တူခ်ယ္ရဲ႕ တပည့္ေက်ာ္ ေဖာ္ထုတ္လိုက္တဲ့ ဒီရာသီ ခ်ယ္ဆီးရဲ႕ အဓိက ပစ္မွတ္

ခ်ယ္ဆီး လက္ေထာက္နည္းျပ ေဇာ့လိုက နည္းျပ တူခ်ယ္နဲ႔ အဖြဲ႕ဝင္ေတြဟာ အသင္းနဲ႔ ပထမရာသီမွာ အဓိက ပစ္မွတ္ အျဖစ္ ထိပ္သီး ၄သင္းထဲ ဝင္ဖို႔ ရည္မွန္း ေနေၾကာင္း ေျပာျပခဲ့ပါတယ္။

ပီအက္စ္ဂ်ီမွာ တူခ်ယ္နဲ႔ အတူ လက္တြဲခဲ့တဲ လိုက လာမယ့္ေႏြရာသီထိ အသင္းသစ္ ရွာေတြ႕မယ္ မေမွ်ာ္လင့္ခဲ့ေၾကာင္းနဲ႔ ခ်ယ္ဆီး ကို ကိုင္တြယ္ခြင့္ အား ပယ္မခ်ႏိုင္ခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။ တူခ်ယ္ဟာ အဆင့္၉ ေနရာေရာက္ေနၿပီး နည္းျပ လမ္းပတ္ကို ထုတ္ပယ္ထားတဲ့ ခ်ယ္ဆီး အသင္းကို ကိုင္တြယ္ခဲ့ရကာ ယခင္က ပရီးမီယားလိဂ္ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တယ္ဆိုၿပီး သတ္မွတ္ခံခဲ့ရတဲ့ အသင္းကို စတင္ ကိုင္တြယ္ခဲ့ရတာပါ။

လိုက “ဒီလ အနည္းငယ္အတြင္းမွာ ဆုဖလား ရရမယ္ဆိုတဲ့ ရည္မွန္းခ်က္နဲ႔ ဒီကို ေရာက္လာတာ မဟုတ္ပါဘူး။ ထိပ္သီး ၄သင္းထဲ ဝင္ရင္ ေတာ္ေတာ္ေလး စြမ္းေဆာင္ရည္ေကာင္းတယ္လို႔ ေျပာရမွာ ျဖစ္ၿပီး အသင္းကလည္း အဲ့ဒါကို ေက်နပ္မွာပါ။ ကစားသမားေကာင္း ရွိတဲ့ အသင္းသာမက အသင္းတိုင္းက အႏိုင္ရဖို႔ ခက္ေပမဲ့ အေကာင္းဆုံး နည္းျပေတြက ပရီးမီးယားလိဂ္မွာ ရွိေနတာပါ”လို႔ ေျပာခဲ့ပါတယ္။

တူခ်ယ္ဟာ ခ်ယ္ဆီး အသင္းကို ကိုင္တြယ္စဥ္ကေန စတင္အက်ိဳးျပဳခဲ့ၿပီး အဆင့္၅ေနရာ ေရာက္လာခဲ့ကာ အဆင့္၄ေနရာက လီဗာပူးနဲ႔ ၁မွတ္ သာ ကြာပါေတာ့တယ္။ တူခ်ယ္လက္ထက္ ခ်ယ္ဆီးဟာ ပထမ၄ပြဲဆက္ ရႈံးပြဲ မရွိခဲ့ပဲ ၃ပြဲဆက္ ႏိုင္ပြဲ ရထားပါတယ္။

တူခ်ယ္အတြက္ အခက္အခဲေတြအျဖစ္ ေဖေဖာ္ဝါရီ ၂၀ကေန မတ္လ ၂၀အတြင္း ေဆာက္သမ္တန္၊ အက္သလက္တီကို၊ ယူႏိုက္တက္၊ အဲဗာတန္၊ လိဒ္ယူႏိုက္တက္၊ အက္သလက္တီကို(ဒုေက်ာ့)၊ လီဗာပူးတို႔နဲ႔ ကစားရဖို႔ ရွိေနပါတယ္။

Unicode

ချယ်ဆီး လက်ထောက်နည်းပြ ဇော့လိုက နည်းပြ တူချယ်နဲ့ အဖွဲ့ဝင်တွေဟာ အသင်းနဲ့ ပထမရာသီမှာ အဓိက ပစ်မှတ် အဖြစ် ထိပ်သီး ၄သင်းထဲ ဝင်ဖို့ ရည်မှန်း နေကြောင်း ပြောပြခဲ့ပါတယ်။

ပီအက်စ်ဂျီမှာ တူချယ်နဲ့ အတူ လက်တွဲခဲ့တဲ လိုက လာမယ့်နွေရာသီထိ အသင်းသစ် ရှာတွေ့မယ် မမျှော်လင့်ခဲ့ကြောင်းနဲ့ ချယ်ဆီး ကို ကိုင်တွယ်ခွင့် အား ပယ်မချနိုင်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ တူချယ်ဟာ အဆင့်၉ နေရာရောက်နေပြီး နည်းပြ လမ်းပတ်ကို ထုတ်ပယ်ထားတဲ့ ချယ်ဆီး အသင်းကို ကိုင်တွယ်ခဲ့ရကာ ယခင်က ပရီးမီယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တယ်ဆိုပြီး သတ်မှတ်ခံခဲ့ရတဲ့ အသင်းကို စတင် ကိုင်တွယ်ခဲ့ရတာပါ။

လိုက “ဒီလ အနည်းငယ်အတွင်းမှာ ဆုဖလား ရရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဒီကို ရောက်လာတာ မဟုတ်ပါဘူး။ ထိပ်သီး ၄သင်းထဲ ဝင်ရင် တော်တော်လေး စွမ်းဆောင်ရည်ကောင်းတယ်လို့ ပြောရမှာ ဖြစ်ပြီး အသင်းကလည်း အဲ့ဒါကို ကျေနပ်မှာပါ။ ကစားသမားကောင်း ရှိတဲ့ အသင်းသာမက အသင်းတိုင်းက အနိုင်ရဖို့ ခက်ပေမဲ့ အကောင်းဆုံး နည်းပြတွေက ပရီးမီးယားလိဂ်မှာ ရှိနေတာပါ”လို့ ပြောခဲ့ပါတယ်။

တူချယ်ဟာ ချယ်ဆီး အသင်းကို ကိုင်တွယ်စဉ်ကနေ စတင်အကျိုးပြုခဲ့ပြီး အဆင့်၅နေရာ ရောက်လာခဲ့ကာ အဆင့်၄နေရာက လီဗာပူးနဲ့ ၁မှတ် သာ ကွာပါတော့တယ်။ တူချယ်လက်ထက် ချယ်ဆီးဟာ ပထမ၄ပွဲဆက် ရှုံးပွဲ မရှိခဲ့ပဲ ၃ပွဲဆက် နိုင်ပွဲ ရထားပါတယ်။

တူချယ်အတွက် အခက်အခဲတွေအဖြစ် ဖေဖော်ဝါရီ ၂၀ကနေ မတ်လ ၂၀အတွင်း ဆောက်သမ်တန်၊ အက်သလက်တီကို၊ ယူနိုက်တက်၊ အဲဗာတန်၊ လိဒ်ယူနိုက်တက်၊ အက်သလက်တီကို(ဒုကျော့)၊ လီဗာပူးတို့နဲ့ ကစားရဖို့ ရှိနေပါတယ်။