၁၁ ရက်အတွင်း ၄ ကြိမ်ထိ ထိပ်တိုက်တွေ့နိုင်ချေ ရှိနေတဲ့ လီဗာပူးနဲ့ မန်စီးတီး

ဒီရာသီ ဆုဖလားတိုင်းမှာ လမ်းကြောင်းမှန်ပေါ်က ရှိနေဆဲဖြစ်တဲ့ လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ထူးထူးခြားခြား ဖြစ်ရပ်တွေ ပေါ်ပေါက်လာမယ်ဆိုရင် ၁၁ ရက်အတွင်း ၄ ကြိမ်ထိ ထိပ်တိုက်တွေ့နိုင်ပါတယ်။

ကလပ်နှစ်သင်းဟာ လာမယ့် ဧပရယ်လ ၁၀ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အီသီဟက်မှာ ထိပ်တိုက်တွေ့မှာက သေချာတဲ့ ရက်စွဲဖြစ်နေခဲ့ပြီးပါပြီ။ ဒီကနေ့ည မြန်မာစံတော်ချိန် ၅း၃၀ နာရီမှာတော့ ချန်ပီယံလိဂ် မဲခွဲမှု ပြုလုပ်မှာဖြစ်ကာ ပထမအကျော့ကို ဧပရယ်လ ၅-၆ ရက်နဲ့ ဒုတိယအကျော့ကို ဧပရယ်လ ၁၂-၁၃ ရက်တွေမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ နိုင်ငံတူအသင်းတွေ ထိပ်တိုက်တွေ့ခွင့် ရှိနေတာဖြစ်လို့ ဒီအဆင့်မှာ လီဗာပူးနဲ့ မန်စီးတီးလည်း အတွဲကျသွားနိုင်ပါတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ် ဘောလုံးရာသီတုန်းက လီဗာပူးဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး နှစ်ကျော့ပေါင်း ၅-၁ နဲ့ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ကာ အဆိုပါရာသီမှာ ဗိုလ်လုပွဲထိ ရောက်ခဲ့သေးတာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကပဲ ကလပ်နှစ်သင်း ထိပ်တိုက်တွေ့နိုင်တာ မဟုတ်ပါဘူး။ နှစ်သင်းလုံးဟာ အက်ဖ်အေဖလားမှာ ကွာတားအဆင့်တွေကို တက်ရောက်နေပြီး ဒီအပတ်မှာတော့ လီဗာပူးက နော်တင်ဟမ်ဖောရက်စ်၊ မန်စီးတီးက ဆောက်သမ်တန်တို့နဲ့ ထိပ်တိုက်တွေ့နေကာ ဒီအဆင့်ကို ကျော်လွန်ကြမယ်ဆိုရင် ဧပရယ်လ ၁၆ ရက်နေ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့နိုင်ချေ ရှိနေပါသေးတယ်။

ဒါကြောင့် ဖြစ်နိုင်ချေ နည်းပါးတယ်ဆိုပေမယ့် နှစ်သင်းဟာ ၁၁ ရက်အတွင်းမှာ ပြိုင်ပွဲစုံ ၃ ရက်ကနေ အမြင့်ဆုံး အနေနဲ့ ၄ ကြိမ် ထိပ်တိုက်တွေ့နိုင်နေတာ ဖြစ်ပါတယ်။

  • April 5/6 – Champions League quarter-final, first leg
  • April 10 – Premier League (confirmed)
  • April 12/13 – Champions League quarter-final, second leg
  • April 16 – FA Cup semifinal