္ၾကြမႈ အျပည့္ရွိေနပါတယ္။ က်ေန္ာတုိ႔ ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
UNICODE
ယူနိုက်တက်ဟာ ဒီကနေ့ညမှာ ကာရာဘောင်းကွာတားဖိုင်နယ်အဖြစ် ကိုချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ကလပ်အသင်းမန်နေဂျာ ဆိုးရှားက ပြန်လည်တည်ဆောက်မှုတွေ လုပ်နေတဲ့ ယူနိုက်တက်ဟာ ဆုဖလားအောင်မြင်မှု အရသာကို ခံစားမိဖို့လိုပြီး ကာရာဘောင်းကို အနိုင်ရမယ်ဆိုရင် ငယ်ရွယ်နုနယ်တဲ့ ကလပ်အသင်းအတွက် အကျိုးများလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆိုးရှားက ” ကျနေ်ာတို့ ယူနိုက်တက်ဟာ ပြန်လည်တည်ဆောက်မှုတွေ လုပ်နေတဲ့ အသင်းတစ်သင်းပါ။ ဘယ်လိုကစားသမားမဆို၊ ဘယ်လိုအသင်းအတွက်မဆို ဆုဖလားတစ်ခုခုမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်တာ၊ အနိုင်ရတာတွေက အရမ်းကို အကျိုးများပါတယ်။
ဆုဖလား အနိုင်ရဖို့က အရေးကြီးဆုံးပါပဲ။ ကျနေ်ာတို့က ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ လမ်းကြောင်းမှာ ရှိနေပြီး အသင်းအတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ ကစားသမားအနေနဲ့ ဆုဖလားကို ပထမဆုံးအကြိမ် အနိုင်ရခြင်းဆိုတာက တကယ်ကို ကောင်းမွန်ပါတယ်။ ဘယ်ဖလားဆိုတာက အရေးမကြီးပါဘူး။ အီဗရာနဲ့ ဗီဒစ်တို့ ယူနိုက်တက်နဲ့ ပထမဆုံး ဆုဖလားအနိုင်ရတာကိုတောင် မှတ်မိနေပါတယ်။
တစ်ကြိမ်ပိုင်ဆိုင်ခဲ့ပြီဆိုရင် နောက်ထပ်လည်း အောင်မြင်မှုကို ပိုင်ဆိုင်လိုတဲ့ ခံစားချက်ကို ရစေပါတယ်။ လက်ရှိ အသင်းမှာ ဒီခံစားချက်အကြောင်း သိသူ နည်းနည်းပဲရှိတယ်။ အချို့တွေက ဆုဖလားအောင်မြင်မှုဆိုတဲ့ ခံစားချက်ကို မသိကြပါဘူး။ ဒါကြောင့် ကာရာဘောင်းဖလားကို အနိုင်ရမယ်ဆိုရင် အသင်းအတွက် အရေးပါပါလိမ့်မယ်။
ဒီအခြေအနေမှာ ကျနေ်ာတို့ရဲ့ ရည်မှန်းချက်က ဆီမီးဖိုင်နယ်ကို ရောက်ဖို့ပါပဲ။ ဒါဆိုရင် ဆုဖလားနဲ့ အရမ်းလည်း အလှမ်းမဝေးတော့ဘူး။ ဒီနေ့ပွဲအတွက် စိတ်တက်ကြွမှု အပြည့်ရှိနေပါတယ်။ ကျနေ်ာတို့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။