လူကာကူ ဘာဆက်လုပ်နေရမလဲ ဆိုတာ အကြံပေး တိုက်တွန်းလိုက်တဲ့ နည်းပြ တူချယ်

သောမက်စ် တူချယ်က ရိုမီလူ လူကာကူ တစ်ယောက် ဂိုးတွေ အများကြီး သွင်းနိုင်မှသာ ချယ်ဆီးမှာ ဖြစ်ပေါ်ထားတဲ့ မကျေလည်မှုတွေကို ကုသနိုင်မှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

လူကာကူ ဟာ တူချယ်ရဲ့ နည်းစနစ်ကို မေးခွန်ထုတ်ခဲ့တဲ့အတွက် လီဗာပူးနဲ့ ပွဲစဉ်မှာ ချန်လှပ်ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ အပတ်က ပြန်ကစားခဲ့ပါတယ်။

လူကာကူဟာ တော့တင်ဟမ်နဲ့ ယနေ့ည ကာရာဘောင်ဖလား ဒုတိယအကျော့ပွဲမတိုင်ခင် ချက်စတာဖီးလ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲပြီး တူချယ်က ဘယ်လ်ဂျီယံသားဟာ ချယ်ဆီး အတွက် အကူအညီပေးရန် အသင့်ဖြစ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

တူချယ်ကတော့ ယုံကြည်မှုတွေ ပြန် တည်ဆောက်ဖို့ သွင်းဂိုးတွေနဲ့ပဲ လူကာကူ လုပ်ဆောင်ရမယ်လို့ မှတ်ချက် ပြုလာခဲ့တာပါ။

“သူ့ကစားပုံအပေါ် ကျွန်တော်တို့ ပြန်ပြီး ပြုပြင်ဖို့ မရှိပါဘူး။ သူက ရိုမီလူပဲဖြစ်ပြီး အဲ့ဒါဆို အဆင်ပြေကာ သူ အမြဲတမ်း လုပ်နေသလို ဂိုးတွေသွင်းနိုငဖို့ပဲ လိုပါတယ်။ တိုက်စစ်မှူးတွေအတွက် ဂိုးတွေထက် ပိုလိုအပ်တာ မရှိပါဘူး”

“ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ဆွေးနွေးမှုတွေ၊ ဗီဒီယိုတွေက ဂိုးသွင်းတာနဲ့ တူညီတဲ့ ခံစားချက် မရစေပါဘူး။ လှပတဲ့ ဂိုးပဲ ဖြစ်ဖြစ် သာမန်ဂိုးပဲ ဖြစ်ဖြစ် ဂိုးသွင်းနိုငဖို့ပဲ လိုပြီး အဲ့ဒီထက် ပိုကူညီနိုင်တာ မရှိတော့ပါဘူး။ သူ အခုအချိန် အသင်းကို ကူညီနိုင်ဖို့ အသင့်ဖြစ်နေမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

ZG

ေသာမက္စ္ တူခ်ယ္က ႐ိုမီလူ လူကာကူ တစ္ေယာက္ ဂိုးေတြ အမ်ားႀကီး သြင္းႏိုင္မွသာ ခ်ယ္ဆီးမွာ ျဖစ္ေပၚထားတဲ့ မေက်လည္မႈေတြကို ကုသႏိုင္မွာ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

လူကာကူ ဟာ တူခ်ယ္ရဲ႕ နည္းစနစ္ကို ေမးခြန္ထုတ္ခဲ့တဲ့အတြက္ လီဗာပူးနဲ႔ ပြဲစဥ္မွာ ခ်န္လွပ္ခံခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့ အပတ္က ျပန္ကစားခဲ့ပါတယ္။

လူကာကူဟာ ေတာ့တင္ဟမ္နဲ႔ ယေန႔ည ကာရာေဘာင္ဖလား ဒုတိယအေက်ာ့ပြဲမတိုင္ခင္ ခ်က္စတာဖီးလ္နဲ႔ပြဲမွာ ဂိုးသြင္းႏိုင္ခဲၿပီး တူခ်ယ္က ဘယ္လ္ဂ်ီယံသားဟာ ခ်ယ္ဆီး အတြက္ အကူအညီေပးရန္ အသင့္ျဖစ္ေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

တူခ်ယ္ကေတာ့ ယံုၾကည္မႈေတြ ျပန္ တည္ေဆာက္ဖို႔ သြင္းဂိုးေတြနဲ႕ပဲ လူကာကူ လုပ္ေဆာင္ရမယ္လို႔ မွတ္ခ်က္ ျပဳလာခဲ့တာပါ။

“သူ႔ကစားပုံအေပၚ ကြၽန္ေတာ္တို႔ ျပန္ၿပီး ျပဳျပင္ဖို႔ မရွိပါဘူး။ သူက ႐ိုမီလူပဲျဖစ္ၿပီး အဲ့ဒါဆို အဆင္ေျပကာ သူ အၿမဲတမ္း လုပ္ေနသလို ဂိုးေတြသြင္းႏို္ငဖို႔ပဲ လိုပါတယ္။ တိုက္စစ္မႉးေတြအတြက္ ဂိုးေတြထက္ ပိုလိုအပ္တာ မရွိပါဘူး”

“ယုံၾကည္မႈ တည္ေဆာက္ႏိုင္ဖို႔ ေဆြးေႏြးမႈေတြ၊ ဗီဒီယိုေတြက ဂိုးသြင္းတာနဲ႔ တူညီတဲ့ ခံစားခ်က္ မရေစပါဘူး။ လွပတဲ့ ဂိုးပဲ ျဖစ္ျဖစ္ သာမန္ဂိုးပဲ ျဖစ္ျဖစ္ ဂိုးသြင္းႏို္ငဖို႔ပဲ လိုၿပီး အဲ့ဒီထက္ ပိုကူညီႏိုင္တာ မရွိေတာ့ပါဘူး။ သူ အခုအခ်ိန္ အသင္းကို ကူညီႏိုင္ဖို႔ အသင့္ျဖစ္ေနမယ္ဆိုတာ သံသယျဖစ္စရာ မရွိပါဘူး”လို႔ ေျပာဆိုခဲ့ပါတယ္။