ချယ်ဆီး အသင်း သမိုင်းမှာ လမ်းပတ်၊ မက်ခီလီလီ တို့ကို ကျော်ပြီးတောင် ပါဝါကြီးလာနိုင်တဲ့ လက်ရှိ အသင်းသား

လက်ရှိ ချယ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီက အသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမား ဟောင်းဖြစ်တဲ့ ဖရန့်လမ်းပတ်ထက် အသင်း သမိုင်းတလျှောက် ပိုမိုကြီးကျယ်တဲ့ ကွင်းလယ်လူတစ်ဦး ဖြစ်လာနိုင်တယ် လို့ ချယ်ဆီးကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျိုးကိုးက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တီဟာ ၂၀၁၆ခုနှစ်ကတည်းက လက်စတာကနေ ချယ်ဆီးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ယူရိုပါလိဂ် ဥရောပစူပါဖလား ပရီးမီးယားလိဂ်နဲ့ အက်အေ ဖလားတို့ကို ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို တစ်ဦးချင်း အောင်မြင်မှုတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး မောင်းနှင်နိုင်တဲ့ ကန်တီသာ အသင်းမှာ အချိန်တစ်ခုထိ ဆက်လက် ရှိနေမယ်ဆိုရင် သူက အသင်းရဲ့ အကောင်းဆုံးသော ကွင်းလယ်လူတစ်ဦး ဖြစ်လာနိုင်တယ်လို့ ဂျိုးကိုးက မှတ်ချက်ပြု ပြောဆိုသွားခဲ့တာပါ။

ဂျိုးကိုးက “လက်ရှိမှာ ကန်တီက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား တစ်ဦးလားဆိုတာ အမှန်ပါပဲ။ အခုဆိုရင် ကန်တီက ဒီအသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဂန္တဝင် ကွင်းလယ်ကစားသမားဟောင်းကြီးတွေနဲ့ပါ ပခုံးချင်း ယှဉ်နေနိုင်ပြီလို့ ကျွန်တော်ထင်မိတယ်။

သူ့ကို မက်ခီလီလီနဲ့ လမ်းပတ်တို့ရဲ့ဘေးမှာ ထားနေနိုင်ပါပြီ။ တကယ်လို့များ သူက ဒီအသင်းမှာ နှစ်အနည်းငယ် လောက် ဆက်ရှိနေမယ် အောင်မြင်မှုတွေ ဆက်ယူနိုင်ဦးမယ်ဆိုရင် ခုဏက ကွင်းလယ်လူတွေထက်ကို သာ သွားနိုင်ပါတယ်။

ကွင်းအတွင်း လွှမ်းမိုးနိုင်မှုအရ ကမ္ဘာ့ဘောလုံးနယ်ပယ်မှာ ဒီထက်ပိုပြီး လွှမ်းမိုးနိုင်မှုရှိတဲ့ ကွင်းလယ်ကစားသမားတစ်ဦး ရှိလိမ့်မယ်လို့တောင် ကျွန်တော်မထင်မိဘူး။ သူပါဝင်နိုင်ခြင်းမရှိရင် အသင်းအတွက် ထိခိုက်မှုတွေ ရှိလာရတယ်။ သူက အသင်းရဲ့ လူစာရင်းကနေ ဖယ်ထုတ်ဖို့ ခက်ခဲပြီး ပြန်လည်အစားထိုးဖို့ပါ ခက်ခဲတဲ့ တစ်ဦးတည်းသော ဘောလုံး သမားမျိုးပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ကန်တီဟာ လက်ရှိမှာ ချယ်လ်ဆီးအသင်း ကစားသမားအဖြစ် (၆)ရာသီမြောက် ဘောလုံးရာသီကို ဖြတ်သန်း နေတာ ဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပွဲပေါင်း(၂၃၉)ပွဲ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၁၃)ဂိုး သွင်းယူ ပေးထားနိုင်ခဲ့သလို အဓိကဆုဖလား (၅)ခုအထိ ရယူပေးနိုင်ခဲ့ပါတယ်။

ZG

လက္ရွိ ခ်ယ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမား အန္ဂိုလိုကန္တီက အသင္းရဲ႕ ဂႏၲဝင္ ကြင္းလယ္ ကစားသမား ေဟာင္းျဖစ္တဲ့ ဖရန္႔လမ္းပတ္ထက္ အသင္း သမိုင္းတေလွ်ာက္ ပိုမိုႀကီးက်ယ္တဲ့ ကြင္းလယ္လူတစ္ဦး ျဖစ္လာႏိုင္တယ္ လို႔ ခ်ယ္ဆီးကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဂ်ိဳးကိုးက သုံးသပ္ေျပာဆိုသြားခဲ့ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ ကြင္းလယ္ကစားသမား ကန္တီဟာ ၂၀၁၆ခုႏွစ္ကတည္းက လက္စတာကေန ခ်ယ္ဆီးအသင္းဆီ ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့ၿပီး အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ ယူ႐ိုပါလိဂ္ ဥေရာပစူပါဖလား ပရီးမီးယားလိဂ္နဲ႔ အက္ေအ ဖလားတို႔ကို ဆုဖလား ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့သလို တစ္ဦးခ်င္း ေအာင္ျမင္မႈေတြကိုလည္း ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

အသင္းရဲ႕ ကြင္းလယ္ကို အေကာင္းဆုံး ေမာင္းႏွင္ႏိုင္တဲ့ ကန္တီသာ အသင္းမွာ အခ်ိန္တစ္ခုထိ ဆက္လက္ ရွိေနမယ္ဆိုရင္ သူက အသင္းရဲ႕ အေကာင္းဆုံးေသာ ကြင္းလယ္လူတစ္ဦး ျဖစ္လာႏိုင္တယ္လို႔ ဂ်ိဳးကိုးက မွတ္ခ်က္ျပဳ ေျပာဆိုသြားခဲ့တာပါ။

ဂ်ိဳးကိုးက “လက္ရွိမွာ ကန္တီက ကမာၻ႔အေကာင္းဆုံး ကြင္းလယ္ကစားသမား တစ္ဦးလားဆိုတာ အမွန္ပါပဲ။ အခုဆိုရင္ ကန္တီက ဒီအသင္းမွာ ပါဝင္ကစားခဲ့ဖူးတဲ့ ဂႏၲဝင္ ကြင္းလယ္ကစားသမားေဟာင္းႀကီးေတြနဲ႔ပါ ပခုံးခ်င္း ယွဥ္ေနႏိုင္ၿပီလို႔ ကြၽန္ေတာ္ထင္မိတယ္။

သူ႔ကို မက္ခီလီလီနဲ႔ လမ္းပတ္တို႔ရဲ႕ေဘးမွာ ထားေနႏိုင္ပါၿပီ။ တကယ္လို႔မ်ား သူက ဒီအသင္းမွာ ႏွစ္အနည္းငယ္ ေလာက္ ဆက္ရွိေနမယ္ ေအာင္ျမင္မႈေတြ ဆက္ယူႏိုင္ဦးမယ္ဆိုရင္ ခုဏက ကြင္းလယ္လူေတြထက္ကို သာ သြားႏိုင္ပါတယ္။

ကြင္းအတြင္း လႊမ္းမိုးႏိုင္မႈအရ ကမာၻ႔ေဘာလုံးနယ္ပယ္မွာ ဒီထက္ပို္ၿပီး လႊမ္းမိုးႏိုင္မႈရွိတဲ့ ကြင္းလယ္ကစားသမားတစ္ဦး ရွိလိမ့္မယ္လို႔ေတာင္ ကြၽန္ေတာ္မထင္မိဘူး။ သူပါဝင္ႏိုင္ျခင္းမရွိရင္ အသင္းအတြက္ ထိခိုက္မႈေတြ ရွိလာရတယ္။ သူက အသင္းရဲ႕ လူစာရင္းကေန ဖယ္ထုတ္ဖို႔ ခက္ခဲၿပီး ျပန္လည္အစားထိုးဖို႔ပါ ခက္ခဲတဲ့ တစ္ဦးတည္းေသာ ေဘာလုံး သမားမ်ိဳးပါ” လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ကန္တီဟာ လက္ရွိမွာ ခ်ယ္လ္ဆီးအသင္း ကစားသမားအျဖစ္ (၆)ရာသီေျမာက္ ေဘာလုံးရာသီကို ျဖတ္သန္း ေနတာ ျဖစ္ၿပီး လက္ရွိအခ်ိန္ထိ အသင္းအတြက္ ပြဲေပါင္း(၂၃၉)ပြဲ ပါဝင္ကစားထားခဲ့ကာ သြင္းဂိုး(၁၃)ဂိုး သြင္းယူ ေပးထားႏိုင္ခဲ့သလို အဓိကဆုဖလား (၅)ခုအထိ ရယူေပးႏိုင္ခဲ့ပါတယ္။