ဘောလုံးပွဲတွေ အနိုင်ယူမယ်ဆိုတာကို လေလိုင်းပေါ်က အနိုင်ယူနေလို့ မရဘူးဆိုတဲ့ ယာဂင်

မန်စီးတီးက ပဲလေစ့်ကို သရေကျခဲ့တာကြောင့် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ လီဗာပူးအတွက် လမ်းကြောင့် ပွင့်လာခဲ့ပေမယ့် ကိုယ်ကစားရမယ့် ပွဲတွေကို နိုင်နေဖို့ လိုပါတယ်လို့ ကလော့ပ်က ပြောပါတယ်။

နိုင်ပွဲတွေရဖို့ လိုအပ်တယ်ဆိုတာကို လူတိုင်း သိပေမယ့် ဒါကို ပွဲကြိုမှာ ပြောနေတာထက် ကွင်းထဲမှာ လုပ်ပြနိုင်ရမယ်လို့ ကလော့ပ်က ယုံကြည်တယ်။ သူကပဲ အာဆင်နယ် ပွဲမတိုင်ခင် ပြိုင်ဘက် မန်စီးတီးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ပြန်လည် ဖြေပေးခဲ့ပါတယ်။

တနင်္လာနေ့ည ခရစ္စတယ်ပဲလေ့စ်နဲ့ မန်စီးတီးရဲ့ သရေပွဲနဲ့ ပတ်သက်ပြီး…

” ကျွန်တော် စိစစ်သုံးသပ်ဖို့ဆိုင်ရာ အကြောင်းရင်းကြောင့် အဲ့ပွဲကို ၆၅ မိနစ် အတိအကျ ကြည့်ခဲ့ပါတယ်။ ကျွန်တော်က ပွဲတွေကို တိုက်ရိုက် သိပ်ကြည့်လေ့ မရှိဘူး။ ဒါကြောင့် သူတို့တွေ တကယ် ပွဲကို ပွဲပြီးမှ ပြန်ကြည့်ခဲ့တယ်။

ခရစ္စတယ်ပဲလေ့စ်ကို တကယ်ကို ကောင်းကောင်းလုပ်ခဲ့ပေမယ့် စီးတီးကလည်း ကောင်းကောင်းလုပ်ခဲ့တာပါ။ သူတို့တွေ အခြေအနေတွေကို အဆုံးသတ်ဖို့ပဲ မလုပ်နိုင်ခဲ့တာပါ။ နောက်ဆုံးမိနစ် ၃၀ နောက်ပိုင်းတော့ ကျွန်တော် မကြည့်ခဲ့ဘူး။ ကျွန်တော် အချက်တချို့ ရခဲ့ပြီး ပွဲပြီးရလဒ်ကို မြင်လိုက်ရတော့ အံ့ဩခဲ့ရပါတယ် ” ကလော့ပ်က ဆိုခဲ့တယ်။

ဖလားပြိုင်ပွဲမှာ မန်စီးတီးကို ဆက်တိုက် ဖိအားပေးဖို့နဲ့ ပတ်သက်လို့…

ယာဂင်က ” ဒါက ပလန်ပါပဲ။ ကျွန်တော်တို့ တတ်နိုင်သလောက် စိတ်အနှောင့်အယှက် ပေးနေမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပွဲတွေကိုလည်း အနိုင်ယူဖို့ လိုတယ်။ ဒါပေမယ့် ဒါတွေကို မီဒီယာတွေ့ဆုံမှုမှာ ကျွန်တော်ပြောနေလို့ ဘာမှတော့ မထူးပါဘူး။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့လည်း ဒါကို သိပြီးသားပါပဲ။ အနိုင်ယူဖို့က သိပ်လွယ်နေသလိုတော့ ကျနော် မပြောနိုင်ပါဘူး။

ဟုတ်ပါတယ်၊ ကျွန်တော်တို့က သိပ်ကို ရည်မှန်းချက်ကြီးမားပြီး ကြီးကျယ်တဲ့အရာတွေ လုပ်ဖို့ စိတ်ဓာတ် ခိုင်ခိုင်မာမာ ချပြီးသားပါ။ ဒါပေမယ့် သူတို့ ဘယ်လောက် တော်တယ်ဆိုတဲ့အပေါ် ကျွန်တော်တို့ အများကြီး လေးစားမှုရှိပါတယ်။ ဒီလမ်းမှာ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် တခြားအသင်းတွေက ဘယ်လောက် ကောင်းတယ်ဆိုတာကို ပိုပြီးတော့တောင် လေးစားမှု ရှိပါတယ်။

ကျွန်တော်တို့ကစားရမယ့် ၁၀ ပွဲလုံးအကြောင်းကို အခု ခေါင်းထဲမှာ မရှိပါဘူး။ အဲ့ပွဲတွေက တကယ်ကို ခက်ခဲတဲ့ ပွဲတွေပါ။ ပရီးမီးယားလိဂ်ပွဲတိုင်းက ခက်ခဲတယ်။ ဒါပေမယ့် ပွဲအနည်းငယ်ကတော့ ထူးထူးခြားခြားကို ခက်ခဲပါတယ်။

အဲ့လို ခက်ခဲတဲ့ အသင်းတွေထဲက တစ်သင်းနဲ့ မနက်ဖြန်ည ကစားရမှာပါ။ ကျွန်တော်က ဒီမှာထိုင်ပြီး ‘ငါတို့ ၁၀ ပွဲလုံး အနိုင်ရမယ်’ လို့ ပြောတာက သိပ်ပြီး ဖြစ်နိုင်ဖွယ် မရှိပါဘူး။ ဒါပေမယ့် ဖြစ်နိုင်သလောက်အထိ ကျွန်တော်တို့ ကြိုးစားသွားမယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။