ချယ်ဆီးအတွက် ဂိုးသွင်းပြီး အောင်ပွဲတောင် မခံတော့တဲ့ ဇီယက်ချ် အချိုးကို မကြိုက်လို့ ဂျိုကိုးလ် ဝေဖန်

ည ဘရိုက်တန်နဲ့ သရေကျတဲ့ပွဲမှာ ချယ်ဆီး ကစားသမား ဟာကင် ဇီယက်ချ်ဟာ ဘာကြောင့် ဂိုးသွင်းအပြီး အောင်ပွဲ မခံသလဲဆိုတာ နားမလည်နိုင်ကြောင်း ချယ်ဆီး ကွင်းလယ်ဟောင်း ဂျိုကိုးလ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ထိုပွဲ ပထမပိုင်းမှာဘဲ ဇီယက်ရဲ့ ဂိုးစည်းထိပ်ကနေ အနိမ့်ဘောကန်ချက် ကနေ ချယ်ဆီး အသင်း ဦးဆောင်ဂိုး ရခဲ့တာ ဖြစ်ပြီး ဂိုးရသော်လည်း ဇီယက်ချ်ဟာ မပျော်ရွှင်တဲ့ အမူအရာ ဖြစ်နေခဲ့ပါတယ်။

ဂျိုကိုးလ်က ပုံမှန်ကစားခွင့်မရတဲ့အခါ ကစားသမားတွေ မပျော်တာ မှန်ပေမယ့် ဂိုးသွင်းပြီး အောင်ပွဲခံတာက ကစားသမား နဲ့ ကလပ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ကြောင်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“သူသာ ကျွန်တော့်အသင်းမှာ ရှိနေခဲ့ရင် သေချာ လုပ်စမ်းပါ ပြောမိမှာပါ။ ကစားသမားတွေ မကစားရတဲ့အခါ မပျော်ဘူး ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ အရန်ခုံကနေ ထလာပြီး ဂိုးသွင်းတယ်ဆိုရင်တော့ ဒါက အင်အားတစ်ခုပါပဲ။ ပရိသတ်တွေဆီ ပြေးသွားတဲ့အခါ သင်လည်း အောင်ပွဲခံချင်မှာလေ။ ဘာလို့လဲ ဆိုတော့ တစ်ပတ်လုံး မင်းက အလုပ် လုပ်ထားတယ်။ ပွဲ အစီအမံအတိုင်း သေချာလုပ်ပြီး အကောင်းဆုံးဂိုးလည်း သွင်းယူနိုင်ခဲ့တယ်။”

“ဒီလို အောင်ပွဲမခံတာက မန်နေဂျာကို မက်ဆေ့ချ် ပို့တာပဲလို့ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမဲ့ မက်ဆေ့ချ်က ဂိုးသွင်းတယ်။ ငါ ဆက်ကစားသင့်တယ် ပျော်ရွှင်သင့်တယ် ဆိုတာမျိုးပါ။

လက်ရှိ ဖြစ်နေတဲ့အရာတွေကို မပျော်ရွှင်ဘူးဆိုရင်တောင် ကွင်းထဲမှာ ကိုယ် လုပ်ရမယ့်အရာကို ဆက်လုပ်ပြီး ပွဲကို သက်ရောက်ရပါမယ်။ ဒါဆိုရင် သူလည်း ပုံမှန် ကစားခွင့် ရမှာပါ။ ချယ်ဆီး မှာ အပတ်တိုင်း အဲဒီနေရာမှာ ပုံမှန် ကစားခွင့် ရတဲ့သူ ဆိုတာ ရှားပါတယ်။” လို့ ဂျိုကိုးလ်က ပြောကြားသွားခဲ့ပါတယ်။

Zawgyi

ည ဘ႐ိုက္တန္နဲ႔ သေရက်တဲ့ပြဲမွာ ခ်ယ္ဆီး ကစားသမား ဟာကင္ ဇီယက္ခ်္ဟာ ဘာေၾကာင့္ ဂိုးသြင္းအၿပီး ေအာင္ပြဲ မခံသလဲဆိုတာ နားမလည္ႏိုင္ေၾကာင္း ခ်ယ္ဆီး ကြင္းလယ္ေဟာင္း ဂ်ိဳကိုးလ္က ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

ထိုပြဲ ပထမပိုင္းမွာဘဲ ဇီယက္ရဲ႕ ဂိုးစည္းထိပ္ကေန အနိမ့္ေဘာကန္ခ်က္ ကေန ခ်ယ္ဆီး အသင္း ဦးေဆာင္ဂိုး ရခဲ့တာ ျဖစ္ျပီး ဂိုးရေသာ္လည္း ဇီယက္ခ်္ဟာ မေပ်ာ္႐ႊင္တဲ့ အမူအရာ ျဖစ္ေနခဲ့ပါတယ္။

ဂ်ိဳကိုးလ္က ပုံမွန္ကစားခြင့္မရတဲ့အခါ ကစားသမားေတြ မေပ်ာ္တာ မွန္ေပမယ့္ ဂိုးသြင္းၿပီး ေအာင္ပြဲခံတာက ကစားသမား နဲ႕ ကလပ္အတြက္ အေရးပါတဲ့ အစိတ္အပိုင္းျဖစ္ေၾကာင္း ေထာက္ျပ ေျပာဆိုခဲ့ပါတယ္။

“သူသာ ကြၽန္ေတာ့္အသင္းမွာ ရွိေနခဲ့ရင္ ေသခ်ာ လုပ္စမ္းပါ ေျပာမိမွာပါ။ ကစားသမားေတြ မကစားရတဲ့အခါ မေပ်ာ္ဘူး ဆိုတာ နားလည္ပါတယ္။ ဒါေပမဲ့ အရန္ခုံကေန ထလာၿပီး ဂိုးသြင္းတယ္ဆိုရင္ေတာ့ ဒါက အင္အားတစ္ခုပါပဲ။ ပရိသတ္ေတြဆီ ေျပးသြားတဲ့အခါ သင္လည္း ေအာင္ပြဲခံခ်င္မွာေလ။ ဘာလို႔လဲ ဆိုေတာ့ တစ္ပတ္လုံး မင္းက အလုပ္ လုပ္ထားတယ္။ ပြဲ အစီအမံအတိုင္း ေသခ်ာလုပ္ျပီး အေကာင္းဆုံးဂိုးလည္း သြင္းယူႏိုင္ခဲ့တယ္။”

“ဒီလို ေအာင္ပြဲမခံတာက မန္ေနဂ်ာကို မက္ေဆ့ခ်္ ပို႔တာပဲလို႔ ထင္ေကာင္းထင္ႏိုင္တယ္။ ဒါေပမဲ့ မက္ေဆ့ခ်္က ဂိုးသြင္းတယ္။ ငါ ဆက္ကစားသင့္တယ္ ေပ်ာ္႐ႊင္သင့္တယ္ ဆိုတာမ်ိဳးပါ။

လက္ရွိ ျဖစ္ေနတဲ့အရာေတြကို မေပ်ာ္႐ႊင္ဘူးဆိုရင္ေတာင္ ကြင္းထဲမွာ ကုိယ္ လုပ္ရမယ့္အရာကို ဆက္လုပ္ၿပီး ပြဲကို သက္ေရာက္ရပါမယ္။ ဒါဆိုရင္ သူလည္း ပုံမွန္ ကစားခြင့္ ရမွာပါ။ ခ်ယ္ဆီး မွာ အပတ္တိုင္း အဲဒီေနရာမွာ ပုံမွန္ ကစားခြင့္ ရတဲ့သူ ဆိုတာ ရွားပါတယ္။” လို႔ ဂ်ိဳကိုးလ္က ေျပာၾကားသြားခဲ့ပါတယ္။