တူချယ်ကို ပြောဆိုပြီးမှ ချယ်ဆီးကနေ ထွက်ခွာလာဖြစ်ပုံ အကြောင်း ဖွင့်ဟလာတဲ့ တိုက်စစ်မှုး ဂျီရူး

ပြင်သစ်သား တိုက်စစ်မှုးကြီး အိုလီဗာ ဂျီရူး က သူ့ရဲ့ ချယ်ဆီး ကစားသမားဘဝဟာ ခက်ခဲလာခဲ့တဲ့အတွက် အေစီမီလန်ကို ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုလာခဲ့ပါတယ်။

ကမ္ဘာ့ဖလားရထားတဲ့ တိုက်စစ်မှူးဟာ ယခုနှစ်နွေရာသီမှာ ၉နှစ်ကြာ ကစားခဲ့တဲ့ အင်္ဂလိပ် ဘောလုံးလောကကို စွန့်ခွာကာ အေစီမီလန်ကို ရောက်ရှိလာခဲ့ပါတယ်။ ဂျီရူး ဟာ အင်္ဂလန်မှာ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးခဲ့ပေမဲ့ ၃၄နှစ်ဆိုတဲ့ အသက်အရွယ်က ချယ်ဆီးမှာ နေရာရဖို့အတွက် ခက်ခဲလာခဲ့တာပါ။

ဂျီရူး က “ကျွန်တော် ပရီးမီးယားလိဂ်မှာ ကစားရတာ ကြိုက်ပေမဲ့ အချိန်တစ်ခုမှာ ကျွန်တော် ဆုံးဖြတ်ချက် ချရပါမယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၃လက အရမ်း ခက်ခဲခဲ့တယ်ဆိုတာ တူချယ်ကို ပြောခဲ့ပါတယ်။

ချယ်ဆီး ကနေ ထွက်ခွာတာက သိသာတဲ့ ရွေးချယ်မှု ဖြစ်ပြီး ကြီးမားတဲ့ အတွေ့အကြုံတွေ၊ အခိုက်အတန့်တွေနဲ့ ပြောင်းလာခဲ့တာပါ။ တစ်ချို့ အတွေ့အကြုံတွေက ကောင်းပြီး တစ်ချို့က မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဆုဖလား ၃လုံးရခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဂျီရူး ရဲ့ အေစီမီလန် အသင်းဟာ လက်ရှိ စီးရီးအေမှာ အဆင့်၂နေရာမှာ ရှိနေပြီး နာပိုလီရဲ့နောက် ၂မှတ်အကွာမှာ ရှိနေပါတယ်။

ZG

ျပင္သစ္သား တိုက္စစ္မႈးၾကီး အိုလီဗာ ဂ်ီရူး က သူ႔ရဲ႕ ခ်ယ္ဆီး ကစားသမားဘ၀ဟာ ခက္ခဲလာခဲ့တဲ့အတြက္ ေအစီမီလန္ကို ေျပာင္းေ႐ႊ႕ခဲ့ျခင္း ျဖစ္ေၾကာင္း ရွင္းလင္း ေျပာဆိုလာခဲ့ပါတယ္။

ကမာၻ႔ဖလားရထားတဲ့ တိုက္စစ္မႉးဟာ ယခုႏွစ္ေႏြရာသီမွာ ၉ႏွစ္ၾကာ ကစားခဲ့တဲ့ အဂၤလိပ္ ေဘာလုံးေလာကကို စြန္႔ခြာကာ ေအစီမီလန္ကို ေရာက္ရွိလာခဲ့ပါတယ္။ ဂ်ီရူး ဟာ အဂၤလန္မွာ အက္ဖ္ေအဖလား၊ ယူ႐ိုပါလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားေတြ ဆြတ္ခူးခဲ့ေပမဲ့ ၃၄ႏွစ္ဆိုတဲ့ အသက္အ႐ြယ္က ခ်ယ္ဆီးမွာ ေနရာရဖို႔အတြက္ ခက္ခဲလာခဲ့တာပါ။

ဂ်ီရူး က “ကြၽန္ေတာ္ ပရီးမီးယားလိဂ္မွာ ကစားရတာ ႀကိဳက္ေပမဲ့ အခ်ိန္တစ္ခုမွာ ကြၽန္ေတာ္ ဆုံးျဖတ္ခ်က္ ခ်ရပါမယ္။ ကြၽန္ေတာ္ လြန္ခဲ့တဲ့ ၃လက အရမ္း ခက္ခဲခဲ့တယ္ဆိုတာ တူခ်ယ္ကို ေျပာခဲ့ပါတယ္။

ခ်ယ္ဆီး ကေန ထြက္ခြာတာက သိသာတဲ့ ေ႐ြးခ်ယ္မႈ ျဖစ္ၿပီး ႀကီးမားတဲ့ အေတြ႕အႀကဳံေတြ၊ အခိုက္အတန္႔ေတြနဲ႔ ေျပာင္းလာခဲ့တာပါ။ တစ္ခ်ိဳ႕ အေတြ႕အႀကဳံေတြက ေကာင္းၿပီး တစ္ခ်ိဳ႕က မေကာင္းပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ဆုဖလား ၃လုံးရခဲ့ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

ဂ်ီရူး ရဲ႕ ေအစီမီလန္ အသင္းဟာ လက္ရွိ စီးရီးေအမွာ အဆင့္၂ေနရာမွာ ရွိေနၿပီး နာပိုလီရဲ႕ေနာက္ ၂မွတ္အကြာမွာ ရွိေနပါတယ္။