အာဆင်နယ်ဘက် သွင်းခဲ့တဲ့ဂိုး အပေါ် ကျေနပ်အားရနေတဲ့ ချယ်ဆီးတိုက်စစ်မှုး လူကာကူ

အာဆင်နယ်နဲ့ပွဲမှာ ချယ်ဆီးအတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့ပြီး အနိုင်ဂိုးတစ်ဂိုးပါ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး လူကာကူက သူ့ဘဝရဲ့ အကောင်းဆုံး သွင်းဂိုး တစ်ဂိုးကို ရရှိခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ် လူကာကူဟာ အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာပြီး ပထမဆုံးကစားပေးခဲ့တဲ့ပွဲမှာပဲ ၁၅ မိနစ်အကြာ အနိုင်ဂိုးကို ရယူနိုင်ခဲ့ကာ ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ပွဲမှာ ရီဆီဂျိမ်းစ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ လူကာကူက ပြေးဝင်ပိတ်သွင်း ယူခဲ့တာလည်းဖြစ်ပါတယ်။

ထို သွင်းဂိုးအတွက် ချယ်ဆီးရဲ့ အကွက်ဆင်ခဲ့မှုမှာ လူကာကူကိုယ်တိုင်လည်း ပါဝင်ပတ်သက်ခဲ့ပြီး အာဆင်နယ် ခံစစ်မှူးတွေကြားထဲ ပြေးဝင်သွားခဲ့ကာ ဂိုးသွင်းဖို့အသင့်အနေအထားမှာရှိနေခဲ့ပါတယ်။ သူ့ရဲ့ခြေစွမ်းဟာ အာဆင်နယ် နောက်ခံလူတွေကို အလုပ်ရှုပ်စေခဲ့ပြီး အသင်းဖော်တွေအတွက် နေရာလွတ်တွေအများကြီးရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ လူကာကူက “ကျွန်တော့်အတွက် အကောင်းဆုံး ပရီးမီးယားလိဂ် သွင်းဂိုး တစ်ဂိုးဖြစ်ခဲ့ပါတယ်၊ ဒီနေ့ ဘယ်လောက်ထိ စိတ်လှုပ်ရှားဖို့ကောင်းလဲဆိုတာ ခင်ဗျားသိလား၊ အကောင်းဆုံးတွေ ထဲက အကောင်းဆုံး တစ်ခုပါပဲ၊ ဒါက tap-in သွင်းဂိုးတစ်ဂိုးဖြစ်တယ်ဆိုပေမယ့်လည်း ဒီအတွက် ဖန်တီးလုပ်ယူခဲ့တာတွေက အရမ်းကောင်းပါတယ်၊ ဒါကြောင့်လည်း ကျွန်တော့်အတွက် အကောင်းဆုံး သွင်းဂိုး တစ်ဂိုးဖြစ်ခဲ့တာပါ”

“အသင်းဖော်တွေရဲ့ လှုပ်ရှားမှုတွေကို နားလည်ဖို့အတွက်တော့ ကျွန်တော်နည်းနည်းအချိန်ယူခဲ့ရပါတယ်၊ ငါးမိနစ်လောက်ပေါ့၊ ဒါပေမယ့် ကျွန်တော့်မှာ မေးစရာမေးခွန်းတွေတော့ အများကြီးပဲ၊

ရိုးရိုးသားသားပြောမယ်ဆို ဒီကစားသမားတွေက အရမ်းအရည်အသွေးပြည့်ဝပြီး ဆာလောင်စိတ်တွေလည်းရှိကြတယ်၊ လွယ်လွယ်လေးနဲ့ပဲ အထိုင်ကျခဲ့တာပါ၊ ဘာလို့လဲဆိုတော့ ဘယ်လ်ဂျီယံမှာလည်း ဒီလိုပုံစံနဲ့ကစားလို့ပါ၊ နည်းပြကလည်း ကောင်းကောင်ပြင်ဆင်ခဲ့ပြီး ယုံကြည်မှုနဲ့ ဒီကိုလာခဲ့တယ်၊ ပြီးတော့ ရလဒ်ကောင်းရခဲ့ပါတယ်” လို့ ဆိုပါတယ်။

လူကာကူကတော့ ချယ်လ်ဆီးကို ပေါင် ၉၇.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အသင်းအတွက် ပထမဆုံး ကစားပေးတဲ့ပွဲမှာပဲ ဂိုးသွင်းနိုင်ခဲ့ကာ အဖွင့်လှခဲ့ပြီး သူ့ကိုစောင့်ကြည့်နေသူတွေကို ပါးစပ်ပိတ်စေခဲ့ပါတယ်။

ZG

အာဆင္နယ္နဲ႔ပြဲမွာ ခ်ယ္ဆီးအတြက္ ပြဲဦးထြက္ပါဝင္ကစားခဲ့ၿပီး အႏိုင္ဂိုးတစ္ဂိုးပါ သြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉး လူကာကူက သူ႔ဘဝရဲ႕ အေကာင္းဆုံး သြင္းဂိုး တစ္ဂိုးကို ရရွိခဲ့တယ္လို႔ ဖြင့္ဟလိုက္ပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ လူကာကူဟာ အသင္းေဟာင္းကို ျပန္လည္ေရာက္ရွိလာၿပီး ပထမဆုံးကစားေပးခဲ့တဲ့ပြဲမွာပဲ ၁၅ မိနစ္အၾကာ အႏိုင္ဂိုးကို ရယူႏိုင္ခဲ့ကာ ေျခစြမ္းျပခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္နဲ႕ ပြဲမွာ ရီဆီဂ်ိမ္းစ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကေန လူကာကူက ေျပးဝင္ပိတ္သြင္း ယူခဲ့တာလည္းျဖစ္ပါတယ္။

ထို သြင္းဂိုးအတြက္ ခ်ယ္ဆီးရဲ႕ အကြက္ဆင္ခဲ့မႈမွာ လူကာကူကိုယ္တိုင္လည္း ပါဝင္ပတ္သက္ခဲ့ၿပီး အာဆင္နယ္ ခံစစ္မႉးေတြၾကားထဲ ေျပးဝင္သြားခဲ့ကာ ဂိုးသြင္းဖို႔အသင့္အေနအထားမွာရွိေနခဲ့ပါတယ္။ သူ႔ရဲ႕ေျခစြမ္းဟာ အာဆင္နယ္ ေနာက္ခံလူေတြကို အလုပ္ရႈပ္ေစခဲ့ၿပီး အသင္းေဖာ္ေတြအတြက္ ေနရာလြတ္ေတြအမ်ားႀကီးရေအာင္ လုပ္ေပးႏိုင္ခဲ့ပါတယ္။

ပြဲအၿပီး အင္တာဗ်ဴးမွာ လူကာကူက “ကြၽန္ေတာ့္အတြက္ အေကာင္းဆုံး ပရီးမီးယားလိဂ္ သြင္းဂိုး တစ္ဂိုးျဖစ္ခဲ့ပါတယ္၊ ဒီေန႔ ဘယ္ေလာက္ထိ စိတ္လႈပ္ရွားဖို႔ေကာင္းလဲဆိုတာ ခင္ဗ်ားသိလား၊ အေကာင္းဆုံးေတြ ထဲက အေကာင္းဆုံး တစ္ခုပါပဲ၊ ဒါက tap-in သြင္းဂိုးတစ္ဂိုးျဖစ္တယ္ဆိုေပမယ့္လည္း ဒီအတြက္ ဖန္တီးလုပ္ယူခဲ့တာေတြက အရမ္းေကာင္းပါတယ္၊ ဒါေၾကာင့္လည္း ကြၽန္ေတာ့္အတြက္ အေကာင္းဆုံး သြင္းဂိုး တစ္ဂိုးျဖစ္ခဲ့တာပါ”

“အသင္းေဖာ္ေတြရဲ႕ လႈပ္ရွားမႈေတြကို နားလည္ဖို႔အတြက္ေတာ့ ကြၽန္ေတာ္နည္းနည္းအခ်ိန္ယူခဲ့ရပါတယ္၊ ငါးမိနစ္ေလာက္ေပါ့၊ ဒါေပမယ့္ ကြၽန္ေတာ့္မွာ ေမးစရာေမးခြန္းေတြေတာ့ အမ်ားႀကီးပဲ၊

႐ိုး႐ိုးသားသားေျပာမယ္ဆို ဒီကစားသမားေတြက အရမ္းအရည္အေသြးျပည့္ဝၿပီး ဆာေလာင္စိတ္ေတြလည္းရွိၾကတယ္၊ လြယ္လြယ္ေလးနဲ႔ပဲ အထိုင္က်ခဲ့တာပါ၊ ဘာလို႔လဲဆိုေတာ့ ဘယ္လ္ဂ်ီယံမွာလည္း ဒီလိုပုံစံနဲ႔ကစားလို႔ပါ၊ နည္းျပကလည္း ေကာင္းေကာင္ျပင္ဆင္ခဲ့ၿပီး ယုံၾကည္မႈနဲ႔ ဒီကိုလာခဲ့တယ္၊ ၿပီးေတာ့ ရလဒ္ေကာင္းရခဲ့ပါတယ္” လို႔ ဆိုပါတယ္။

လူကာကူကေတာ့ ခ်ယ္လ္ဆီးကို ေပါင္ ၉၇.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။ အသင္းအတြက္ ပထမဆုံး ကစားေပးတဲ့ပြဲမွာပဲ ဂိုးသြင္းႏိုင္ခဲ့ကာ အဖြင့္လွခဲ့ၿပီး သူ႔ကိုေစာင့္ၾကည့္ေနသူေတြကို ပါးစပ္ပိတ္ေစခဲ့ပါတယ္။