ဒီည ချယ်ဆီး Vs အက်စတွန်ဗီလာ ပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီး အသင်းဟာ အာဆင်နယ်နဲ့ ကစားပြီး ၄၈ နာရီ အတွင်းမှာပဲ အက်စတွန်ဗီလာနဲ့ ထပ်မံ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဒီဇင်ဘာလ ၂၈ရက် ဒီည ၁၂း၀၀ နာရီ တိတိမှာပါ။

ချယ်ဆီးနဲ့ အက်စတွန်ဗီလာတို့ ပွဲစဉ်နဲ့ ပတ်သတ်ပြီး နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” ဖရန့်လမ်းပတ်ကတော့ သူ့အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အိပ်မက်တွေ အသက်သွင်းနိုင်ဖို့ အနိုင် ၃ မှတ်ကို ရှာဖွေ ပါလိမ့်မယ်။ ချယ်ဆီးရဲ့ ခံစစ်ကြောင်းကတော့ စိတ်ပူစရာတွေ ရှိနေဆဲပါ။ ဒါကြောင့် အက်စတွန်ဗီလာ အသင်း အနေနဲ့ အခွင့်ကောင်းတွေ ရလာရင် ကောင်တာ တိုက်စစ်ကနေ ချယ်ဆီးကို ထိခိုက်အောင် လုပ်ပါလိမ့်မယ်။

ကျနော်ကတော့ ဒီပွဲက ဖွင့် ကစားကြမယ် ထင်ပါတယ်။ ဗီလာက ခံစစ် တော်တော်များများကို ချိုးဖျက်နိုင်စွမ်း ရှိတဲ့ အသင်းပါ။ ဒါပေမယ့် ချယ်ဆီး တိုက်စစ်အားကလည်း သိပ်ကောင်းနေတာကြောင့် ကျနော်ကတော့ သူတို့ဘက်က ရှိချင်ပါတယ်။ နှစ်သင်းလုံး ဂိုးသွင်းကြမှာ ဖြစ်ပြီး အနိုင် သုံးမှတ်ကတော့ ချယ်ဆီးပဲ ယူပါလိမ့်မယ်။ ” လို့ ဆိုပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး 3-1 အက်စတွန်ဗီလာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္းဟာ အာဆင္နယ္နဲ႕ ကစားျပီး ၄၈ နာရီ အတြင္းမွာပဲ အက္စတြန္ဗီလာနဲ႕ ထပ္မံ ယွဥ္ျပိဳင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ဒီဇင္ဘာလ ၂၈ရက္ ဒီည ၁၂း၀၀ နာရီ တိတိမွာပါ။

ခ်ယ္ဆီးနဲ႕ အက္စတြန္ဗီလာတို႔ ပြဲစဥ္နဲ႕ ပတ္သတ္ျပီး နာမည္ေက်ာ္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

အို၀င္က – ” ဖရန္႔လမ္းပတ္ကေတာ့ သူ႔အသင္းရဲ႕ ပရီးမီးယားလိဂ္ ခ်န္ပီယံ အိပ္မက္ေတြ အသက္သြင္းနုိင္ဖို႔ အနိုင္ ၃ မွတ္ကို ရွာေဖြ ပါလိမ့္မယ္။ ခ်ယ္ဆီးရဲ႕ ခံစစ္ေၾကာင္းကေတာ့ စိတ္ပူစရာေတြ ရွိေနဆဲပါ။ ဒါေၾကာင့္ အက္စတြန္ဗီလာ အသင္း အေနနဲ႕ အခြင့္ေကာင္းေတြ ရလာရင္ ေကာင္တာ တိုက္စစ္ကေန ခ်ယ္ဆီးကို ထိခိုက္ေအာင္ လုပ္ပါလိမ့္မယ္။

က်ေနာ္ကေတာ့ ဒီပြဲက ဖြင့္ ကစားၾကမယ္ ထင္ပါတယ္။ ဗီလာက ခံစစ္ ေတာ္ေတာ္မ်ားမ်ားကို ခ်ိဳးဖ်က္နုိင္စြမ္း ရွိတဲ့ အသင္းပါ။ ဒါေပမယ့္ ခ်ယ္ဆီး တိုက္စစ္အားကလည္း သိပ္ေကာင္းေနတာေၾကာင့္ က်ေနာ္ကေတာ့ သူတို႔ဘက္က ရွိခ်င္ပါတယ္။ နွစ္သငး္လံုး ဂိုးသြင္းၾကမွာ ျဖစ္ျပီး အနုိင္ သံုးမွတ္ကေတာ့ ခ်ယ္ဆီးပဲ ယူပါလိမ့္မယ္။ ” လို႔ ဆိုပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ ခ်ယ္ဆီး 3-1 အက္စတြန္ဗီလာ ျဖစ္ပါတယ္။