ချယ်ဆီး Vs အက်စတွန်ဗီလာ ပွဲအတွက် လော်ရိုး သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီးအသင်းဟာ ကြားရက် ပရီးမီးယားလိဂ် ပွဲမှာ အက်စတွန်ဗီလာ အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး စတန်းဖို့ဒ်ဘရစ်ချ် မှာ ဧည့်ခံ ကစားရတော့မှာပါ။ ပွဲချိန် ကတော့ ဒီဇင်ဘာလ ၂၈ ရက်၊ တနင်္လာနေ့ ည ၁၂း၀၀ နာရီမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ် အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုး က – ” အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲမှာ ချယ်ဆီးရဲ့ စွမ်းဆောင်ရည်က ဆိုးရွားနေခဲ့တာကြောင့် နည်းပြလမ်းပတ်က ဝေဖန်ပြစ်တင်ခဲ့တာ အံ့ဩစရာတော့ မရှိပါဘူး။ ချယ်ဆီးဟာ နောက်ဆုံးလိဂ် ၄ ပွဲမှာ ၃ ပွဲရှုံးခဲ့ပြီးတော့ အခု ထပ်တွေ့ရမယ့် ပြိုင်ဘက်ကလဲ ယုံကြည်မှုအပြည့်နဲ့ ပျံသန်းနေတဲ့ အက်စ်တွန်ဗီလာဖြစ်တာကြောင့် လွယ်ကူမှာ မဟုတ်ပါဘူး။

ဗီလာက ခရစ္စတယ်ပဲလေ့စ်ကို နိုင်ခဲ့တဲ့ပွဲမှာ ဒုတိယပိုင်းတစ်ပိုင်းလုံး ၁၀ ယောက်ထဲနဲ့ ကစားခဲ့ပေမယ့် တိုက်စစ်ပိုင်းက ပိုပြီး အန္တရာယ်ရှိတဲ့ အသင်းဆိုတာကို ပြသနိုင်ဆဲပါ။ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော်က ချယ်ဆီးဘက်ကို ရပ်တည်နေဦးမှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေ အရင်ရှုံးပွဲကို တုံ့ပြန်လာလိမ့်မယ်လို့ ထင်တယ်။ သေချာပေါက် ထပ်ပြီးတော့ ဆိုးဆိုးရွားရွား မဖြစ်နိုင်လောက်ပါဘူး။

စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဗီလာက ဘာပဲဖြစ်ဖြစ် လက်ကျန်ရာသီကို ရှေ့ဆက်ဖို့ အကောင်းဆုံးလမ်းကို ခင်းနိုင်ခဲ့တုန်းပါပဲ။ မနှစ်က သူတို့ ၂၅ မှတ်ရဖို့ ၂၄ ပွဲ အချိန်ယူခဲ့ပေမယ့် ဒီနှစ်မှာ ၉ ပွဲလျော့ပြီး ရယူနိုင်ခဲ့တယ်။ လက်တွေ့ကျကျပြောရရင် သူတို့တွေက ထိပ်ဆုံးလေးသင်းကို စိန်ခေါ်နိုင်ဦးမှာ မဟုတ်ပေမယ့် သူတို့ရဲ့ ရလဒ်ကောင်းတွေနဲ့ သံသယရှိသူတွေ မှားကြောင်းကို သက်သေပြခဲ့ပြီးသားပါ။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-၀ အက်စတွန်ဗီလာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ၾကားရက္ ပရီးမီးယားလိဂ္ ပြဲမွာ အက္စတြန္ဗီလာ အသင္းနဲ႕ ထိပ္တိုက္ေတြ႔ဆံုေနျပီး စတန္းဖို႔ဒ္ဘရစ္ခ်္ မွာ ဧည့္ခံ ကစားရေတာ့မွာပါ။ ပြဲခ်ိန္ ကေတာ့ ဒီဇင္ဘာလ ၂၈ ရက္၊ တနလၤာေန႔ ည ၁၂း၀၀ နာရီမွာ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။

ဒီပြဲစဥ္ အတြက္ ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

ေလာ္ရိုး က – ” အာဆင္နယ္ကို ရႈံးခဲ့တဲ့ပြဲမွာ ခ်ယ္ဆီးရဲ႕ စြမ္းေဆာင္ရည္က ဆိုး႐ြားေနခဲ့တာေၾကာင့္ နည္းျပလမ္းပတ္က ေဝဖန္ျပစ္တင္ခဲ့တာ အံ့ဩစရာေတာ့ မရွိပါဘူး။ ခ်ယ္ဆီးဟာ ေနာက္ဆုံးလိဂ္ ၄ ပြဲမွာ ၃ ပြဲရႈံးခဲ့ၿပီးေတာ့ အခု ထပ္ေတြ႕ရမယ့္ ၿပိဳင္ဘက္ကလဲ ယုံၾကည္မႈအျပည့္နဲ႔ ပ်ံသန္းေနတဲ့ အက္စ္တြန္ဗီလာျဖစ္တာေၾကာင့္ လြယ္ကူမွာ မဟုတ္ပါဘူး။

ဗီလာက ခရစၥတယ္ပဲေလ့စ္ကို ႏိုင္ခဲ့တဲ့ပြဲမွာ ဒုတိယပိုင္းတစ္ပိုင္းလုံး ၁၀ ေယာက္ထဲနဲ႔ ကစားခဲ့ေပမယ့္ တိုက္စစ္ပိုင္းက ပိုၿပီး အႏၲရာယ္ရွိတဲ့ အသင္းဆိုတာကို ျပသႏိုင္ဆဲပါ။ ဒါေပမယ့္ ဒီေနရာမွာ ကြၽန္ေတာ္က ခ်ယ္ဆီးဘက္ကို ရပ္တည္ေနဦးမွာပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ အရင္ရႈံးပြဲကို တုံ႔ျပန္လာလိမ့္မယ္လို႔ ထင္တယ္။ ေသခ်ာေပါက္ ထပ္ၿပီးေတာ့ ဆိုးဆိုး႐ြား႐ြား မျဖစ္ႏိုင္ေလာက္ပါဘူး။

စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ဗီလာက ဘာပဲျဖစ္ျဖစ္ လက္က်န္ရာသီကို ေရွ႕ဆက္ဖို႔ အေကာင္းဆုံးလမ္းကို ခင္းႏိုင္ခဲ့တုန္းပါပဲ။ မႏွစ္က သူတို႔ ၂၅ မွတ္ရဖို႔ ၂၄ ပြဲ အခ်ိန္ယူခဲ့ေပမယ့္ ဒီႏွစ္မွာ ၉ ပြဲေလ်ာ့ၿပီး ရယူႏိုင္ခဲ့တယ္။ လက္ေတြ႕က်က်ေျပာရရင္ သူတို႔ေတြက ထိပ္ဆုံးေလးသင္းကို စိန္ေခၚႏိုင္ဦးမွာ မဟုတ္ေပမယ့္ သူတို႔ရဲ႕ ရလဒ္ေကာင္းေတြနဲ႔ သံသယရွိသူေတြ မွားေၾကာင္းကို သက္ေသျပခဲ့ၿပီးသားပါ။ ” လို႔ သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ ခ်ယ္ဆီး ၂-၀ အက္စတြန္ဗီလာ ျဖစ္ပါတယ္။