ပိတ်ဆို့မှုတွေ ရှိနေပေမယ့် ချယ်ဆီးက လက်လျှော့မှာ မဟုတ်ဘဲ ရအောင်ရှေ့ဆက်မယ် ဆိုတဲ့ တူချယ်

ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ချယ်ဆီးဟာ ပျက်စီးယိုယွင်းသွားမှာမဟုတ်ဘူးလို့ နော်ဝှစ်ချ်ကို အနိုင်ရတဲ့ပွဲအပြီးမှာ နည်းပြ တူချယ်လ်က ပြောဆိုလိုက်ပါတယ်။ အသင်းပိုင်ရှင် အေဘရာမိုဗစ်ကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့ခဲ့တာကြောင့် ချယ်ဆီးရဲ့ အနေအထားဟာ အကျပ်အတည်းတွင်းကျရောက်နေခဲ့ပြီး ကစားသမားသစ်ခေါ်ယူမှု၊ အပြောင်းအရွှေ့၊ စာချုပ်သစ် ချုပ်ဆိုမှုတွေ လုပ်ခွင့်ပါ မရတော့ပါဘူး။

ဒီအတွက် ချယ်ဆီးရဲ့အနာဂတ်က မသေမချာဖြစ်လာခဲ့ပြီလို့ အားလုံးက ပြောဆိုနေခဲ့ကြပေမယ့် တူချယ်လ်ကတော့ သူတို့အသင်းဟာ လွယ်လွယ်နဲ့အလျှော့ပေးမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အသင်းပိုင်ရှင်ဒဏ်ခတ်ပိတ်ဆို့ခံရအပြီး ပထမဆုံးကစားခဲ့တဲ့ပွဲမှာပဲ နောဝစ်ချ်ကို အဝေးကွင်းမြှ အနိုင်ရရှိအောင် ချယ်ဆီးက စွမ်းဆောင်နိုင်ခဲ့ပြီး သူတို့ရဲ့ မာကျောမှုကို ပြသနိုင်ခဲ့ပါတယ်။

နည်းပြ တူချယ်က – “ကျနော်တို့ တဦးပေါ်တဦး ယုံကြည်တာတွေက ပြောင်းလဲသွားမှာမဟုတ်ပါဘူး၊ ကျနော်တို့မှာ ဂျာစီတွေအလုံလောက်ရှိနေမယ်၊ ပွဲသွားကစားဖို့ ဘတ်စ်ကားရှိနေမယ်ဆိုရင် ကျနော်တို့ ပြိုင်ပွဲရှိရာဆီသွားပြီးတော့ ယှဉ်ပြိုင်မှာပါပဲ၊ လူတိုင်းလည်း ဒီလိုစိတ်ထား ရှိနေတာသေချာပါတယ်။

ကိုယ့်အပေါ်ကိုယ်ပဲ ကျနော်တို့ အာရုံစိုက်နေပါတယ်၊ ဒါကို ထိန်းသိမ်းထားပြီးတော့ မာကျောတဲ့စိတ်ဓာတ်ပိုင်းကို လေ့ကျင့်ကွင်းမှာရော၊ အသင်းတွင်းမှာပါ ဆက်ထိန်းထားရမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူ မထိန်းချုပ်နိုင်တဲ့ ပြသနာတွေအတွက်လည်း စိတ်ပူနေမှာမဟုတ်ဘဲ သူ လုပ်စရာရှိတာကိုသာ လုပ်သွားမယ်လို့ ထပ်ပြောခဲ့ပါသေးတယ်။

“မနေ့က ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်ကြိုမသိဘူး၊ မနက်ဖြန်အတွက်လည်း ကျနော်မသိဘူး၊ ဒီနေ့သတင်းက ကြီးမားပြီး အကျိုးသက်ရောက်မှုအဆင့်ကလည်း ကြီးမားပါတယ်၊ ဒါပေမယ့် ဘယ်လောက်ထိကြီးမားလဲ ကျနော်တို့မသိဘူး၊ ဒါကို လွှမ်းမိုးထိန်းချုပ်လို့မရပါဘူး” လို့ တူချယ်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ZG

ဒဏ္ခတ္ပိတ္ဆို႔မႈေတြေၾကာင့္ ခ်ယ္ဆီးဟာ ပ်က္စီးယိုယြင္းသြားမွာမဟုတ္ဘူးလို႔ ေနာ္ဝွစ္ခ်္ကို အႏိုင္ရတဲ့ပြဲအၿပီးမွာ နည္းျပ တူခ်ယ္လ္က ေျပာဆိုလိုက္ပါတယ္။ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ကို ၿဗိတိန္က ဒဏ္ခတ္ပိတ္ဆို႔ခဲ့တာေၾကာင့္ ခ်ယ္ဆီးရဲ႕ အေနအထားဟာ အက်ပ္အတည္းတြင္းက်ေရာက္ေနခဲ့ၿပီး ကစားသမားသစ္ေခၚယူမႈ၊ အေျပာင္းအေ႐ႊ႕၊ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမႈေတြ လုပ္ခြင့္ပါ မရေတာ့ပါဘူး။

ဒီအတြက္ ခ်ယ္ဆီးရဲ႕အနာဂတ္က မေသမခ်ာျဖစ္လာခဲ့ၿပီလို႔ အားလုံးက ေျပာဆိုေနခဲ့ၾကေပမယ့္ တူခ်ယ္လ္ကေတာ့ သူတို႔အသင္းဟာ လြယ္လြယ္နဲ႔အေလွ်ာ့ေပးမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အသင္းပိုင္ရွင္ဒဏ္ခတ္ပိတ္ဆို႔ခံရအၿပီး ပထမဆုံးကစားခဲ့တဲ့ပြဲမွာပဲ ေနာဝစ္ခ်္ကို အေဝးကြင္းမွၾ အႏိုင္ရရွိေအာင္ ခ်ယ္ဆီးက စြမ္းေဆာင္ႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ မာေက်ာမႈကို ျပသႏိုင္ခဲ့ပါတယ္။

နည္းျပ တူခ်ယ္က – “က်ေနာ္တို႔ တဦးေပၚတဦး ယုံၾကည္တာေတြက ေျပာင္းလဲသြားမွာမဟုတ္ပါဘူး၊ က်ေနာ္တို႔မွာ ဂ်ာစီေတြအလုံေလာက္ရွိေနမယ္၊ ပြဲသြားကစားဖို႔ ဘတ္စ္ကားရွိေနမယ္ဆိုရင္ က်ေနာ္တို႔ ၿပိဳင္ပြဲရွိရာဆီသြားၿပီးေတာ့ ယွဥ္ၿပိဳင္မွာပါပဲ၊ လူတိုင္းလည္း ဒီလိုစိတ္ထား ရွိေနတာေသခ်ာပါတယ္။

ကိုယ့္အေပၚကိုယ္ပဲ က်ေနာ္တို႔ အာ႐ုံစိုက္ေနပါတယ္၊ ဒါကို ထိန္းသိမ္းထားၿပီးေတာ့ မာေက်ာတဲ့စိတ္ဓာတ္ပိုင္းကို ေလ့က်င့္ကြင္းမွာေရာ၊ အသင္းတြင္းမွာပါ ဆက္ထိန္းထားရမွာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ သူ မထိန္းခ်ဳပ္ႏိုင္တဲ့ ျပသနာေတြအတြက္လည္း စိတ္ပူေနမွာမဟုတ္ဘဲ သူ လုပ္စရာရွိတာကိုသာ လုပ္သြားမယ္ လို႔ ထပ္ေျပာခဲ့ပါေသးတယ္။

“မေန႔က ဘာေတြျဖစ္လာမလဲဆိုတာ က်ေနာ္ႀကိဳမသိဘူး၊ မနက္ျဖန္အတြက္လည္း က်ေနာ္မသိဘူး၊ ဒီေန႔သတင္းက ႀကီးမားၿပီး အက်ိဳးသက္ေရာက္မႈအဆင့္ကလည္း ႀကီးမားပါတယ္၊ ဒါေပမယ့္ ဘယ္ေလာက္ထိႀကီးမားလဲ က်ေနာ္တို႔မသိဘူး၊ ဒါကို လႊမ္းမိုးထိန္းခ်ဳပ္လို႔မရပါဘူး” လို႔ တူခ်ယ္က ထပ္ေလာင္း ေျပာဆိုခဲ့ပါတယ္။