ရီးရဲလ်မက်ဒရစ် ခံစစ်မှုး မီလီတာအို ကို ပေါင် ၃၇ သန်းနဲ့ ခေါ်ယူဖို့ ချဲလ်ဆီး စီစဉ်နေ

ချဲလ်ဆီးအသင်းဟာ အဓိကနောက်ခံလူတွေအနက် ခရစ္စတီယန်ဆန်နဲ့ ရူဒီဂါတို့က ဒီရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို အသက် ၃၇ နှစ်အရွယ်ရှိ သီယာဂိုဆေးလ်ဗားကလည်း ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲဖွယ် ရှိနေတာကြောင့် နောက်ခံလူသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။

ချဲလ်ဆီးအသင်းဟာ ယခုရာသီမှာ ရီးရဲလ်နဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ မီလီတာအို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်သတင်းဌာနက ဖော်ထုတ်ထားပါတယ်။

ချဲလ်ဆီးက ရီးရဲလ်မက်ဒရစ် နောက်ခံလူ မီလီတာအိုကို ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၇ သန်းအပြင် လက်ရှိ သူ ရရှိနေတဲ့ လစာထက် ပိုများတဲ့ လစာနဲ့ ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်ဟာ ၂၀၁၉ နွေရာသီက မီလီတာအိုကို ပေါ်တိုကနေ ပေါင် ၄၃.၅သန်းနဲ့ ခေါ်ယူခဲ့ပြီး ပထမဆုံးရာသီမှာ ၁၅ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ မီလီတာအိုဟာ ပြီးခဲ့တဲ့နွေရာသီက နောက်ခံလူတွေဖြစ်တဲ့ ရာမို့စ်နဲ့ ဗာရာနီတို့ ရီးရဲလ်ကနေ ထွက်ခွာသွားပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ရနေပြီး လာလီဂါ ၁၂ပွဲစလုံး ကစားခွင့်ရထားပါတယ်။

မီလီတာအို ဟာ ရီးရဲလ်နဲ့ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုထားပေမယ့် ချဲလ်ဆီးကတော့ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည် နေပြီး ရီးရဲလ်မှာ ရနေတဲ့ လစာထက် ပိုများတဲ့ လစာနှုန်းထားနဲ့ ဆွဲဆောင်ဖွယ် ရှိနေပါတယ်။

ZG

ခ်ဲလ္ဆီးအသင္းဟာ အဓိကေနာက္ခံလူေတြအနက္ ခရစၥတီယန္ဆန္နဲ႔ ႐ူဒီဂါတို႔က ဒီရာသီအကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္သလို အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ သီယာဂိုေဆးလ္ဗားကလည္း ရာသီအကုန္မွာ အသင္းနဲ႔ လမ္းခြဲဖြယ္ ရွိေနတာေၾကာင့္ ေနာက္ခံလူသစ္ေတြ ေခၚယူဖို႔ ျပင္ဆင္ေနတာပါ။

ခ်ဲလ္ဆီးအသင္းဟာ ယခုရာသီမွာ ရီးရဲလ္နဲ႔အတူ ပုံမွန္ပြဲထြက္ခြင့္ရေနတဲ့ မီလီတာအိုကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း စပိန္သတင္းဌာနက ေဖာ္ထုတ္ထားပါတယ္။

ခ်ဲလ္ဆီးက ရီးရဲလ္မက္ဒရစ္ ေနာက္ခံလူ မီလီတာအိုကို ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္ ၃၇ သန္းအျပင္ လက္ရွိ သူ ရရွိေနတဲ့ လစာထက္ ပိုမ်ားတဲ့ လစာနဲ႔ ကမ္းလွမ္းဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။ ရီးရဲလ္ဟာ ၂၀၁၉ ေႏြရာသီက မီလီတာအိုကို ေပၚတိုကေန ေပါင္ ၄၃.၅သန္းနဲ႔ ေခၚယူခဲ့ၿပီး ပထမဆုံးရာသီမွာ ၁၅ပြဲပဲ ကစားခြင့္ရခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ မီလီတာအိုဟာ ၿပီးခဲ့တဲ့ေႏြရာသီက ေနာက္ခံလူေတြျဖစ္တဲ့ ရာမို႔စ္နဲ႔ ဗာရာနီတို႔ ရီးရဲလ္ကေန ထြက္ခြာသြားၿပီးေနာက္ ပုံမွန္ပြဲထြက္ခြင့္ရေနၿပီး လာလီဂါ ၁၂ပြဲစလုံး ကစားခြင့္ရထားပါတယ္။

မီလီတာအို ဟာ ရီးရဲလ္နဲ႔ ၂၀၂၅ အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားေပမယ့္ ခ်ဲလ္ဆီးကေတာ့ ေခၚယူႏိုင္လိမ့္မယ္လို႔ ယုံၾကည္ ေနၿပီး ရီးရဲလ္မွာ ရေနတဲ့ လစာထက္ ပိုမ်ားတဲ့ လစာႏႈန္းထားနဲ႔ ဆြဲေဆာင္ဖြယ္ ရွိေနပါတယ္။