ဂျိမ်းစ်နဲ့ ချေးဝဲလ်သာ ဒဏ်ရာတွေ မရခဲ့ရင် ပရီးမီးယားလိဂ်ဖလား ခုထိ ဝင်လုနေနိုင်ဦးမယ့် ချယ်ဆီး

ချယ်ဆီး အသင်းဟာ ဒီရာသီ အစွန်ခံစစ်သမားတွေ ဖြစ်တဲ့ ရိစ် ဂျိမ်းစ်နဲ့ ဘန်ချေးဝဲလ် တို့သာ ဒဏ်ရာ ပြသနာတွေ မရှိရင်အခုထိ အမှတ်ပေးဖလား အတွက် စီးတီးကို ပြိုင်ဆိုင်နေနိုင်လိမ့်မယ် လို့ အက်စတွန်ဗီလာ တိုက်စစ်မှုးဟောင်း အဘွန်လဟောကတော့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီတပတ် ဘန်လေကို ၄-၀ နဲ့ အနိုင်ယူခဲ့ပြီး ထိုပွဲမှာ ဂျိမ်းစ်က ဂိုးလည်း သွင်းနိုင်ခဲ့တာပါ။ ဒီရာသီ ရိစ်ဂျိမ်းစ်က ပရီးမီးယားလိဂ် ၁၇ ပွဲ ပါဝင် ကစားထားရာမှာ ၅ဂိုး သွင်း ၆ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ချေးဝဲလ်ကတော့ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရမသွားခင်မှာ ၆ ပွဲ အတွင်း ၃ဂိုး သွင်းပေးခဲ့ပါတယ်။

” ရိစ် ဂျိမ်းစ်နဲ့ ချေးဝဲလ်တို့က ခံစစ်ကနေ ရှေ့ တော်တော် တက်လာပြီး ကစားတယ်၊ နောက်ပြီး နေရာကိုက် အချိန်ကိုက် ဘောလုံး တင်ပေးတာတွေ လုပ်နိုင်တယ်။ သူတို့သာ ကြံ့ခိုင်မှု ပြည့် အမြဲ ပါဝင်နိုင်မယ် ဆိုရင် ချယ်ဆီးက အခုထိ အမှတ်ပေးဖလား ကြိုးစားတဲ့ လမ်းကြောင်းမှာ ရှိနေသေးမယ်လို့ ကျနော် ထင်တယ်။

ကွီတာက ညာစွန်က ဝင်ကစားတဲ့ အခါတိုင်း သူက တိုက်စစ် ကို ကူညီပေးဖို့ အမြဲ ရုန်းကန်နေရတယ် နေရာ မယူနိုင်ဘူးလို့ ကျနော် ခံစားမိတယ်။ သူက ဘောလုံးနဲ့ အတူလည်း သိပ် မကစားနိုင်ဘူး။

နောက်ပြီး ခေးျဝဲလ်နဲ့ ဂျိမ်းစ်တို့ လောက်လည်း အခွင့်ရတိုင်း ဂိုးမသွင်းနိုင်ဘူး။ ဂျိမ်းစ်က ဒီတပတ် ပွဲမှာ ဒါကို ပြသွားခဲ့တယ်။ ဒီဂိုးက ကျနော်တို့ ကစားတုန်းက အတူ ရှိဖူးတဲ့ ညာစွန်ခံစစ်သမားတွေ ကြိုးတောင် ကြိုးစားရဲမယ့် အလုံး မဟုတ်ဘူး။ ဒါပေမယ့် သူက ဒါကို ကြိုးစားကန်ဖို့ ယုံကြည်မှု ရှိတယ်။

ချယ်ဆီး အနေနဲ့ ရာသီကုန်ထိသာ ဂျိမ်းစ်ကို ကြံ့ခိုင်မှု အပြည့် ရှိအောင် ထိန်းထားနိုင်မယ် ဆိုရင် အတော် အားသာချက် ကြီး ဖြစ်လာမယ်လို့ ကျနော် ထင်တယ်။ ” လို့ အဘွန်လဟောက ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ချေးဝဲလ်ကို ပြန်ထည့်သုံးနိုင်ဦးမှာ မဟုတ်ပေမယ့် ဂျိမ်းစ် ပြန်ကစားလာနိုင်တာကြောင့် လက်ကျန် ရာသီပွဲတွေ အတွက် အင်အားသစ် တစ်ရပ် တိုးလာပြီလည်း ဖြစ်ပါတယ်။