ဒီည ဝုဗ် – ချယ်ဆီးပွဲစဉ်အတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် ရွှေ့ဆိုင်းတဲ့ ပွဲစဉ်တွေထဲ မပါဝင်တာကြောင့် ဝုဗ်အသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်းဟာ တနင်္ဂနွေနေ့ ည ၈း၃ဝ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုး က ဝုဗ်နဲ့ ချယ်ဆီးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက – ” ဝုဗ်က ဂိုးတွေတော့ အများကြီး မသွင်းထားဘူး ဒါပေမယ့် ဂိုလည်း အများကြီး မပေးရဘူး။ ပြီးခဲ့တဲ့ အပတ်တွေတုန်းက မန်စီးတီး၊ လီဗာပူးပွဲတွေမှာ လုပ်ပြခဲ့သလိုပဲ ချယ်ဆီးအတွက် ခက်ခဲအောင် သူတို့ လုပ်ပြမှာပါ။

ဒါပေမယ့်လို့ နှစ်သင်းလုံးက ဝုဗ်ကို ရင်ဆိုင်ရာမှာ အနိုင်သုံးမှတ် ရခဲ့သလို လက်တလော ပုံစံကောင်းမှာ ရှိမနေပေမယ့် ဒီပွဲမှာ ချယ်ဆီးကလည်း အနိုင်သုံးမှတ် ရသွားမယ်လို့ ထင်ပါတယ်။

သူတို့ ကစားပုံ မကောင်းပေမယ့်လို့ တူချယ်ရဲ့အသင်းက နိုင်ပွဲကို ရှာဖွေနေဆဲပါ။ သူတို့က အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ မှန်ကန်တဲ့ ပေါင်းစပ်မှုတွေ ရှိနေဆဲဖြစ်ပြီး မကြာခင်မှာ သူတို့တွေ ထပ်ပြီး ကိစ္စတွေကို လုပ်ဆောင်လာမယ်ဆိုတာ သေချာပါတယ်။ ” လို့ ဆိုထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ ဝုဗ် ဝ – ၂ ချယ်ဆီး ဖြစ်ပါတယ်။

ZG

ခ်ယ္ဆီးအသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္ ေရႊ႕ဆိုင္းတဲ့ ပြဲစဥ္ေတြထဲ မပါဝင္တာေၾကာင့္ ဝုဗ္အသင္းနဲ႕ ယွဥ္ျပိဳင္ ရမွာ ျဖစ္ျပီး အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာပါ။ ဒီနွစ္သင္းဟာ တနဂၤေႏြေန႔ ည ၈း၃ဝ နာရီမွာ ယွဥ္ျပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ျဖစ္တဲ့ ေလာ္ရိုး က ဝုဗ္နဲ႕ ခ်ယ္ဆီးတို႔ ပြဲစဥ္ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

ေလာ္ရိုးက – ” ဝုဗ္က ဂိုးေတြေတာ့ အမ်ားႀကီး မသြင္းထားဘူး ဒါေပမယ့္ ဂိုလည္း အမ်ားႀကီး မေပးရဘူး။ ၿပီးခဲ့တဲ့ အပတ္ေတြတုန္းက မန္စီးတီး၊ လီဗာပူးပြဲေတြမွာ လုပ္ျပခဲ့သလိုပဲ ခ်ယ္ဆီးအတြက္ ခက္ခဲေအာင္ သူတို႔ လုပ္ျပမွာပါ။

ဒါေပမယ့္လို႔ ႏွစ္သင္းလုံးက ဝုဗ္ကို ရင္ဆိုင္ရာမွာ အႏိုင္သုံးမွတ္ ရခဲ့သလို လက္တေလာ ပုံစံေကာင္းမွာ ရွိမေနေပမယ့္ ဒီပြဲမွာ ခ်ယ္ဆီးကလည္း အႏိုင္သုံးမွတ္ ရသြားမယ္လို႔ ထင္ပါတယ္။

သူတို႔ ကစားပုံ မေကာင္းေပမယ့္လို႔ တူခ်ယ္ရဲ႕အသင္းက ႏိုင္ပြဲကို ရွာေဖြေနဆဲပါ။ သူတို႔က အမွတ္ေပးဖလားကို စိန္ေခၚဖို႔ မွန္ကန္တဲ့ ေပါင္းစပ္မႈေတြ ရွိေနဆဲျဖစ္ၿပီး မၾကာခင္မွာ သူတို႔ေတြ ထပ္ၿပီး ကိစၥေတြကို လုပ္ေဆာင္လာမယ္ဆိုတာ ေသခ်ာပါတယ္။ ” လို႔ ဆိုထားပါတယ္။

ေလာ္႐ိုး ခန္႔မွန္းရလဒ္ကေတာ့ ဝုဗ္ ဝ – ၂ ခ်ယ္ဆီး ျဖစ္ပါတယ္။