အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် ကွင်းလယ် အငှားခေါ်ဖို့ လှုပ်ရှားနေတဲ့ ချယ်ဆီး

ချယ်ဆီး အသင်းဟာ ယခုနွေဈေးကွက်မပိတ်ခင်မှာ အက်သလက်တီကို ကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားလာနိုင်ပေမယ့် အသင်းရှိ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ကစားသမားတွေကို အရင်ဆုံး ရောင်းချရဖွယ် ရှိနေပါတယ်။

ချယ်ဆီး ဟာ အင်တာတိုက်စစ်မှူးလူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၈သန်းနဲ့ ပြန်လည် ခေါ်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို အကောင်းဆုံးစိန်ခေါ်နိုင်ဖို့ အင်အားဖြည့်တင်းမှုတွေ ဆက်လက် ပြုလုပ်ဖွယ်ရှိနေပါတယ်။

ဆာအူးလ်ကလည်း ပြီးခဲ့တဲ့ရာသီက ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရပြီးနောက် အသင်းပြောင်းရွှေ့ဖို့ သတင်းပြေးနေသူ ဖြစ်ပြီး ချယ်ဆီး က သူ့ရဲ့အေနေအထားကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ တယ်လီဂရပ်ဖ်သတင်းစာရဲ့ဖော်ပြချက်အရ ချယ်ဆီး ဟာ ဆာအူးလ်ကို မခေါ်ခင် အသင်းရှိလူအင်အားကို အရင်ဆုံးလျှော့ချဖို့ လိုအပ်နေပြီး အက်သလက်က ဆာအူးလ်ကို ပေါင် ၃၈သန်းနဲ့ ရောင်းချဖွယ်ရှိနေပေမယ့် အငှားနဲ့ ဆိုရင်လည်း အဆင်ပြေတယ်လို့ သိရပါတယ်။

ချယ်ဆီး နောက်ခံလူ ဇာပါကော်စတာဟာ အတ္တလန္တာကို ပေါင် ၈သန်းတန် အပြီးသတ်ခေါ်ယူခွင့်အပါအဝင် အငှား စာချုပ်နဲ့ ပြောင်းရွှေ့သွားပြီး တိုက်စစ်မှူး အော့ဘိုကလည်း ဘယ်လ်ဂျီယံကလပ် ဂျန့်ကို ပေါင် ၅သန်းနဲ့ ပြောင်းရွှေ့သွားပါတယ်။

ချယ်ဆီး ဟာ ကွင်းလယ်လူ ဘာကာယိုကို,ကို အေစီမီလန်အသင်းထံ အငှားနဲ့ ထပ်မံစေလွှတ်ဖို့ နီးစပ်နေသလို နောက်ထပ်ကွင်းလယ်လူတွေဖြစ်တဲ့ ဒရင့်ဝါးတားနဲ့ ဘာကလေတို့ကိုလည်း ယခုနွေဈေးကွက်အတွင်း ရောင်းထုတ်ဖို့ ကြိုးစားနေပါတယ်။

ZG

ခ်ယ္ဆီး အသင္းဟာ ယခုေႏြေဈးကြက္မပိတ္ခင္မွာ အက္သလက္တီကိုကြင္းလယ္လူ ဆာအူးလ္နီဂြက္ဇ္ကို အငွားနဲ႔ ေခၚယူဖို႔ ႀကိဳးစားလာႏိုင္ေပမယ့္ အသင္းရွိ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတဲ့ ကစားသမားေတြကို အရင္ဆုံး ေရာင္းခ်ရဖြယ္ ရွိေနပါတယ္။

ခ်ယ္ဆီး ဟာ အင္တာတိုက္စစ္မႉးလူကာကူကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၈သန္းနဲ႔ ျပန္လည္ ေခၚယူခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို အေကာင္းဆုံးစိန္ေခၚႏိုင္ဖို႔ အင္အားျဖည့္တင္းမႈေတြ ဆက္လက္ ျပဳလုပ္ဖြယ္ရွိေနပါတယ္။

ဆာအူးလ္ကလည္း ၿပီးခဲ့တဲ့ရာသီက ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးခဲ့ရၿပီးေနာက္ အသင္းေျပာင္းေ႐ႊ႕ဖို႔ သတင္းေျပးေနသူ ျဖစ္ၿပီး ခ်ယ္ဆီး က သူ႔ရဲ႕ေအေနအထားကို ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

ဒါေပမဲ့ တယ္လီဂရပ္ဖ္သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ခ်ယ္ဆီး ဟာ ဆာအူးလ္ကို မေခၚခင္ အသင္းရွိလူအင္အားကို အရင္ဆုံးေလွ်ာ့ခ်ဖို႔ လိုအပ္ေနၿပီး အက္သလက္က ဆာအူးလ္ကို ေပါင္ ၃၈သန္းနဲ႔ ေရာင္းခ်ဖြယ္ရွိေနေပမယ့္ အငွားနဲ႔ ဆိုရင္လည္း အဆင္ေျပတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီး ေနာက္ခံလူ ဇာပါေကာ္စတာဟာ အတၱလႏၲာကို ေပါင္ ၈သန္းတန္ အၿပီးသတ္ေခၚယူခြင့္အပါအဝင္ အငွား စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕သြားၿပီး တိုက္စစ္မႉး ေအာ့ဘိုကလည္း ဘယ္လ္ဂ်ီယံကလပ္ ဂ်န႔္ကို ေပါင္ ၅သန္းနဲ႔ ေျပာင္းေ႐ႊ႕သြားပါတယ္။

ခ်ယ္ဆီး ဟာ ကြင္းလယ္လူ ဘာကာယိုကို,ကို ေအစီမီလန္အသင္းထံ အငွားနဲ႔ ထပ္မံေစလႊတ္ဖို႔ နီးစပ္ေနသလို ေနာက္ထပ္ကြင္းလယ္လူေတြျဖစ္တဲ့ ဒရင့္ဝါးတားနဲ႔ ဘာကေလတို႔ကိုလည္း ယခုေႏြေဈးကြက္အတြင္း ေရာင္းထုတ္ဖို႔ ႀကိဳးစားေနပါတယ္။