ရိုးမားရောက်သွားတဲ့ တိုက်စစ်မှူး အေဗရာဟမ်ရဲ့ ချယ်ဆီးအသင်းအား နှုတ်ဆက်လွှာ

တမ်မီ အေဘရာဟမ်ဟာ ရိုးမားကို ပေါင် ၃၄သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ချယ်ဆီးအသင်းအား နှုတ်ဆက်စကား ပါးသွားခဲ့ပြီး သူ့ကို အဓိပ္ပါယ်ရှိလာအောင် လုပ်ပေးခဲ့တဲ့ အသင်းကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

အင်္ဂလန်သား တိုက်စစ်မှူးဟာ ရိုးမားနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နည်းပြ မော်ရင်ဟိုနဲ့ လက်တွဲသွားရမှာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ တရားဝင် ဖြစ်လာချိန်မှာ အေဘရာဟမ်က စတန်းဖို့ဒ်ဘရစ်ချ်က အကောင်းဆုံး အမှတ်တရတွေနဲ့ အတူ ခံစားချက်အပြည့်နဲ့ နှုတ်ဆက်သွားခဲ့ပါတယ်။

“ကျေးဇူးပါ။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အဓိပ္ပါယ် အများကြီးရှိအောင် လုပ်ပေးခဲ့တဲ့ အသင်းကို အခု နှုတ်ဆက်ရတော့မှာပါ။ ပက်ဟမ်းက လူငယ်လေး အကယ်ဒမီမှာ ကစားခဲ့ရာကနေ ဒီနှစ်တွေအတွင်း ချန်ပီယံလိဂ်ဖလားပါ ရခဲ့ပါတယ်”

“အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အကယ်ဒမီ၊ ဝန်ထမ်းတွေအားလုံးနဲ့ အာပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ မရှိပဲနဲ့ ကျွန်တော် ဒီနေ့ ဒီလိုဖြစ်မှာ မဟုတ်ပါဘူး။ ချဲလ်ဆီးအတွက် ဆုဖလားတွေ ထပ်ယူပေးကြပါဦး။ အားလုံးကို ချစ်တယ်”လို့ အေဘရာဟမ်က အင်စတာဂရန်မှာ ပြောခဲ့ပါတယ်။

ရိုးမားနဲ့ သဘောတူညီချက်ထဲ ချယ်ဆီးက ပေါင် ၆၈သန်း ဝန်းကျင်နဲ့ ပြန်လည် ခေါ်ယူခွင့် ထည့်သွင်းထားပြီး ဒါရိုက်တာ မာရီနာကလည်း အင်္ဂလန်သားကို စတန်းဖို့ဒ်ဘရစ်ခ်ျက အမြဲကြိုဆိုနေမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ZG

တမ္မီ ေအဘရာဟမ္ဟာ ႐ိုးမားကို ေပါင္ ၃၄သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ခ်ယ္ဆီးအသင္းအား ႏႈတ္ဆက္စကား ပါးသြားခဲ့ၿပီး သူ႔ကို အဓိပၸါယ္ရွိလာေအာင္ လုပ္ေပးခဲ့တဲ့ အသင္းကို ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

အဂၤလန္သား တိုက္စစ္မႉးဟာ ႐ိုးမားနဲ႔ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး နည္းျပ ေမာ္ရင္ဟိုနဲ႔ လက္တြဲသြားရမွာ ျဖစ္ပါတယ္။ အေျပာင္းအေ႐ႊ႕ တရားဝင္ ျဖစ္လာခ်ိန္မွာ ေအဘရာဟမ္က စတန္းဖို႔ဒ္ဘရစ္ခ်္က အေကာင္းဆုံး အမွတ္တရေတြနဲ႔အတူ ခံစားခ်က္အျပည့္နဲ႔ ႏႈတ္ဆက္သြားခဲ့ပါတယ္။

“ေက်းဇူးပါ။ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္မိသားစုအတြက္ အဓိပၸါယ္ အမ်ားႀကီးရွိေအာင္ လုပ္ေပးခဲ့တဲ့ အသင္းကို အခု ႏႈတ္ဆက္ရေတာ့မွာပါ။ ပက္ဟမ္းက လူငယ္ေလး အကယ္ဒမီမွာ ကစားခဲ့ရာကေန ဒီႏွစ္ေတြအတြင္း ခ်န္ပီယံလိဂ္ဖလားပါ ရခဲ့ပါတယ္”

“အသင္းေဖာ္ေတြကို ေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္။ အကယ္ဒမီ၊ ဝန္ထမ္းေတြအားလုံးနဲ႔ အာေပးခဲ့ၾကတဲ့ ပရိသတ္ေတြအားလုံးကို ေက်းဇူးတင္ပါတယ္။ ခင္ဗ်ားတို႔ မရွိပဲနဲ႔ ကြၽန္ေတာ္ ဒီေန႔ ဒီလိုျဖစ္မွာ မဟုတ္ပါဘူး။ ခ်ဲလ္ဆီးအတြက္ ဆုဖလားေတြ ထပ္ယူေပးၾကပါဦး။ အားလုံးကို ခ်စ္တယ္”လို႔ ေအဘရာဟမ္က အင္စတာဂရန္မွာ ေျပာခဲ့ပါတယ္။

႐ိုးမားနဲ႔ သေဘာတူညီခ်က္ထဲ ခ်ယ္ဆီးက ေပါင္ ၆၈သန္း ဝန္းက်င္နဲ႔ ျပန္လည္ ေခၚယူခြင့္ ထည့္သြင္းထားၿပီး ဒါ႐ိုက္တာ မာရီနာကလည္း အဂၤလန္သားကို စတန္းဖို႔ဒ္ဘရစ္ခ္်က အၿမဲႀကိဳဆိုေနမွာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။