ချယ်ဆီး – နယူးကာဆယ် ပွဲ အတွက် ဘီဘီစီ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီး အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ် အသင်းနဲ့ တွေ့ဆုံနေပြီး စတန်းဖို့ဘရစ်ချ် ကွင်းမှာ ဧည့်ခံ ကစားမှာပါ။ ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက ဒီပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” နယူးကာဆယ်က ဇယားအောက်ခြေ ၃သင်းကနေ အထက် အသက်ရှုခွင့် နည်းနည်း ရနေပါပြီ။ ဒီနောက်ပိုင်း သီတင်းပတ်တွေ အတွင်း သူတို့ ရလဒ်တွေ ကောင်းလာတယ်။ ဒါပေမယ့် အက်ဒီ ဟိုဝီကတော့ သူ့အသင်းကို စိတ်ချ လက်ချ အေးဆေးခွင့် ပေးဦးမှာ မဟုတ်ဘူး။

အခြေအနေတွေက ၂ပွဲ ၃ပွဲလောက် ရှုံးလိုက်ရင်ကို သူတို့အတွက် ပြောင်းလဲ သွားနိုင်ပါသေးတယ်၊ ဒုက္ခတွင်းထဲ တကျော့ ပြန်သွားနိုင်တယ်။ နယူးကာဆယ်က အပတ်တိုင်း နိုင်ပွဲ ရနေမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ စွမ်းဆောင်ရည် လယ်ဗယ်ကို ထိန်းထားနိုင်ဖို့က အရေးကြီးတယ်။

ကျနော်က ချယ်ဆီးပဲ အနိုင်ရသွားမယ် ထင်ပါတယ်။ ဒါပေမယ့် နယူးကာဆယ်က ဒီတလော ကောင်းစွာ တိုးတက်လာတဲ့နောက် ဒီပွဲမှာ ကစားပုံ ညံ့နေရင်တော့ ကျေနာ် အံ့သြမိမှာပါ။ “လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်း ရလဒ် ကတော့ ချယ်ဆီး ၂-၀ နယူးကာဆယ် ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မတ်လ ၁၃ ရက်၊ တနင်္ဂနွေနေ့ ည ၈နာရီခွဲမှာ ယှဉ်ပြိုင်ကြမှာပါ။

ZG

ခ်ယ္ဆီး အသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာ နယူးကာဆယ္ အသင္းနဲ႕ ေတြ႔ဆံုေနျပီး စတန္းဖို႔ဘရစ္ခ်္ ကြင္းမွာ ဧည့္ခံ ကစားမွာပါ။ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက ဒီပြဲအတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” နယူးကာဆယ္က ဇယားေအာက္ေျခ ၃သင္းကေန အထက္ အသက္ရႈခြင့္ နည္းနည္း ရေနပါျပီ။ ဒီေနာက္ပိုင္း သီတင္းပတ္ေတြ အတြင္း သူတို႔ ရလဒ္ေတြ ေကာင္းလာတယ္။ ဒါေပမယ့္ အက္ဒီ ဟိုဝီကေတာ့ သူ႔အသင္းကို စိတ္ခ် လက္ခ် ေအးေဆးခြင့္ ေပးဦးမွာ မဟုတ္ဘူး။

အေျခအေနေတြက ၂ပြဲ ၃ပြဲေလာက္ ရံႈးလိုက္ရင္ကို သူတို႔အတြက္ ေျပာင္းလဲ သြားနိုင္ပါေသးတယ္၊ ဒုကၡတြင္းထဲ တေက်ာ့ ျပန္သြားနိုင္တယ္။ နယူးကာဆယ္က အပတ္တိုင္း နိုင္ပြဲ ရေနမွာေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ သူတို႔ စြမ္းေဆာင္ရည္ လယ္ဗယ္ကို ထိန္းထားနိုင္ဖုိ႔က အေရးၾကီးတယ္။

က်ေနာ္က ခ်ယ္ဆီးပဲ အနုိင္ရသြားမယ္ ထင္ပါတယ္။ ဒါေပမယ့္ နယူးကာဆယ္က ဒီတေလာ ေကာင္းစြာ တိုးတက္လာတဲ့ေနာက္ ဒီပြဲမွာ ကစားပံု ညံ့ေနရင္ေတာ့ ကေ်နာ္ အံ့ၾသမိမွာပါ။ “လို႔ ေလာ္ရိုးက ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္း ရလဒ္ ကေတာ့ ခ်ယ္ဆီး ၂-၀ နယူးကာဆယ္ ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ မတ္လ ၁၃ ရက္၊ တနဂၤေႏြေန႔ ည ၈နာရီခြဲမွာ ယွဥ္ျပိဳင္ၾကမွာပါ။