ဘာမဆို လုပ်ပြနိုင်တဲ့ ကန်တီက ကမ္ဘာ့ အကောင်းဆုံးပါလို့ အမွှန်းတင် ချီးကျူးလိုက်တဲ့ အသင်းဖော်

မန်စီးတီးကို အနိုင်ယူကာ ချန်ပီယံလိဂ်ဆုဖလားကြီးကို ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကျူတာက အသင်းဖော် အန်ဂိုလို ကန်တီ ကို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူဆိုပြီး ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ကိုင်ဟာဗက်ဇ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ မန်ချက်စတာစီးတီးကို အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ ချဲလ်ဆီး အသင်းအတွက်တော့ ၂၀၁၂ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

အက်ဇ်ပီလီကျူတာက “ ကျွန်တော်တည့်ပဲ ပြောတော့မယ်၊ ကန်တီက ကမ္ဘာ့အကောင်းဆုံးပါ။ သူက ဘာမဆိုလုပ်နိုင်တယ်။ သူ့ရဲ့ ခွန်အားကလည်း အံ့မခန်းပဲ၊ ဒီနေ့ဆို ဘယ်နှခါလောက် ဘောလုံးတွေ ဖြတ်ထုတ်သွားလဲ ကျွန်တော်မသိလိုက်ဘူး။ သူ့ရဲ့ ဘောလုံးကို တိုက်စစ်ပို့ပုံတွေ၊ ခံစစ်ကို လိုက်ကူပေးပုံတွေက မယုံနိုင်စရာ ကောင်းလွန်းတယ်။

ဒါက သူ့ရဲ့ထူးခြားချက်တွေပါ။ သူမပါတဲ့ပွဲတွေဆို ကျွန်တော်တို့ သူ့ကိုအရမ်းသတိရတာပါ။ ကမ္ဘာ့ဖလားလည်း ရခဲ့ပြီးတော့ အခုဆို ချန်ပီယံလိဂ်ပါ ထပ်ရပြန်ပြီ။ ပြီးတော့ သူကအရမ်းကို နှိမ့်ချတတ်တဲ့သူ။ သူ့အတွက် အရမ်းပျော်တယ်၊ ဒီအသင်းအတွက် သူကအရမ်းအရေးပါတဲ့သူဖြစ်တာကြောင့် အသင်းမှာ နောက်ထပ်နှစ်တွေ ထပ်ရှိပေးနေဖို့ မျှော်လင့်ပါတယ် ” လို့ ပြောခဲ့ပါတယ်။

ကန်တီ အပြင် ချဲလ်ဆီး အသင်းခေါင်းဆောင်က ဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားခွင့် မရရှိခဲ့တဲ့ ကစားသမားတွေကိုလည်း ချီးကျူးခဲ့ပါသေးတယ်။

Zawgyi

မန္စီးတီးကို အနုိင္ယူကာ ခ်န္ပီယံလိဂ္ဆုဖလားႀကီးကို ရရွိခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ ဆီဆာ အက္ဇ္ပီလီက်ဴတာက အသင္းေဖာ္ အန္ဂိုလို ကန္တီ ကို ကမာၻ႔အေကာင္းဆုံး ကြင္းလယ္လူဆိုၿပီး ခ်ီးက်ဴးဂုဏ္ျပဳခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ကိုင္ဟာဗက္ဇ္ရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ မန္ခ်က္စတာစီးတီးကို အႏိုင္ရရွိခဲ့တာပဲျဖစ္ပါတယ္။ ဒါဟာ ခ်ဲလ္ဆီး အသင္းအတြက္ေတာ့ ၂၀၁၂ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

အက္ဇ္ပီလီက်ဴတာက “ ကြၽန္ေတာ္တည့္ပဲ ေျပာေတာ့မယ္၊ ကန္တီက ကမာၻ႔အေကာင္းဆုံးပါ။ သူက ဘာမဆိုလုပ္ႏိုင္တယ္။ သူ႔ရဲ႕ ခြန္အားကလည္း အံ့မခန္းပဲ၊ ဒီေန႔ဆို ဘယ္ႏွခါေလာက္ ေဘာလုံးေတြ ျဖတ္ထုတ္သြားလဲ ကြၽန္ေတာ္မသိလိုက္ဘူး။ သူ႔ရဲ႕ ေဘာလုံးကို တိုက္စစ္ပို႔ပုံေတြ၊ ခံစစ္ကို လိုက္ကူေပးပုံေတြက မယုံႏိုင္စရာ ေကာင္းလြန္းတယ္။

ဒါက သူ႔ရဲ႕ထူးျခားခ်က္ေတြပါ။ သူမပါတဲ့ပြဲေတြဆို ကြၽန္ေတာ္တို႔ သူ႔ကိုအရမ္းသတိရတာပါ။ ကမာၻ႔ဖလားလည္း ရခဲ့ၿပီးေတာ့ အခုဆို ခ်န္ပီယံလိဂ္ပါ ထပ္ရျပန္ၿပီ။ ၿပီးေတာ့ သူကအရမ္းကို ႏွိမ့္ခ်တတ္တဲ့သူ။ သူ႔အတြက္ အရမ္းေပ်ာ္တယ္၊ ဒီအသင္းအတြက္ သူကအရမ္းအေရးပါတဲ့သူျဖစ္တာေၾကာင့္ အသင္းမွာ ေနာက္ထပ္ႏွစ္ေတြ ထပ္ရွိေပးေနဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ေျပာခဲ့ပါတယ္။

ကန္တီ အျပင္ ခ်ဲလ္ဆီး အသင္းေခါင္းေဆာင္က ဖိုင္နယ္ပြဲစဥ္မွာ ပါဝင္ကစားခြင့္ မရရွိခဲ့တဲ့ ကစားသမားေတြကိုလည္း ခ်ီးက်ဴးခဲ့ပါေသးတယ္။