ဆောင်းဈေးကွက်မှာ ချယ်ဆီးရဲ့ ပွဲဦးထွက် ခေါ်ယူမှု ဖြစ်လာတဲ့ ဒီလန် ဝီလျံရဲ့ ဝမ်းမြောက်စကားသံ

ချယ်ဆီး အသင်းဟာ လက်ရှိ ဆောင်းရာသီ ဈေးကွက်အတွင်း ပထမဆုံးခေါ်ယူမှုအဖြစ် အသက် ၁၈ နှစ်အရွယ်ရှိ ဒါဘီဘယ်နောက်ခံလူ ဒီလန်ဝီလျံကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

ဝီလျံဟာ ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလားပွဲမှာ ဒါဘီအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပြီးနောက် အသင်းအတွက် စုစုပေါင်း ၉ပွဲကစားပေးခဲ့ပြီး ဒါဘီအသင်းနည်းပြ ရွန်နီကလည်း ဝီလျံရဲ့အခွင့်အရေးကို တားဆီးမှာမဟုတ်ဘူး လို့ သောကြာနေ့က ပြောခဲ့ပါတယ်။

ဝီလျံက သူ့ရဲ့အင်စတာဂရမ်မှာ ချယ်ဆီးနဲ့ စာချုပ်ချုပ်ဆိုနေပုံကို တင်ခဲ့ပြီး သူ့ရဲ့ ဝမ်းမြော်က ဂုဏ်ယူစကားကို အခုလို ဖွင့်ဟခဲ့ပါတယ်။

” ကမ္ဘာ့အကြီးမားဆုံး ကလပ်အသင်းတစ်သင်းနဲ့ စာချုပ်ချုပ်ဆိုခွင့်ရခဲ့လို့ ကျနော်တော့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဒါဘီအသင်းရဲ့ ဝန်ထမ်းတွေနဲ့ ကစားသမားတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ချယ်ဆီး အတွက် ပွဲထွက်ခွင့်ရဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ “လို့ ရေးသားခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးကို ဒါဘီအသင်းရဲ့စီမံအုပ်ချုပ်မှုအဖွဲ့ဘက်ကနေ အတည်မပြုသေးပေမယ့် ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒါဘီအတွက်တော့ အနည်းနဲ့အများဆိုသလို အသက်ရှူချောင်စေနိုင်ပါတယ်။

ဒါဘီဟာ ယခုရာသီကုန်အထိ အသင်းကို ဆက်လက်မောင်းနှင်ခွင့် ရရှိရေးအတွက် ပေါင် ၅သန်း ဘယ်လို ရှာဖွေမလဲ ဆိုတာ နောက်တစ်ပတ်ထဲမှာ EEL ထံ သတင်းပေးပို့ရမှာဖြစ်ပြီး ဝီလျံက မာရှယ်၊ ဂျာဂျီရယ်ကာ၊ ရှင်နီးနဲ့ ဘယ်လ်ဒေါ့တို့ပြီးနောက် ယခုလအတွင်း ဒါဘီကနေ ထွက်ခွာလာတဲ့ ၅ ဦးမြောက်က စားသမားဖြစ်လာပါတယ်။

ZG

ခ်ယ္ဆီး အသင္းဟာ လက္ရွိ ေဆာင္းရာသီ ေဈးကြက္အတြင္း ပထမဆုံးေခၚယူမႈအျဖစ္ အသက္ ၁၈ ႏွစ္အ႐ြယ္ရွိ ဒါဘီဘယ္ေနာက္ခံလူ ဒီလန္ဝီလ်ံကို ေခၚယူလိုက္ၿပီျဖစ္ပါတယ္။

ဝီလ်ံဟာ ၿပီးခဲ့တဲ့ရာသီက အက္ဖ္ေအဖလားပြဲမွာ ဒါဘီအတြက္ ပထမဆုံးပြဲထြက္ခြင့္ရခဲ့ၿပီးေနာက္ အသင္းအတြက္ စုစုေပါင္း ၉ပြဲကစားေပးခဲ့ၿပီး ဒါဘီအသင္းနည္းျပ ႐ြန္နီကလည္း ဝီလ်ံရဲ႕အခြင့္အေရးကို တားဆီးမွာမဟုတ္ဘူး လို႔ ေသာၾကာေန႔က ေျပာခဲ့ပါတယ္။

ဝီလ်ံက သူ႔ရဲ႕အင္စတာဂရမ္မွာ ခ်ယ္ဆီးနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုေနပုံကို တင္ခဲ့ၿပီး သူ႔ရဲ႕ ဝမ္းေျမာ္က ဂုဏ္ယူစကားကို အခုလို ဖြင့္ဟခဲ့ပါတယ္။

” ကမာၻ႔အႀကီးမားဆုံး ကလပ္အသင္းတစ္သင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရခဲ့လို႔ က်ေနာ္ေတာ့ အတိုင္းမသိ ဝမ္းသာမိပါတယ္။ ဒါဘီအသင္းရဲ႕ ဝန္ထမ္းေတြနဲ႔ ကစားသမားေတြအားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။ ခ်ယ္ဆီး အတြက္ ပြဲထြက္ခြင့္ရဖို႔ မေစာင့္ႏိုင္ေအာင္ျဖစ္ေနပါၿပီ “လို႔ ေရးသားခဲ့ပါတယ္။

ေျပာင္းေ႐ႊ႕ေၾကးကို ဒါဘီအသင္းရဲ႕စီမံအုပ္ခ်ဳပ္မႈအဖြဲ႕ဘက္ကေန အတည္မျပဳေသးေပမယ့္ ဘ႑ာေရးျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ဒါဘီအတြက္ေတာ့ အနည္းနဲ႔အမ်ားဆိုသလို အသက္ရႉေခ်ာင္ေစႏိုင္ပါတယ္။

ဒါဘီဟာ ယခုရာသီကုန္အထိ အသင္းကို ဆက္လက္ေမာင္းႏွင္ခြင့္ ရရွိေရးအတြက္ ေပါင္ ၅သန္း ဘယ္လို ရွာေဖြမလဲ ဆိုတာ ေနာက္တစ္ပတ္ထဲမွာ EEL ထံ သတင္းေပးပို႔ရမွာျဖစ္ၿပီး ဝီလ်ံက မာရွယ္၊ ဂ်ာဂ်ီရယ္ကာ၊ ရွင္နီးနဲ႔ ဘယ္လ္ေဒါ့တို႔ၿပီးေနာက္ ယခုလအတြင္း ဒါဘီကေန ထြက္ခြာလာတဲ့ ၅ ဦးေျမာက္က စားသမားျဖစ္လာပါတယ္။