ဆာလာ သက်တမ်းတိုးစာချုပ်ကိစ္စ အေးဂျင့်ရဲ့ သရော်မှုကို ထပ်မံ ဖြေရှင်းပေးခဲ့တဲ့ ယာဂင်

ပြီးခဲ့တဲ့ အပတ်က ၂၀၂၃ ခုနှစ်မှာ စာချုပ်ကုန်မယ့် ဆာလာရဲ့ အနေအထားအတွက် သူ့ရဲ့ ပြောဆိုမှုကို ဆာလာရဲ့ အေးဂျင့်က လှောင်ပြောင်ခဲ့တဲ့ ကိစ္စကို ကလော့ပ်က ပြန်ပြီး အဖြေပေးခဲ့ပါတယ်။

အဲ့တုန်းကတော့ ဆာလာရဲ့ စာချုပ်ကိစ္စအပေါ် ကလော့ပ်က “ကလပ်က ကလပ်အသင်း လုပ်နိုင်တာကို လုပ်ဆောင်နေကြောင်း” နဲ့ “ဒါက မိုရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ကြောင်း” တွေ ဖြေပေးခဲ့တာပါ။ ဒါဟာ ဆာလာ ကိုယ်တိုင် ထုတ်ပြောထားတဲ့ ဆုံးဖြတ်ချက်ဟာ လီဗာပူးအသင်း လက်ထဲမှာပါ ဆိုတဲ့ စကားကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့ ပြောဆိုမှု ထွက်လာအပြီးမှာ ဆာလာရဲ့ အေးဂျင့်က တွစ်တာကနေ ဟားတိုက်မှု သို့မဟုတ် လှောင်ပြောင်မှုလို့ ယူဆရတဲ့ ရယ်မောနေတဲ့ emojis တွေကို တွစ်တာကနေ တင်သွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ပွဲကြိုမှာ ဆာလာ အေးဂျင့်ရဲ့ တုန့်ပြန်မှုအကြောင်း မေးမြန်ခံရစဉ် “ ကျနော် တွစ်တာမသုံးပါဘူး။ ဒီလို ကိစ္စတွေအတွက် အကြောင်းပြချက်ကောင်း ဖြစ်တာပေါ့ ” လို့ ယာဂင်က ရယ်မောပြီး ဟာသဖောက်ခဲ့တယ်။

ယာဂင်ကပဲ ဆက်လက်ပြီး “ စာချုပ်အကြောင်းကို ပြောပြခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ကျနော် မပြောခဲ့သင့်ပါဘူး။ ကျနော်က အငြင်းပွားစရာ ကိစ္စဆိုလို ဘာတစ်ခုမှလည်း မပြောခဲ့ဘူးလို့ ထင်ပါတယ်။ ဒီလိုပါပဲ ကျနော်ကို ထောင်ချောက်ဆင်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။

ရုတ်တရတ်ကြီး ကျနော်က ခေါင်းကြီးသတင်းတွေ ဖန်တီးသူဖြစ်သွားပြန်တယ်။ ကျနော်က မီဒီယာတွေ့ဆုံပွဲမှာ မေးတာတွေ ဖြေပေးတာလေး လုပ်ခဲ့တာဖြစ်ပေမယ့် ခေါင်းကြီးသတင်းတေါ ဖန်တီးသလိုပဲ ဖြစ်ဖြစ်နေတယ်။ အခုလည်း ခင်ဗျားတို့ မေးခွန်းမေးတာကို ကျနော်က အရှည်ကြီး ပြန်ဖြေပေးနေရတယ်။

ဒါပေမယ့် အားလုံးက အဆင်ပြေပါတယ်။ လူမှုကွန်ယက် Reaction တွေအကြောင်း ကျနော် သိပ်မသိပါဘူး။ ဒါပေမယ့် အဲ့အပေါ်မှာလည်း မစိုးရိမ်ပါဘူး။ ဒီအခြေအနေမှာ ဘာဖြစ်သင့်တယ် ဆိုတာကိုပဲ စဉ်းစားပါတယ်။ အဆုံးအဖြတ် ပေးရမယ့်အဖွဲ့တွေက ချိတ်ဆက်မှုတွေ ရှိပါတယ်။ သူတို့အပေါ်ပဲ မူတည်ပါတယ်။ ကျနေ်ာတို့က စောင့်ကြည့်ရမှာပေါ့ ” လို့ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။