ဒဏ္ရာ ျပင္းထန္ေပမယ့္ ျဖတ္ထုတ္သူ လက္စ္ဆဲလက္ကို မေ၀ဖန္လိုတဲ့ ခ်ယ္ဆီးတိုက္စစ္မွဴး ေအဗရာဟမ္

ခ်ယ္ဆီးနည္းျပ ေသာမက္စ္ တူခ်ယ္က ယမန္ေန႔ညက နယူးကာဆယ္ကို ၂-ဝဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ထိခိုက္သြားတဲ့ ေအဘရာဟမ္ရဲ႕ ဒဏ္ရာ အေျခအေနအေၾကာင္း မသိရေသးဘူးလို႔ ဆိုခဲ့ပါတယ္။

တိုက္စစ္မွဴး ေအဘရာဟမ္ဟာ ဧရိယာထဲ လက္စ္ဆဲလက္ရဲ႕ ရွင္းထုတ္မႈေၾကာင့္ ျပင္းထန္စြာ ဒဏ္ရာရရွိသြားခဲ့တာ ျဖစ္ပါတယ္။ အဂၤလန္သား ဟာ ဆက္လက္ မကစားႏိုင္ခဲ့တာေၾကာင့္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တဲ့ ဂ်ီေရာ့ဒ္နဲ႔ လူစားလဲခဲ့ရပါတယ္။

တူခ်ယ္က “ဘာမွ ေျပာစရာမရွိေသးပါဘူး။ သူ ပြဲအေစာပိုင္းမွာ ျပင္းထန္တဲ့ ျဖတ္ထုတ္မႈေၾကာင့္ လူစားလဲခဲ့ရတာျဖစ္လို႔ စိတ္ပူစရာပါပဲ။ ကြၽန္ေတာ္တို႔ စိတ္ပူေနေပမဲ့ သတင္းသစ္ေတာ့ မရွိေသးပါဘူး”လို႔ ေျပာဆိုခဲ့ပါတယ္။

လက္စ္ဆဲလက္ရဲ႕ ျဖတ္ထုတ္မႈက ၾကမ္းတမ္းခဲ့လားလို႔ ေမးခဲ့ရာမွာ ေအဘရာဟမ္က “ၾကမ္းပါတယ္။ လက္ေထာက္နည္းက သူ႔ကို Ipadနဲ႔ ျပဖို႔ ႀကိဳးစားခဲ့ပါတယ္။ အဲ့ဒါက ျပင္းထန္တဲ့ ျဖတ္ထုတ္မႈ ျဖစ္တယ္ဆိုတဲ့ ခံစားခ်က္ ရွိပါတယ္။ သူေဘာလုံးျဖတ္ထုတ္လိုက္တာ မွန္ေပမဲ့ အရွိန္လြန္ၿပီး လူကို ထိသြားတဲ့အတြက္ အဲ့ဒါက ျပစ္ဒဏ္ေဘာပါ။ အဲ့ဒါက ျပင္းထန္ေပမဲ့ ကြၽန္ေတာ္ မေဝဖန္ခ်င္ပါဘူး”လို႔ ဆိုခဲ့ပါတယ္။

Unicode

ချယ်ဆီးနည်းပြ သောမက်စ် တူချယ်က ယမန်နေ့ညက နယူးကာဆယ်ကို ၂-ဝဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ထိခိုက်သွားတဲ့ အေဘရာဟမ်ရဲ့ ဒဏ်ရာ အခြေအနေအကြောင်း မသိရသေးဘူးလို့ ဆိုခဲ့ပါတယ်။

တိုက်စစ်မှူး အေဘရာဟမ်ဟာ ဧရိယာထဲ လက်စ်ဆဲလက်ရဲ့ ရှင်းထုတ်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်သား ဟာ ဆက်လက် မကစားနိုင်ခဲ့တာကြောင့် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တဲ့ ဂျီရော့ဒ်နဲ့ လူစားလဲခဲ့ရပါတယ်။

တူချယ်က “ဘာမှ ပြောစရာမရှိသေးပါဘူး။ သူ ပွဲအစောပိုင်းမှာ ပြင်းထန်တဲ့ ဖြတ်ထုတ်မှုကြောင့် လူစားလဲခဲ့ရတာဖြစ်လို့ စိတ်ပူစရာပါပဲ။ ကျွန်တော်တို့ စိတ်ပူနေပေမဲ့ သတင်းသစ်တော့ မရှိသေးပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

လက်စ်ဆဲလက်ရဲ့ ဖြတ်ထုတ်မှုက ကြမ်းတမ်းခဲ့လားလို့ မေးခဲ့ရာမှာ အေဘရာဟမ်က “ကြမ်းပါတယ်။ လက်ထောက်နည်းက သူ့ကို Ipadနဲ့ ပြဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒါက ပြင်းထန်တဲ့ ဖြတ်ထုတ်မှု ဖြစ်တယ်ဆိုတဲ့ ခံစားချက် ရှိပါတယ်။ သူဘောလုံးဖြတ်ထုတ်လိုက်တာ မှန်ပေမဲ့ အရှိန်လွန်ပြီး လူကို ထိသွားတဲ့အတွက် အဲ့ဒါက ပြစ်ဒဏ်ဘောပါ။ အဲ့ဒါက ပြင်းထန်ပေမဲ့ ကျွန်တော် မဝေဖန်ချင်ပါဘူး”လို့ ဆိုခဲ့ပါတယ်။