ချယ်ဆီး ကြယ်ပွင့် ဂေးလ်မား ကို ချီးမွမ်းခန်းဖွင့်သွားတဲ့ စကော့တလန် အသင်းခေါင်းဆောင် ရော်ဘတ်ဆန်

လီဗာပူး ခံစစ်မှူးနဲ့ စကော့တလန် အသင်းရဲ့ အသင်းခေါင်းဆောင် ရော်ဘတ်ဆန်ကတော့ ညက ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ယူရိုအုပ်စုပွဲ အပြီးမှာ ဘီလီ ဂေးလ်မားဟာ ကြီးမားတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ဖြစ်ကြောင်း ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

ဂေးလ်မားက အင်္ဂလန်အသင်းနဲ့ စကော့တလန်အသင်းတို့ရဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆုကို လည်း ရရှိခဲ့ပါတယ်။ အသက် ၂၀ အရွယ် ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်လူ ဂေးလ်မားဟာ အင်္ဂလန်အသင်းနဲ့ ပွဲစဉ်မှာ ကွင်းလယ်ဗဟို နှစ်ယောက်တွဲ နေရာ ကနေ ကစားသွားခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။

၎င်းက အင်္ဂလန်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဆီ ဘောလုံးတွေ မရောက်အောင် ဟန့်တားနိုင်ခဲ့သလို စကော့တလန်အသင်းရဲ့ တိုက်စစ်ဆင်မှု တချို့ကိုလည်း စတင် ပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ စကော့တလန်အသင်းရဲ့ အသင်းခေါင်းဆောင် ရော်ဘတ်ဆန်က ဂေးလ်မားရဲ့ ခြေစွမ်းပိုင်းကို အခုလို ချီးကျူး သွားခဲ့တာပါ။

ရော်ဘတ်ဆန်က – “ဂေးလ်မးက တကယ်ကို ကောင်းမွန်တဲ့ လူငယ်တဦးပါ။ ဒီနေ့ ဟော်တယ်မှာ သူနဲ့ကျွန်တော် စကားပြောဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကွင်းထဲမှာလည်း ခင်ဗျားတို့ သူ့ကို မြင်ခဲ့ရတာပဲ။ ဘယ်အရာကမှ ဘီလီ (ဂေးလ်မား)ကို ကြောက်အောင် မလုပ်နိုင်ပါဘူး။

ဒါကြောင့်ပဲ သူ့အနေနဲ့ စကော့တလန်အသင်းမှာ သူ ကစားချင်တဲ့ ပွဲအရေအတွက် အတိုင်း ကစားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့မှာ ကြီးမားတဲ့ အနာဂတ် ရှိပါတယ်။ ဒါပေမယ့် အခုချိန်မှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်က တကယ်ကို ကောင်းပါတယ်။ ဒီနေ့ သူရော ဗဟိုကွင်းလယ်နေရာမှာ ကစားခဲ့တဲ့ မက်ဂရီဂေါ်ရော နှစ်ယောက်စလုံးက အရမ်းကို ကောင်းခဲ့ပါတယ်” လို့ ချီးကျူးသွားပါတယ်။

ဂေးလ်မားရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ စကော့တလန်အသင်းဟာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ လိုအပ်တဲ့ ရမှတ် ၁မှတ်ကို စုဆောင်းနိုင်ခဲ့တာ ဖြစ်ပြီး အကယ်၍ အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် ကစားရမယ့် ခရိုအေးရှားအသင်းနဲ့ ပွဲစဉ်မှာသာ အနိုင်ရလဒ် ရရှိခဲ့ပါက စကော့တလန် အသင်းဟာ ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေ ကောင်းသွားမှာလည်း ဖြစ်ပါတယ်။

Zawgyi

လီဗာပူး ခံစစ္မွဴးနဲ႕ စေကာ့တလန္ အသင္းရဲ႕ အသင္းေခါင္းေဆာင္ ေရာ္ဘတ္ဆန္ကေတာ့ ညက ကစားခဲ့တဲ့ အဂၤလန္နဲ႕ ယူရိုအုပ္စုပြဲ အျပီးမွာ ဘီလီ ေဂးလ္မားဟာ ႀကီးမားတဲ့ အနာဂတ္ကို ပိုင္ဆိုင္ထားတဲ့ ကစားသမား ျဖစ္ေၾကာင္း ပြဲအၿပီးမွာ ခ်ီးက်ဴးသြားခဲ့ပါတယ္။

ေဂးလ္မားက အဂၤလန္အသင္းနဲ႔ စေကာ့တလန္အသင္းတို႔ရဲ႕ ပြဲစဥ္မွာ အေကာင္းဆုံး ကစားသမားဆုကို လည္း ရရွိခဲ့ပါတယ္။ အသက္ ၂၀ အ႐ြယ္ ခ်ယ္လ္ဆီးအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ကြင္းလယ္လူ ေဂးလ္မားဟာ အဂၤလန္အသင္းနဲ႔ ပြဲစဥ္မွာ ကြင္းလယ္ဗဟို နွစ္ေယာက္တြဲ ေနရာ ကေန ကစားသြားခဲ့ၿပီး ေျခစြမ္းျပခဲ့ပါတယ္။

၄င္းက အဂၤလန္အသင္းရဲ႕ အဓိက တိုက္စစ္မႉး ဟယ္ရီကိန္းဆီ ေဘာလုံးေတြ မေရာက္ေအာင္ ဟန႔္တားႏိုင္ခဲ့သလို စေကာ့တလန္အသင္းရဲ႕ တိုက္စစ္ဆင္မႈ တခ်ိဳ႕ကိုလည္း စတင္ ေပးႏိုင္ခဲ့ပါတယ္။

ပြဲအျပီးမွာ စေကာ့တလန္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ေရာ္ဘတ္ဆန္က ေဂးလ္မားရဲ႕ ေျခစြမ္းပိုင္းကို အခုလို ခ်ီးက်ဴး သြားခဲ့တာပါ။

ေရာ္ဘတ္ဆန္က – “ေဂးလ္မးက တကယ္ကို ေကာင္းမြန္တဲ့ လူငယ္တဦးပါ။ ဒီေန႔ ေဟာ္တယ္မွာ သူနဲ႔ကြၽန္ေတာ္ စကားေျပာျဖစ္ခဲ့ပါတယ္။ ၿပီးေတာ့ ကြင္းထဲမွာလည္း ခင္ဗ်ားတို႔ သူ႔ကို ျမင္ခဲ့ရတာပဲ။ ဘယ္အရာကမွ ဘီလီ (ေဂးလ္မား)ကို ေၾကာက္ေအာင္ မလုပ္ႏိုင္ပါဘူး။

ဒါေၾကာင့္ပဲ သူ႔အေနနဲ႔ စေကာ့တလန္အသင္းမွာ သူ ကစားခ်င္တဲ့ ပြဲအေရအတြက္ အတိုင္း ကစားႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ သူ႔မွာ ႀကီးမားတဲ့ အနာဂတ္ ရွိပါတယ္။ ဒါေပမယ့္ အခုခ်ိန္မွာလည္း သူ႔ရဲ႕ စြမ္းေဆာင္ရည္က တကယ္ကို ေကာင္းပါတယ္။ ဒီေန႔ သူေရာ ဗဟိုကြင္းလယ္ေနရာမွာ ကစားခဲ့တဲ့ မက္ဂရီေဂၚေရာ ႏွစ္ေယာက္စလုံးက အရမ္းကို ေကာင္းခဲ့ပါတယ္” လို႔ ခ်ီးက်ဴးသြားပါတယ္။

ေဂးလ္မားရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ပဲ စေကာ့တလန္အသင္းဟာ ေနာက္တဆင့္ကို တက္ေရာက္ႏိုင္ဖို႔ လိုအပ္တဲ့ ရမွတ္ ၁မွတ္ကို စုေဆာင္းႏိုင္ခဲ့တာ ျဖစ္ၿပီး အကယ္၍ အုပ္စု ေနာက္ဆုံးပြဲစဥ္ အျဖစ္ ကစားရမယ့္ ခ႐ိုေအးရွားအသင္းနဲ႔ ပြဲစဥ္မွာသာ အႏိုင္ရလဒ္ ရရွိခဲ့ပါက စေကာ့တလန္ အသင္းဟာ ၁၆သင္းအဆင့္ကို တက္လွမ္းႏိုင္ဖို႔ အေျခအေန ေကာင္းသြားမွာလည္း ျဖစ္ပါတယ္။