ပွဲထွက်မှာ လူကာကူထက် ဟားဗတ်ကို ပိုနေရာ ပေးလာရခြင်းကို နည်းပြ တူချယ် ရှင်းပြ

ချယ်ဆီးနည်းပြ သောမတ်စ်တူချယ်က ဘန်လေနဲ့ ပွဲမှာ တိုက်စစ်မှုး ရိုမဲလူ လူကာကူထက် ကိုင်ဟားဗတ်ကို ပွဲထုတ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြခဲ့ပြီး ကိုင်ဟားဗတ်ရဲ့ ပြိုင်ဘက်ကင်းရဲ့ အရည်အသွေးတွေကို ဖော်ထုတ် ချီးကျူးခဲ့ပါတယ်။

ဟားဗတ်ဟာ ချယ်ဆီးရဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ကြိမ် ပွဲထွက်ခဲ့ရပြီး လူကာကူကတော့ အဲ့ဒီ့အချိန်အတွင်း ၂ပွဲသာ ကစားခဲ့ရတာ ဖြစ်ပါတယ်။

စနေနေ့မှာ ဘန်လေကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ပွဲအတွင်း ဟားဗတ်ဟာ ၂ ဂိုး သွင်းယူခဲ့ပြီး လူကာကူကတော့ ပွဲထဲမှာတောင် မပါခဲ့ရတာ ဖြစ်ပါတယ်။

“ဟားဗတ်ကို ချန်လှပ်ထားဖို့က ခက်ပါတယ်။ သူက ပြင်းပြလေးနက်မှုတွေ အများကြီး ပေးပါတယ်။ သွင်းဂိုးတွေမှာ ပါဝင်ပတ်သက်နေတယ်။ ထပ်မံပြီး ဂိုးသွင်းယူခဲ့တယ်။ ဒါကြောင့် အခုက သိပ်ကိုကောင်းတဲ့ အခိုက်အတန့်ပါ။

နောက်ဆုံး ဖလားပွဲမှာ သူ မပါဘဲ ကျွန်တော်တို့ ကစားခဲ့တယ်။ တီမိုဗာနာက သိပ်ကို အင်အားတောင့်တင်းခဲ့ပြီး ပွဲထွက်ရဖို့ အရမ်းနီးစပ်ခဲ့ပါတယ်။ ရိုမဲလူက ဂိုးသွင်းယူခဲ့တယ်။ ကျွန်တော်တို့ ကစားသမားတိုင်းကို လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဟားဗတ်က တကယ်ကို ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတာပါ။

ကျွန်တော်တို့ကို သူပေးတဲ့အရာက ကြီးမားတဲ့ အတိုင်းအတာပဲ။ သူက ကွင်းနေရာအများကြီး ကာဗာပေးတယ်။ ဒါကြောင့် ပြိုင်ဘက်က ကျွန်တော်တို့ကို ဘယ်လိုပဲခုခံပါစေ သူက အားကောင်းကောင်းနဲ့ ဖောက်ထွက်နိုင်တယ်။

သူက မနိုင်ဝန် ထမ်းပြီး နေရာလွတ် တစ်ဝက်လောက်ထဲမှာ ဖန်တီးမှုလုပ်ရတာကို သဘောကျတယ်။ ဒါက သူ့ရဲ့ စတိုင်ပဲ။ သူက အခု ပုံစံကောင်းရရှိနေပြီး ယုံကြည်မှု ရှိနေပါတယ်”လို့ တူချယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။