ဂိုးမက်စ်၊ ဖာမင်နို၊ မီနာမီနိုတို့ ပါဝင်မယ့် ဖောရက်စ်နဲ့ အက်ဖ်အေပွဲ ပွဲထွက်လူစာရင်း ခန့်မှန်း

လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ည ၁၂း၃၀ မှာတော့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီပွဲဟာ မတ်လ နိုင်ငံတကာသီတင်းပတ် မတိုင်ခင် နောက်ဆုံးပွဲဖြစ်ပေမယ့်လည်း ပွဲတွေ ဆက်တိုက်ကစားပေးခဲ့ပြီဖြစ်လို့ အဓိက ကစားသမားအချို့ကို အနားပေးသွားမယ်လို့ ယူဆရပါတယ်။

Team news

  • ထရန့် တံကောက်ကြော ဒဏ်ရာကြောင့် သီတင်းပတ် အနည်းငယ် နားရပါမယ်။
  • အာဆင်နယ်ပွဲအပြီး ဆာလာ ခြေထောက် ဒဏ်ရာပြန်ရှိနေပါတယ်။
  • မီလ်နာနဲ့ ကိုစတက် ပါနိုင်ဖို့ မသေချာပါဘူး။
  • အယ်လီဆန် ပွဲထွက်မှာပါ။

Liverpool’s XI vs. Forest

ဖလားပွဲတွေမှာ ကလယ်ဟာကို ဦးစားပေးနေခဲ့ပေမယ့် ဒီပွဲအတွက် ဦးစားပေး ဂိုးသမားက အယ်လီဆန်ဖြစ်မယ်ဆိုတာကို ကလော့ပ်က အတည်ပြုထားပါတယ်။

မန်နေဂျာက ဒီပွဲမှာတော့ ထရန့်ကို မသုံးနိုင်ပေမယ့်လို့ တောင့်တင်းတဲ့ ခံစစ်တန်းကိုပဲ ပွဲထုတ်မယ်လို့ မျှော်လင့်ထားပါတယ်။ ဘယ်ခြမ်းမှာ ရိုဘို ပါလာဦးမှာဖြစ်ပြီး ညာခြမ်းမှာတော့ ဂိုးမက်စ်ကို ထုတ်သုံးမှာပါ။ ဗဟိုခံစစ်အတွဲကိုတော့ ဗန်ဒိုက်နဲ့ ကိုနတေးကို ပွဲထုတ်မယ်လို့ ယူဆရပါတယ်။

ကွင်းလယ်မှာ ဟန်ဒါဆန်ကို ထည့်သွင်းဦးမှာဖြစ်ကာ ဂျုံး၊ ကိတ်တာ၊ အယ်လီးယော့နဲ့ ချိန်ဘာလိန်တို့ထဲက နှစ်ဦးနဲ့ တွဲဘက်ပေးမှာပါ။ လူငယ်နှစ်ဦးထဲက တစ်ဦးပဲ ပါနိုင်မှာဖြစ်ကာ ကိတ်တာနဲ့ ချိန်ဘာလိန် နှစ်ဦးထဲကလည်း တစ်ဦးပဲ ပါနိုင်ပါလိမ့်မယ်။ ဒီရာသီမှာ တွဲကစားထားဖူးသလို လက်တလော ကြံ့ခိုင်မှုအရလည်း ဟန်ဒါဆန်၊ ဂျုံး၊ ကိတ်တာ အတွဲကို ထုတ်သုံးဖွယ်တော့ ရှိနေပါတယ်။

တိုက်စစ်မှာတော့ ဆာလာ အသေးစားဒဏ်ရာရနေတာကလွဲရင် ရွေးချယ်စရာတွေ များပြားနေပါတယ်။ ဖလားပွဲတွေမှာ ခြေစွမ်းပြတဲ့ မီနာမီနိုကို ဒီပွဲမှာ နေရာပေးမှာဖြစ်သလို ဒဏ်ရာက သက်သာနေတဲ့ ဖာမင်နိုကို ဒီယက်စ်နဲ့ တွဲဘက်ပေးဖို့ ဖြစ်ပါတယ်။

နောက်ထပ် လူစာရင်းကတော့ လူငယ်တွေနဲ့ အရန်တွေကို ပိုသုံးဖို့ဖြစ်ပါတယ်။ ဂိုးသမားနေရာ အယ်လီဆန်၊ ခံစစ်မှူးတွေအဖြစ် ကိုနတေးနဲ့ ဂိုးမက်စ်ကို တွဲဘက်ပေးကာ ဘယ်ခြမ်းနဲ့ ညာခြမ်းမှာတော့ ကိုစတက်နဲ့ ဘရတ်ဒလေတို့ကို သုံးဖို့ဖြစ်ပါတယ်။

ကွင်းလယ်မှာ ဟန်ဒါဆန်၊ အယ်လီးယော့၊ ချိန်ဘာလိန်တို့ဖြစ်ပြီး တိုက်စစ်ကတော့ ဒီယက်စ်၊ ဖာမင်နို၊ မီနာမီနိုတို့ဖြစ်ပါတယ်။