တောင်ပံသမား ပူလီဆစ် ကို အလွန်အကျွံ မသုံးဖို့ အမေရိကန်အသင်းအား တူချယ် သတိပေး

ချဲလ်ဆီးနည်းပြ သောမတ်တူချယ် ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရတဲ့ တောင်ပံကစားသမား ခရစ္စတီယန် ပူလီဆစ်ရဲ့ ကြံ့ခိုင်မှုနှင်ပတ်သက်ပြီး စိုးရိမ်နေပြီး လာမယ့် နိုင်ငံတကာ ပွဲစဉ်များမှာ ပူလီဆစ်ကို အလွန်အကျွံ မသုံးကြဖို့ အမေရိကန်လက်ရွေးစင်နည်းပြ ဘာဟယ်လ်တာအား သတိပေးလိုက်ပါတယ်။

ဒဏ်ရာကြောင့် ချဲလ်ဆီးအသင်းအတွက်တောင် အပြည့်အဝ ကစားပေးနိုင်ခြင်း မရှိသေးတဲ့ အခြေအနေမှာ အမေရိကန် နည်းပြ ဘာဟယ်လ်တာက ပူလီဆစ်ကို မက္ကဆီကို၊ ဂျမေကာတို့နှင့် ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ထည့်သွင်း ရွေးချယ်ခဲ့ပါတယ်။

ပူလီဆစ်ကို လက်ရွေးစင်အသင်းအတွက် ရွေးချယ်လိုက်တဲ့ ဘာဟယ်တာ လုပ်ရပ်ကြောင့် တူချယ်မှာ ၎င်း ကစားသမား အတွက် စိုးရိမ်ပူပန်နေရပြီ ဖြစ်ပါတယ်။

တူချယ်က “ ခရစ္စတီယန်ရဲ့ဒဏ်ရာက နာကျင်နေတုန်းပါပဲ။ ခံစားနေရတဲ့နာကျင်မှုတွေ ပျောက်သွားအောင်လုပ်ဖို့ အရေးကြီးတယ်။ အခုထိတော့ သူ နာနေတုန်းပဲ။ သူလည်း ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီး ကျော်ဖြတ်နေရတယ်။

သူက ပွဲ အရမ်းကစားချင်နေတာ။ ကျွန်တော်တို့အတွက် သူပြန်လာနိုင်ဖို့ လိုအပ်ပါတယ်။ မယ်လ်မိုနဲ့ပွဲက သူ့အတွက် စတင်မှုကောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဘန်လေနဲ့ပွဲမှာ သူ ၁၀ မိနစ်လောက်ကစားနိုင်ခဲ့တယ်။ သူ့အတွက် ကျွန်တော်တို့ စိုးရိမ်နေရတယ်။

သူ အပါအဝင် အသင်းရဲ့ ကစားသမားအားလုံး နိုင်ငံအသင်းအတွက် ကူညီပေးရင်းကနေ ဘာမှမဖြစ်ဖို့ မျှော်လင့် ပါတယ်။ အားလုံးချောချောမွေ့မွေ့နဲ့ အသင်းဆီပြန်လာနိုင်ဖို့ သူလည်း သန်စွမ်းမှုအပြည့်နဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်နေရပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ပူလီဆစ်ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ပွဲ မကစားနိုင်ဖြစ်ခဲ့ပြီး မယ်လ်မို၊ ဘန်လေတို့နဲ့ပွဲစဉ်များမှာ အရန်ခုံကနေ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားသွားခဲ့တာပါ။ ဒါပေမယ့် ပူလီဆစ် ခြေချင်းဝတ်ဒဏ်ရာ နာကျင်နေဆဲလို့ သိရပါတယ်။

ZG

ခ်ဲလ္ဆီးနည္းျပ ေသာမတ္တူခ်ယ္ ဟာ ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရတဲ့ ေတာင္ပံကစားသမား ခရစၥတီယန္ ပူလီဆစ္ရဲ႕ ႀကံ့ခိုင္မႈႏွင္ပတ္သက္ၿပီး စိုးရိမ္ေနျပီး လာမယ့္ ႏိုင္ငံတကာ ပြဲစဥ္မ်ားမွာ ပူလီဆစ္ကို အလြန္အကြၽံ မသံုးၾကဖို႔ အေမရိကန္လက္ေ႐ြးစင္နည္းျပ ဘာဟယ္လ္တာအား သတိေပးလိုက္ပါတယ္။

ဒဏ္ရာေၾကာင့္ ခ်ဲလ္ဆီးအသင္းအတြက္ေတာင္ အျပည့္အဝ ကစားေပးႏိုင္ျခင္း မရွိေသးတဲ့ အေျခအေနမွာ အေမရိကန္ နည္းျပ ဘာဟယ္လ္တာက ပူလီဆစ္ကို မကၠဆီကို၊ ဂ်ေမကာတို႔ႏွင့္ ကစားမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲအတြက္ ထည့္သြင္း ေ႐ြးခ်ယ္ခဲ့ပါတယ္။

ပူလီဆစ္ကို လက္ေ႐ြးစင္အသင္းအတြက္ ေ႐ြးခ်ယ္လိုက္တဲ့ ဘာဟယ္တာ လုပ္ရပ္ေၾကာင့္ တူခ်ယ္မွာ ၎ ကစားသမား အတြက္ စိုးရိမ္ပူပန္ေနရျပီ ျဖစ္ပါတယ္။

တူခ်ယ္က “ ခရစၥတီယန္ရဲ႕ဒဏ္ရာက နာက်င္ေနတုန္းပါပဲ။ ခံစားေနရတဲ့နာက်င္မႈေတြ ေပ်ာက္သြားေအာင္လုပ္ဖို႔ အေရးႀကီးတယ္။ အခုထိေတာ့ သူ နာေနတုန္းပဲ။ သူလည္း ခက္ခက္ခဲခဲနဲ႔ ႀကိဳးစားၿပီး ေက်ာ္ျဖတ္ေနရတယ္။

သူက ပြဲ အရမ္းကစားခ်င္ေနတာ။ ကြၽန္ေတာ္တို႔အတြက္ သူျပန္လာႏိုင္ဖို႔ လိုအပ္ပါတယ္။ မယ္လ္မိုနဲ႔ပြဲက သူ႔အတြက္ စတင္မႈေကာင္းတစ္ရပ္ျဖစ္ခဲ့ပါတယ္။ ဘန္ေလနဲ႔ပြဲမွာ သူ ၁၀ မိနစ္ေလာက္ကစားႏိုင္ခဲ့တယ္။ သူ႔အတြက္ ကြၽန္ေတာ္တို႔ စိုးရိမ္ေနရတယ္။

သူ အပါအဝင္ အသင္းရဲ႕ ကစားသမားအားလုံး ႏိုင္ငံအသင္းအတြက္ ကူညီေပးရင္းကေန ဘာမွမျဖစ္ဖို႔ ေမွ်ာ္လင့္ ပါတယ္။ အားလုံးေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ အသင္းဆီျပန္လာႏိုင္ဖို႔ သူလည္း သန္စြမ္းမႈအျပည့္နဲ႔ ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ေနရပါတယ္ ” လို႕ ေျပာဆိုခဲ့ပါတယ္။

ပူလီဆစ္ဟာ ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ ၾသဂုတ္လကတည္းက ပြဲ မကစားႏိုင္ျဖစ္ခဲ့ၿပီး မယ္လ္မို၊ ဘန္ေလတို႔နဲ႕ပြဲစဥ္မ်ားမွာ အရန္ခုံကေန လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားသြားခဲ့တာပါ။ ဒါေပမယ့္ ပူလီဆစ္ ေျခခ်င္းဝတ္ဒဏ္ရာ နာက်င္ေနဆဲလို႔ သိရပါတယ္။