ခ်ယ္ဆီး မေျပာင္းလာခင္ ကေလာ့ပ္၊ ဂြာဒီယိုလာနဲ႕ ေျပာဆို ေဆြးေႏြးျဖစ္ခဲ့ေၾကာင္း တူခ်ယ္ ဖြင့္ဟ

ခ်ယ္ဆီး အသင္းနည္းျပ ေသာမတ္စ္ တူခ်ယ္က သူဟာ ခ်ယ္ဆီး ကို မေျပာင္းခင္ ကေလာ့ပ္၊ ဂြါဒီယိုလာတို႔နဲ႔ စကားေျပာျဖစ္ခဲ့ေသးတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဂ်ာမန္သားဟာ ဇန္နဝါရီတုန္းက လမ္းပတ္ေနရာကို အစားဝင္လာခဲ့တာျဖစ္ၿပီး စြမ္းေဆာင္ရည္ေကာင္းေတြ ဆက္တိုက္ျပသထားႏိုင္ခဲ့တာျဖစ္ပါတယ္။

တူခ်ယ္ရဲ႕ ခ်ယ္ဆီး ဟာ ကေလာ့ပ္ရဲ႕လီဗာပူးနဲ႔ ဒီေန႔ညမွာ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ တူခ်ယ္ဟာ ကေလာ့ပ္အေၾကာင္း ေကာင္းေကာင္း သိသူျဖစ္ၿပီး ခ်ယ္ဆီး ကို မေျပာင္းခင္မွာ စကားေျပာျဖစ္ခဲ့ေသးတာျဖစ္ပါတယ္။ ကေလာ့ပ္နဲ႕ ဂြာဒီယိုလာတို႔က ပရီးမီးယားလိဂ္မွာ အသားက်ျပီး ထိပ္တန္းေတြ ျဖစ္ေနတဲ့ နည္းျပေတြ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ခ်ယ္ဆီး ကို မေျပာင္းခင္မွာ ကေလာ့ပ္နဲ႔ေကာ ဂြါဒိယိုလာနဲ႔ပါ စကားေျပာျဖစ္ခဲ့ပါတယ္။ သူတို႔ ၂ ဦးက ထိပ္တန္းနည္းျပေတြပါ။ သူတို႔ဆီကေန အႀကံတစ္ခ်ိဳ႕ ေတာင္းခဲ့ပါတယ္”လို႔ တူခ်ယ္က ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီး အသင္းဟာ လီဗာပူးအသင္းရဲ႕အထက္မွာ ၁ မွတ္အကြာနဲ႔ ရပ္တည္ေနၿပီး ဒီေန႔ညမွာသာ အႏိုင္ရခဲ့ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေျခအေနေကာင္းလာႏိုင္ပါတယ္။

Unicode

ချယ်ဆီး အသင်းနည်းပြ သောမတ်စ် တူချယ်က သူဟာ ချယ်ဆီး ကို မပြောင်းခင် ကလော့ပ်၊ ဂွါဒီယိုလာတို့နဲ့ စကားပြောဖြစ်ခဲ့သေးတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂျာမန်သားဟာ ဇန်နဝါရီတုန်းက လမ်းပတ်နေရာကို အစားဝင်လာခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက်ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။

တူချယ်ရဲ့ ချယ်ဆီး ဟာ ကလော့ပ်ရဲ့လီဗာပူးနဲ့ ဒီနေ့ညမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တူချယ်ဟာ ကလော့ပ်အကြောင်း ကောင်းကောင်း သိသူဖြစ်ပြီး ချယ်ဆီး ကို မပြောင်းခင်မှာ စကားပြောဖြစ်ခဲ့သေးတာဖြစ်ပါတယ်။ ကလော့ပ်နဲ့ ဂွာဒီယိုလာတို့က ပရီးမီးယားလိဂ်မှာ အသားကျပြီး ထိပ်တန်းတွေ ဖြစ်နေတဲ့ နည်းပြတွေ ဖြစ်ပါတယ်။

“ကျွန်တော် ချယ်ဆီး ကို မပြောင်းခင်မှာ ကလော့ပ်နဲ့ကော ဂွါဒိယိုလာနဲ့ပါ စကားပြောဖြစ်ခဲ့ပါတယ်။ သူတို့ ၂ ဦးက ထိပ်တန်းနည်းပြတွေပါ။ သူတို့ဆီကနေ အကြံတစ်ချို့ တောင်းခဲ့ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

ချယ်ဆီး အသင်းဟာ လီဗာပူးအသင်းရဲ့အထက်မှာ ၁ မှတ်အကွာနဲ့ ရပ်တည်နေပြီး ဒီနေ့ညမှာသာ အနိုင်ရခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းလာနိုင်ပါတယ်။