ချယ်ဆီးက ကမ္ဘာ့အကောင်းဆုံးအသင်းပါလို့ ဝန်ခံချီးကျူးလိုက်တဲ့ ပြိုင်ဘက် တိုက်စစ်မှူး

စပိန်လာလီဂါ ကလပ် ဗီလာရီးရဲလ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဂျာရတ် မော်ရီနိုကတော့ စူပါဖလားပွဲစဉ်မှာ သူတို့အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တဲ့ ချယ်ဆီးအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်ကြောင်း ဝန်ခံ ချီးကျူးသွားခဲ့ပါတယ်။

ပွဲအပြီးမှာ မော်ရီနိုက သူတို့ဟာ အကောင်းဆုံး ကြိုးစား ကစားခဲ့တဲ့ အတွက် ရှုံးပွဲအပေါ် စိတ်မပျက်မိကြောင်းနဲ့ ချယ်လ်ဆီးအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်ကြောင်း ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။

မော်ရီနိုက – “ကျွန်တော်တို့တွေ အကောင်းဆုံး ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ချယ်ဆီးအသင်းက ကျွန်တော်တို့ထက် ပိုပြီး ရေပန်းစားခဲ့ပါတယ်။ အသုံးစရိတ်တွေအကြောင်းကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ ချယ်ဆီးအသင်းက ကမ္ဘာ့အကောင်းဆုံး အသင်းပါ” လို့ ပြောကြား သွားခဲ့ပါတယ်။

ချယ်ဆီးအသင်းနဲ့ ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ စူပါဖလားပွဲစဉ်ဟာ ပွဲကစားချိန် အတွင်းမှာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ ချယ်ဆီးအသင်းဘက်က ကိုင်ဟားဗက် တဦးထဲသာ လွဲချော်ခဲ့ပြီး ဗီလာရီးရဲလ်အသင်းဘက်က မန်ဒီနဲ့ အယ်ဘီယိုတို့ လွဲချော်ခဲ့ကြပါတယ်။

ထိုပွဲမှာ ချယ်ဆီးအသင်း အတွက် တောင်ပံ ကစားသမား ဇီရက်ဇ်က အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ဗီလာရီးရဲလ်အသင်း အတွက် ချေပဂိုးကိုတော့ မော်ရီနိုက သွင်းယူပေးခဲ့တာပါ။

ZG

စပိန္လာလီဂါ ကလပ္ ဗီလာရီးရဲလ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး ဂ်ာရတ္ ေမာ္ရီႏိုကေတာ့ စူပါဖလားပြဲစဥ္မွာ သူတို႔အသင္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ယူခဲ့တဲ့ ခ်ယ္ဆီးအသင္းဟာ ကမာၻ႔အေကာင္းဆုံးအသင္း ျဖစ္ေၾကာင္း ၀န္ခံ ခ်ီးက်ဴးသြားခဲ့ပါတယ္။

ပြဲအၿပီးမွာ ေမာ္ရီႏိုက သူတို႔ဟာ အေကာင္းဆုံး ႀကိဳးစား ကစားခဲ့တဲ့ အတြက္ ရႈံးပြဲအေပၚ စိတ္မပ်က္မိေၾကာင္းနဲ႔ ခ်ယ္လ္ဆီးအသင္းဟာ ကမာၻ႔အေကာင္းဆုံးအသင္း ျဖစ္ေၾကာင္း ခ်ီးက်ဴးစကား ဆိုသြားခဲ့ပါတယ္။

ေမာ္ရီႏိုက – “ကြၽန္ေတာ္တို႔ေတြ အေကာင္းဆုံး ယွဥ္ၿပိဳင္ ကစားခဲ့ၾကပါတယ္။ ခ်ယ္ဆီးအသင္းက ကြၽန္ေတာ္တို႔ထက္ ပိုၿပီး ေရပန္းစားခဲ့ပါတယ္။ အသုံးစရိတ္ေတြအေၾကာင္းကိုေတာ့ ကြၽန္ေတာ္ မသိပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ့္ အတြက္ေတာ့ ခ်ယ္ဆီးအသင္းက ကမာၻ႔အေကာင္းဆုံး အသင္းပါ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းနဲ႔ ဗီလာရီးရဲလ္အသင္းတို႔ ယွဥ္ၿပိဳင္ ကစားခဲ့ၾကတဲ့ စူပါဖလားပြဲစဥ္ဟာ ပြဲကစားခ်ိန္ အတြင္းမွာ တဖက္ တဂိုးစီ သေရရလဒ္ ထြက္ေပၚခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရာ ခ်ယ္ဆီးအသင္းဘက္က ကိုင္ဟားဗက္ တဦးထဲသာ လြဲေခ်ာ္ခဲ့ၿပီး ဗီလာရီးရဲလ္အသင္းဘက္က မန္ဒီနဲ႔ အယ္ဘီယိုတို႔ လြဲေခ်ာ္ခဲ့ၾကပါတယ္။

ထိုပြဲမွာ ခ်ယ္ဆီးအသင္း အတြက္ ေတာင္ပံ ကစားသမား ဇီရက္ဇ္က အဖြင့္ဂိုး သြင္းယူေပးခဲ့ၿပီး ဗီလာရီးရဲလ္အသင္း အတြက္ ေခ်ပဂိုးကိုေတာ့ ေမာ္ရီႏိုက သြင္းယူေပးခဲ့တာပါ။