ချယ်ဆီးနဲ့ အပြောင်းရွှေ့ ဒရမ်မာတွေကြောင့် စိတ်ထိခိုက်ခဲ့ရကြောင်း ဖွင့်ဟခဲ့တဲ့ ကွန်ဒဲလ်

ဆီဗီးလားအသင်းရဲ့ အဓိက နောက်ခံလူ ကွန်ဒဲလ် ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ချယ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ အတော် နီးစပ်ခဲ့ပြီးမှ မပြောင်းရွှေ့နိုင်ခဲ့တဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တချို့ ရှိခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ကွန်ဒဲလ် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချယ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပေမယ့် ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရသူပါ။

ကွန်ဒဲလ်က – “ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချယ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တဲ့ ကိစ္စက ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အနည်းငယ် ထိခိုက်စေခဲ့ပါတယ်။ ကျွန်တော် စိတ်ညစ်ခဲ့တဲ့ အချိန်တွေလည်း ရှိဖူးပါတယ်။ ဒါပေမယ့် အခုတော့ အားလုံး အဆင်ပြေပြေ ဖြစ်နေပါပြီ” လို့ ဖွင့်ဟ ပြောပြခဲ့တာပါ။

ချယ်ဆီးအသင်းဟာ ကွန်ဒဲလ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းတန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး ဆီဗီးလားအသင်း ကတော့ ကွန်ဒဲလ်ရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို ၈၀သန်း ရမှသာ ခွန်ဒေကို ရောင်းချမယ်လို့ တုံံ့ပြန် ခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီးနောက် ကွန်ဒဲလ်ဟာ ဆီဗီးလားအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် တချို့ကို ပျက်ကွက်ခဲ့ပြီး အသင်းကို ဆန္ဒပြမှု တချို့ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းခေါင်းဆောင် ရာကီတစ်ရဲ့ ကြားဝင် စေ့စပ်မှုနဲ့ အတူ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပြန်လည် တည်ဆောက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ ကွန်ဒဲလ် ဟာ ယခင်ကလို အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည် ပိုင်ဆိုင်နေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိထားပါတယ်။

ZG

ဆီဗီးလားအသင္းရဲ႕ အဓိက ေနာက္ခံလူ ကြန္ဒဲလ္ ကေတာ့ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ပရီးမီးယားလိဂ္ ခ်ယ္ဆီးအသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ အေတာ္ နီးစပ္ခဲ့ၿပီးမွ မေျပာင္းေ႐ႊ႕ႏိုင္ခဲ့တဲ့ အတြက္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈ တခ်ိဳ႕ ရွိခဲ့ေၾကာင္း ဖြင့္ဟ ဝန္ခံသြားခဲ့ပါတယ္။

အသက္ ၂၃ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ ေနာက္ခံလူ ကြန္ဒဲလ္ ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ခ်ယ္ဆီးအသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရခဲ့ေပမယ့္ ကလပ္နွစ္သင္းၾကား ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ မရခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕ ပ်က္ျပယ္ခဲ့ရသူပါ။

ကြန္ဒဲလ္က – “ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ခ်ယ္ဆီးအသင္းနဲ႔ အေျပာင္းအေ႐ႊ႕ ပ်က္ျပယ္ခဲ့တဲ့ ကိစၥက ကြၽန္ေတာ့္ရဲ႕ စိတ္ပိုင္းဆိုင္ရာ အေျခအေနကို အနည္းငယ္ ထိခိုက္ေစခဲ့ပါတယ္။ ကြၽန္ေတာ္ စိတ္ညစ္ခဲ့တဲ့ အခ်ိန္ေတြလည္း ရွိဖူးပါတယ္။ ဒါေပမယ့္ အခုေတာ့ အားလုံး အဆင္ေျပေျပ ျဖစ္ေနပါၿပီ” လို႔ ဖြင့္ဟ ေျပာျပခဲ့တာပါ။

ခ်ယ္ဆီးအသင္းဟာ ကြန္ဒဲလ္ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၅၀သန္းတန္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ၿပီး ဆီဗီးလားအသင္း ကေတာ့ ကြန္ဒဲလ္ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကး ျဖစ္တဲ့ ယူ႐ို ၈၀သန္း ရမွသာ ခြန္ေဒကို ေရာင္းခ်မယ္လို႔ တုံံ့ျပန္ ခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕ဟာ ပ်က္ျပယ္ခဲ့ရတာပဲ ျဖစ္ပါတယ္။

ခ်ယ္ဆီးနဲ႔ အေျပာင္းအေ႐ႊ႕ ပ်က္ျပယ္ခဲ့ၿပီးေနာက္ ကြန္ဒဲလ္ဟာ ဆီဗီးလားအသင္းရဲ႕ ေလ့က်င့္ခန္း အစီအစဥ္ တခ်ိဳ႕ကို ပ်က္ကြက္ခဲ့ၿပီး အသင္းကို ဆႏၵျပမႈ တခ်ိဳ႕ ျပဳလုပ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အသင္းေခါင္းေဆာင္ ရာကီတစ္ရဲ႕ ၾကားဝင္ ေစ့စပ္မႈနဲ႔ အတူ ေကာင္းမြန္တဲ့ ဆက္ဆံေရးကို ျပန္လည္ တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

လက္ရွိမွာ ကြန္ဒဲလ္ ဟာ ယခင္ကလို အေကာင္းဆုံး ေျခစြမ္းေတြကို ျပန္လည္ ပိုင္ဆိုင္ေနၿပီး မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ စိတ္ဝင္စားမႈကိုလည္း ရရွိထားပါတယ္။