ေႏြအတြက္ ခ်ယ္ဆီး ေခၚယူဖို႔ အခုတည္းက လႈပ္ရွားခ်ဥ္းကပ္ေနတဲ့ ဗဟိုခံစစ္မွဴး

ခ်ယ္ဆီးအသင္းဟာ လာမယ့္ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ခံစစ္ပိုင္းကို အင္အား ျဖည့္တင္းသြားဖို႔အတြက္ ဗဟို ခံစစ္မႉးသစ္ တစ္ေယာက္ ေခၚယူသြားဖို႔ ျပင္ဆင္လ်က္ရွိေနရာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ဂ်ာမန္ေနာက္ခံကစားသမား ဇူလာကို အရ ေခၚယူသြားႏိုင္ဖို႔အတြက္ ခုတည္းက လႈပ္ရွားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

အသက္(၂၅)ႏွစ္ အ႐ြယ္ရွိ ဂ်ာမနီလက္ေ႐ြးစင္ ေနာက္ခံကစားသမား ဇူလာဟာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အဓိက ေနာက္ခံလူ တစ္ေယာက္ ျဖစ္ေပမယ့္လည္း ဘိုင္ယန္အသင္း ဘ႑ာေရး အၾကပ္အတည္း အနည္းငယ္နဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ဇူလာကို ေရာင္းခ်ဖို႔အထိ ျပင္ဆင္လာခဲ့တာပါ။

ဥေရာပရဲ႕ အေတြ႕အႀကဳံရင့္ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဇူလာကို ကလပ္အသင္းမ်ားစြာကေန စိတ္ဝင္စားလ်က္ရွိေနၿပီး ဒီအသင္းေတြထဲမွာ ခ်ယ္ဆီး အသင္းလည္း ထိပ္ဆုံးကေန ပါဝင္လို႔ေနပါတယ္။

ခ်ယ္ဆီးအသင္းဟာဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ အလာဘာကို စတင္ပစ္မွတ္ထားခဲ့တာျဖစ္ေပမယ့္လည္း အလာဘာရဲ႕လစာ ပမာဏက ျမင့္မားလြန္း ေနတဲ့အျပင္ ကစားသမားကိုယ္တိုင္ကလည္း ရီးရဲလ္မက္္ဒရစ္ အသင္းဆီကိုပဲ ေျပာင္းေ႐ႊ႕ဖို႔ ဆႏၵရွိေနတာေၾကာင့္ ေနာက္ထပ္ ဘိုင္ယန္ခံစစ္မႉးတစ္ေယာက္ျဖစ္တဲ့ ဇူလာကို ေျပာင္းလဲပစ္မွတ္ထားလာခဲ့တာ ျဖစ္ပါတယ္။

ဇူလာကေတာ့ လာမယ့္ ၂၀၂၂ခုႏွစ္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္လို႔ ဘိုင္ယန္ဘက္ကေန သူ႔ကို သက္တမ္းတိုးဖို႔ အဆင္ မေျပႏိုင္ေတာ့ဘူး ဆိုရင္ ေႏြေစ်းကြက္အတြင္းမွာ မျဖစ္မေန ေရာင္းခ်ရမွာျဖစ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ ဘိုင္ယန္အေနနဲ႔ ဇူလာကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္လြတ္ရမွာျဖစ္လို႔ ဇူလာအေနနဲ႔ ဘိုင္ယန္မွာ ဆက္ရွိဖို႔ကာ မေရမရာသာ ျဖစ္လာခဲ့ရပါတယ္။

ဇူလာရဲ႕လက္ရွိတန္ေၾကးက ေပါင္ သန္း(၄၀)ဝန္းက်င္ေလာက္ ရွိေနေပမယ့္လည္း ခ်ယ္ဆီးဘက္က ဇူလာအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၂၆)သန္းေလာက္နဲ႕ စတင္ ကမ္းလွမ္းသြားမယ္လို႔လည္း သိရပါတယ္။

Unicode

ချယ်ဆီးအသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ခံစစ်ပိုင်းကို အင်အား ဖြည့်တင်းသွားဖို့အတွက် ဗဟို ခံစစ်မှူးသစ် တစ်ယောက် ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေရာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်နောက်ခံကစားသမား ဇူလာကို အရ ခေါ်ယူသွားနိုင်ဖို့အတွက် ခုတည်းက လှုပ်ရှားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၂၅)နှစ် အရွယ်ရှိ ဂျာမနီလက်ရွေးစင် နောက်ခံကစားသမား ဇူလာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက နောက်ခံလူ တစ်ယောက် ဖြစ်ပေမယ့်လည်း ဘိုင်ယန်အသင်း ဘဏ္ဍာရေး အကြပ်အတည်း အနည်းငယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ဇူလာကို ရောင်းချဖို့အထိ ပြင်ဆင်လာခဲ့တာပါ။

ဥရောပရဲ့ အတွေ့အကြုံရင့် နောက်ခံလူတစ်ဦးဖြစ်တဲ့ ဇူလာကို ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ ချယ်ဆီး အသင်းလည်း ထိပ်ဆုံးကနေ ပါဝင်လို့နေပါတယ်။

ချယ်ဆီးအသင်းဟာဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကို စတင်ပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့်လည်း အလာဘာရဲ့လစာ ပမာဏက မြင့်မားလွန်း နေတဲ့အပြင် ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ် အသင်းဆီကိုပဲ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် နောက်ထပ် ဘိုင်ယန်ခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ ဇူလာကို ပြောင်းလဲပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

ဇူလာကတော့ လာမယ့် ၂၀၂၂ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဘိုင်ယန်ဘက်ကနေ သူ့ကို သက်တမ်းတိုးဖို့ အဆင် မပြေနိုင်တော့ဘူး ဆိုရင် နွေဈေးကွက်အတွင်းမှာ မဖြစ်မနေ ရောင်းချရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဘိုင်ယန်အနေနဲ့ ဇူလာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမှာဖြစ်လို့ ဇူလာအနေနဲ့ ဘိုင်ယန်မှာ ဆက်ရှိဖို့ကာ မရေမရာသာ ဖြစ်လာခဲ့ရပါတယ်။

ဇူလာရဲ့လက်ရှိတန်ကြေးက ပေါင် သန်း(၄၀)ဝန်းကျင်လောက် ရှိနေပေမယ့်လည်း ချယ်ဆီးဘက်က ဇူလာအတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၆)သန်းလောက်နဲ့ စတင် ကမ်းလှမ်းသွားမယ်လို့လည်း သိရပါတယ်။