အသင်းသစ် ရှာဖွေဖို့ တရားဝင် အသိပေးခြင်း ခံထားရတဲ့ ချယ်ဆီး ကစားသမား ၃ ဦး

ချယ်ဆီးအသင်းဟာ ကွင်းလယ်လူတွေဖြစ်တဲ့ ဘာကာယိုကို၊ ဒရင့်ဝါးတားနဲ့ ဘာကလေတို့ဟာ ရာသီသစ်အတွက် အသင်းမှာ ကျောနံပါတ် ဖျက်သိမ်းပြီးနောက် အသင်းသစ်ရှာဖွေဖို့ အသင်းဘက်က အကြောင်းကြားလာတယ်လို့ The Athletic သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

ထိုကစားသမား ၃ယောက်ဟာ မိုနာကို၊ လက်စတာနဲ့ အဲဗာတန်တို့ကနေ စုစုပေါင်း ပေါင် သန်း ၉၀နဲ့ ရောက်လာ ပေမယ့် ချယ်ဆီး မှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး နည်းပြတူချယ်က ရာသီသစ်အတွက် သူ့ရဲ့စီမံကိန်းမှာ ဘာကာယိုကို၊ ဒရင့်ဝါးတားနဲ့ ဘာကလေ တို့ မပါဝင်ဘူးလို့ တရားဝင် အသိပေးခဲ့ပါတယ်။

ထို ၃ဦးဟာ အငှားနဲ့ ထွက်ကစားရတာများပေမယ့် ချယ်ဆီးမှာ မြင့်မားတဲ့လုပ်ခလစာရရှိနေပြီး အခုလို ကိုဗစ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ တခြားကလပ်တွေအတွက် သူတို့ကို ခေါ်ယူဖို့ လုပ်ခ လစာမြင့်မားမှုက အဓိက အတားအဆီးဖြစ်နေပါတယ်။

ချယ်ဆီးဟာ တိုက်စစ်မှူး အေဘရာဟမ်ကိုလည်း ယူရို ၄၅သန်း ဝန်းကျင်နဲ့ ရိုးမားအသင်းထံ ရောင်းချနိုင်ဖို့ နီးစပ်နေပြီး အသင်းအနေနဲ့ အင်တာမီလန် တိုက်စစ်မှူး လူကာကူကို ပေါင် ၉၇.၅သန်းနဲ့ ပြန်လည်ခေါ်ယူထားပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ကြင္းလယ္လူေတြျဖစ္တဲ့ ဘာကာယိုကို၊ ဒရင့္ဝါးတားနဲ႔ ဘာကေလတို႔ဟာ ရာသီသစ္အတြက္ အသင္းမွာ ေက်ာနံပါတ္ ဖ်က္သိမ္းျပီးေနာက္ အသင္းသစ္ရွာေဖြဖို႔ အသင္းဘက္က အေၾကာင္းၾကားလာတယ္လို႔ The Athletic သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။

ထိုကစားသမား ၃ေယာက္ဟာ မိုနာကို၊ လက္စတာနဲ႔ အဲဗာတန္တို႔ကေန စုစုေပါင္း ေပါင္ သန္း ၉၀နဲ႔ ေရာက္လာ ေပမယ့္ ခ်ယ္ဆီး မွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရၿပီး နည္းျပတူခ်ယ္က ရာသီသစ္အတြက္ သူ႔ရဲ႕စီမံကိန္းမွာ ဘာကာယိုကို၊ ဒရင့္ဝါးတားနဲ႔ ဘာကေလ တို႔ မပါဝင္ဘူးလို႔ တရားဝင္ အသိေပးခဲ့ပါတယ္။

ထို ၃ဦးဟာ အငွားနဲ႔ ထြက္ကစားရတာမ်ားေပမယ့္ ခ်ယ္ဆီးမွာ ျမင့္မားတဲ့လုပ္ခလစာရရွိေနၿပီး အခုလို ကိုဗစ္ကပ္ေဘးေၾကာင့္ ဘ႑ာေရးျပႆနာေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ တျခားကလပ္ေတြအတြက္ သူတို႔ကို ေခၚယူဖို႔ လုပ္ခ လစာျမင့္မားမႈက အဓိက အတားအဆီးျဖစ္ေနပါတယ္။

ခ်ယ္ဆီးဟာ တိုက္စစ္မႉး ေအဘရာဟမ္ကိုလည္း ယူ႐ို ၄၅သန္း ဝန္းက်င္နဲ႔ ႐ိုးမားအသင္းထံ ေရာင္းခ်ႏိုင္ဖို႔ နီးစပ္ေနၿပီး အသင္းအေနနဲ႔ အင္တာမီလန္ တိုက္စစ္မႉး လူကာကူကို ေပါင္ ၉၇.၅သန္းနဲ႔ ျပန္လည္ေခၚယူထားပါတယ္။