ဒီလထဲမှာ အသင်းပြောင်း ထွက်ခွာသွားဖို့ ရှိနေတဲ့ ချယ်ဆီး စီနီယာ ကစားသမား ၃ ဦး

ချယ်ဆီးအသင်းမှ စီနီယာကစားသမား ၃ ဦးဖြစ်တဲ့ တိုမိုရီ ၊ အလွန်ဆို နဲ့ အီမာဆန်တို့ဟာ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ဈေးကွက် မပိတ်ခင်မှာပဲ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။

ချယ်ဆီးကလည်း လက်ရှိ အသင်းရဲ့လူအင်အားကို ထပ်မံဖြည့်တင်းချင်နေပြီး ဒေါ့မွန်က ဟာလန်း နဲ့ ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်တို့ကို အားဖြည့်ချင်နေပါတယ်။ ရောသီတုန်းက ပေါင်သန်း ၂၂၀ ကျော်အသုံးပြုထားခဲ့တာကြောင့် ချယ်ဆီးအနေနဲ့ အခုလထဲမှာတော့ ကစားသမားသစ် ခေါ်ယူဖွယ် မရှိသေးပါဘူး။

နောက်ဆုံး သတင်းတွေကတော့ ချယ်ဆီးကစားသမား ၃ ဦးဖြစ်တဲ့ တိုမိုရီ ၊ အလွန်ဆို နဲ့ အီမာဆန်တို့ဟာ ဒီလထဲမှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိေ နတယ်လို့ ဖော်ပြခဲ့ပါတယ်။

တိုမိုရီကို အေစီမီလန်အသင်းကချိတ်ဆက်နေပြီး အခုလာမယ့်အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။ နောက်ထပ် ကစားသမား တစ်ဦးကတော့ အလွန်ဆိုဖြစ်ပြီး စပိန်သားဟာ စက်တင်ဘာလက ဝက်စ်ဘရွန်းကို ၃-၃ ဂိုးနဲ့ သရေကျခဲ့တဲ့ပွဲပြီးကတည်းက အသင်းလူစာရင်းမှာ မပါဝင်တော့တာဖြစ်ပါတယ်။

အလွန်ဆိုကို တီကို နဲ့ အင်တာမီလန်အသင်းတို့က ချိတ်ဆက်နေပြီး အခုအပြောင်းအရွှေ့မှာပဲ ထွက်ခွာဖွယ်ရှိနေပါတယ်။ နောက်တစ်ဦး ဖြစ်တဲ့ အီမာဆန်ကလည်း ချယ်ဆီးမှာ အလွန်ဆို နည်းတူ ပွဲထွက်ခွင့်မရတာကြောင့် အသင်းကနေ ထွက်ခွာချင်နေပါတယ်။ အီတလီသားကို ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းမွ စီနီယာကစားသမား ၃ ဦးျဖစ္တဲ့ တိုမိုရီ ၊ အလြန္ဆို နဲ႔ အီမာဆန္တို႔ဟာ လက္ရွိ ဇန္န၀ါရီ အေျပာင္းအေ႐ႊ႕ကာလ ေစ်းကြက္ မပိတ္ခင္မွာပဲ အသင္းကေန ထြက္ခြာဖြယ္ ရွိေနပါတယ္။

ခ်ယ္ဆီးကလည္း လက္ရွိ အသင္းရဲ႕လူအင္အားကို ထပ္မံျဖည့္တင္းခ်င္ေနၿပီး ေဒါ့မြန္က ဟာလန္း နဲ႔ ဝက္စ္ဟမ္းက ဒီကလန္႐ိုက္စ္တို႔ကို အားျဖည့္ခ်င္ေနပါတယ္။ ေရာသီတုန္းက ေပါင္သန္း ၂၂၀ ေက်ာ္အသုံးျပဳထားခဲ့တာေၾကာင့္ ခ်ယ္ဆီးအေနနဲ႔ အခုလထဲမွာေတာ့ ကစားသမားသစ္ ေခၚယူဖြယ္ မရွိေသးပါဘူး။

ေနာက္ဆံုး သတင္းေတြကေတာ့ ခ်ယ္ဆီးကစားသမား ၃ ဦးျဖစ္တဲ့ တိုမိုရီ ၊ အလြန္ဆို နဲ႔ အီမာဆန္တို႔ဟာ ဒီလထဲမွာပဲ အသင္းကေန ထြက္ခြာဖြယ္ရွိေ နတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

တိုမိုရီကို ေအစီမီလန္အသင္းကခ်ိတ္ဆက္ေနၿပီး အခုလာမယ့္အေျပာင္းအေ႐ႊ႕မွာပဲ အသင္းကေန ထြက္ခြာဖြယ္ရွိေနပါတယ္။ ေနာက္ထပ္ ကစားသမား တစ္ဦးကေတာ့ အလြန္ဆိုျဖစ္ၿပီး စပိန္သားဟာ စက္တင္ဘာလက ဝက္စ္ဘ႐ြန္းကို ၃-၃ ဂိုးနဲ႔ သေရက်ခဲ့တဲ့ပြဲၿပီးကတည္းက အသင္းလူစာရင္းမွာ မပါဝင္ေတာ့တာျဖစ္ပါတယ္။

အလြန္ဆိုကို တီကို နဲ႔ အင္တာမီလန္အသင္းတို႔က ခ်ိတ္ဆက္ေနၿပီး အခုအေျပာင္းအေ႐ႊ႕မွာပဲ ထြက္ခြာဖြယ္ရွိေနပါတယ္။ ေနာက္တစ္ဦး ျဖစ္တဲ့ အီမာဆန္ကလည္း ခ်ယ္ဆီးမွာ အလြန္ဆို နည္းတူ ပြဲထြက္ခြင့္မရတာေၾကာင့္ အသင္းကေန ထြက္ခြာခ်င္ေနပါတယ္။ အီတလီသားကို ဂ်ဴဗင္တပ္စ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။