အပြောင်းအရွှေ့မှာ ငြိမ်သက်နေပေမယ့် ရိစ်ဂျိမ်း သတင်းကောင်း ရှိလာတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ လှုပ်ရှားမှုတွေ သိပ်မရှိဘဲ ငြိမ်သက်နေပေမယ့် ညာအစွန်လူ ရိစ်ဂျိမ်းဟာ ဒဏ်ရာကနေ ခပ်မြန်မြန် ပြန်သက်သာလာနေကြောင်း သတင်းကောင်း ရှိနေပါတယ်။

ဂျိမ်းစ်ဟာ နောက်လထဲမှာ ပြန်လည် ကစားနိုင်တော့မယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ဘရိုက်တန်ကို ၁-၁ သရေကျတဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရခဲ့တဲ့ ရိစ်ဂျိမ်းဟာ ချယ်ဆီးရဲ့ နောက်ဆုံးပွဲစဉ် ၁၁ ပွဲထိကို ဒဏ်ရာတွေကြောင့် လွဲချော်နေတာပါ။

ဘယ်ခြမ်းက ချီဝဲလ်ကလည်း ဒဏ်ရာကြောင့် ရာသီကုန်ထိ နားရမှာဖြစ်လို့ အင်္ဂလန်အစွန်အတွဲ မပါနိုင်ချိန် ချယ်ဆီးက ရုန်းကန်ရမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

The Athletic သတင်းဌာန အဆိုအရ ရိစ်ဂျိမ်းဟာ ဒီအပတ်မှာပဲ ကော့ဘ်ဟမ်း ထရိန်နင်ကွင်းမှာ တစ်ဦးချင်း လေ့ကျင့်ရေးတွေ ပြန်လုပ်ခဲ့ကာ အသင်းရဲ့ လေ့ကျင့်ရေး အပြည့်ကို ပါဝင်နိုင်ဖို့ ခြေလှမ်းစခဲ့ပါတယ်။

ဂျိမ်းစ် ဟာ ဖေဖော်ဝါရီလ ၅ ရက် အက်ဖ်အေဖလား စတုတ္ထအဆင့်အဖြစ် ပလိုင်းမောက်နဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ချယ်ဆီးအတွက် ပါဝင်နိုင်ဖွယ် မရှိသေးပါဘူး။ ဒါပေမယ့်လို့ အဆိုပါ ပွဲစဉ်အပြီး တစ်ပတ်အကြာ အဘူဒါဘီကို ထွက်ခွာရမယ့် ဖီဖလာ ကလပ် ကမ္ဘာဖလားမှာတော့ ပါဝင်နိုင်ဖွယ်ရှိတယ်လို့ သိရတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ချယ်ဆီးဟာ ပွဲစဉ်ကို စတင် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ် ရှုံးထွက်ပွဲအဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ လိုင်လီကို ဧည့်ခံရမယ့်ပွဲကတော့ ရိစ်ဂျိမ်း ကြံ့ခိုင်မှု ပြည့်နေမယ့် ပွဲဖြစ်မယ်လို့လည်း ၎င်းသတင်းဌာနက ဆိုပါတယ်။

ZG

ခ်ယ္ဆီးအသင္းဟာ လက္ရွိ ေဆာင္းရာသီ အေျပာင္းအေရႊ႕ ေစ်းကြက္မွာ လႈပ္ရွားမႈေတြ သိပ္မရွိဘဲ ျငိမ္သက္ေနေပမယ့္ ညာအစြန္လူ ရိစ္ဂ်ိမ္းဟာ ဒဏ္ရာကေန ခပ္ျမန္ျမန္ ျပန္သက္သာလာေနေၾကာင္း သတင္းေကာင္း ရွိေနပါတယ္။

ဂ်ိမ္းစ္ဟာ ေနာက္လထဲမွာ ျပန္လည္ ကစားႏိုင္ေတာ့မယ္လို႔ သိရပါတယ္။ ဒီဇင္ဘာလ ၂၉ ရက္ေန႔ ဘ႐ိုက္တန္ကို ၁-၁ သေရက်တဲ့ပြဲမွာ တံေကာက္ေၾကာဒဏ္ရာ ရခဲ့တဲ့ ရိစ္ဂ်ိမ္းဟာ ခ်ယ္ဆီးရဲ႕ ေနာက္ဆုံးပြဲစဥ္ ၁၁ ပြဲထိကို ဒဏ္ရာေတြေၾကာင့္ လြဲေခ်ာ္ေနတာပါ။

ဘယ္ျခမ္းက ခ်ီဝဲလ္ကလည္း ဒဏ္ရာေၾကာင့္ ရာသီကုန္ထိ နားရမွာျဖစ္လို႔ အဂၤလန္အစြန္အတြဲ မပါႏိုင္ခ်ိန္ ခ်ယ္ဆီးက ႐ုန္းကန္ရမႈေတြ ရွိေနခဲ့တာ ျဖစ္ပါတယ္။

The Athletic သတင္းဌာန အဆိုအရ ရိစ္ဂ်ိမ္းဟာ ဒီအပတ္မွာပဲ ေကာ့ဘ္ဟမ္း ထရိန္နင္ကြင္းမွာ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြ ျပန္လုပ္ခဲ့ကာ အသင္းရဲ႕ ေလ့က်င့္ေရး အျပည့္ကို ပါဝင္ႏိုင္ဖို႔ ေျခလွမ္းစခဲ့ပါတယ္။

ဂ်ိမ္းစ္ ဟာ ေဖေဖာ္ဝါရီလ ၅ ရက္ အက္ဖ္ေအဖလား စတုတၳအဆင့္အျဖစ္ ပလိုင္းေမာက္နဲ႔ ရင္ဆိုင္ရမယ့္ပြဲမွာ ခ်ယ္ဆီးအတြက္ ပါဝင္နုိင္ဖြယ္ မရွိေသးပါဘူး။ ဒါေပမယ့္လို႔ အဆိုပါ ပြဲစဥ္အၿပီး တစ္ပတ္အၾကာ အဘူဒါဘီကို ထြက္ခြာရမယ့္ ဖီဖလာ ကလပ္ ကမာၻဖလားမွာေတာ့ ပါဝင္ႏိုင္ဖြယ္ရွိတယ္လို႔ သိရတယ္။

ေဖေဖာ္ဝါရီလ ၉ ရက္ေန႔မွာ ခ်ယ္ဆီးဟာ ပြဲစဥ္ကို စတင္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ ရႈံးထြက္ပြဲအျဖစ္ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ လိုင္လီကို ဧည့္ခံရမယ့္ပြဲကေတာ့ ရိစ္ဂ်ိမ္း ႀကံ့ခိုင္မႈ ျပည့္ေနမယ့္ ပြဲျဖစ္မယ္လို႔လည္း ၎သတင္းဌာနက ဆိုပါတယ္။