ကွန်ဒဲလ်ကို မပြတ် ချိတ်နေခြင်း၊ ရူဒီဂါ၊ ဆော၊ ခရစ္စတန်ဆန်တို့နဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းများ

ဘာစီလိုနာ အသင်းဟာ ချယ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို အားစိုက်ကြိုးပမ်းလာနေကြောင်း စပိန်သတင်းဌာန က ဖော်ပြထားပါတယ်။ ခရစ္စတန်ဆန် က ချယ်ဆီးနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခြင်း မပြုဖို့ ဆုံးဖြတ်ထားပြီး နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာမှာပါ။

ချယ်ဆီးအသင်းဟာ အငှား ခေါ်ထားတဲ့ ကွင်းလယ်ကစားသမား ဆာအူးလ် နီဂွက်ဇ် ကို ရာသီကုန်ရင် ပေါင် သန်း ၃ဝ နဲ့ ဝယ်ယူခွင့် ရှိပေမယ့် မဝယ်ဖြစ်ဖို့များနေပြီ ဖြစ်ပါတယ်။

လာမယ့် နွေမှာ ချယ်ဆီးနဲ့ စာချုပ်ကုန် လမ်းခွဲမယ့် ဗဟိုခံစစ်သမား ၂ယောက် ၃ယောက် ရှိနေတာကြောင့် ခံစစ် ပစ်မှတ်များ ရှာဖွေနေပြီး သတင်းထောက် ရိုမန်နိုကတော့ ဆီဗီလာမှ ဂျူးလက်စ် ကွန်ဒဲလ် ကို ချယ်ဆီးက ချိတ်ဆက်နေဆဲ လို့ ဆိုပါတယ်။ ဒါ့အပြင် ချယ်ဆီးဟာ ဘိုင်ယန်မြူးနစ်မှ ဆူလေကိုလည်း စောင့်ကြည့်နေပါတယ်။

ချယ်ဆီး နည်းပြ တူချယ်ကတော့ စပါးနဲ့ပွဲမှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့တဲ့ နောက်ခံလူ အက်ပီကျူတာနဲ့ ကွင်းလယ်လူ ကိုင် ဟာဗက်ဇ် တို့ရဲ့ ဒဏ်ရာအခြေအနေ မစိုးရိမ်ရဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီး ကွင်းလယ်လူ ဆောနီဂွတ်ဇ် ဟာ ပထမ အသင်းမှာ ပိုမိုပါဝင်နိုင်ဖို့ အခွင့်အရေး ရလာမှာဖြစ်ပေမဲ့ ပုံမှန် ပွဲထွက်ခွင့် ရဖို့တော့ မထင်မိကြောင်း၊ ဆော ရှေ့မှာ ခြေစွမ်းပြနေတဲ့ ကစားသမား ၃ ဦးလောက် အထိ ရှိနေကြောင်း ချယ်ဆီးကစားသမားဟောင်း အက်ရှ်လေကိုးက မှတ်ချက်ပြုခဲ့ပါတယ်။

ရူဒီဂါက ချယ်ဆီးအသင်းနဲ့ သက်တမ်းတိုး စာချုပ်ကိစ္စကို အလောတကြီး တွန်းအားပေးတာမျိုး မလုပ်ဘဲ စောင့်ကြည့်နေ ပါတယ်။ ၎င်းက ပရီးမီးယားလိဂ်မှာ လုပ်ခ အများဆုံး ခံစစ်မှုး ဖြစ်လိုနေပြီး လက်ရှိမှာ အများဆုံးက မန်ချက်စတာ ယူနိုက်တက်မှ ဗာရိန်း ဖြစ်ပြီး တစ်ပတ် ပေါင် ၃သိန်း ၄သောင်း ရရှိနေတာပါ။

ကလပ်ကမ္ဘာ့ဖလားကြောင့် ရွှေ့ဆိုင်းခဲ့တဲ့ ချယ်ဆီးနဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်ဟာ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ကစားရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချယ်ဆီးက လာမယ့် သီတင်းပတ် ၂ ပတ် အတွင်း ၅ ပွဲထိ ကစားရဖို့ ရှိနေပါတယ်။