ခရစၥမတ္ကာလ ၄၈ နာရီအတြင္း ၂ ပြဲကစားရတဲ့ ပြဲစဥ္ဇယားကို လမ္းပတ္ ေ၀ဖန္

လမ္းပတ္က ခ်ဲလ္ဆီးအသင္းဟာ ခရစၥမတ္ကာလမွာ ၄၈နာရီ အတြင္း ၂ပြဲကစားရကာ ဆုဖလား စိန္ေခၚမႈအတြက္ အသာမရဘူးလို႔ ဆိုခဲ့ၿပီး ပရီးမီးယားလိဂ္က ေနာက္ျပန္ဆြဲေနတယ္လို႔လည္း စြပ္စြဲသြားခဲ့ပါတယ္။ ခ်ဲလ္ဆီး အသင္းဟာ ေဘာက္ဆင္ေဒးမွာ အာဆင္နယ္နဲ႔ ကစားရမွာ ျဖစ္ၿပီး ၄၈ နာရီအၾကာမွာ အက္စတြန္ဗီလာနဲ႔ ဆက္ကစားရမွာပါ။

မန္စီးတီးဟာလည္း ခ်ဲလ္ဆီးနဲ႔ တူညီတဲ့ ပြဲကစားခ်ိန္ ျဖစ္ေပမဲ့ လီဗာပူးနဲ႔ ေတာ့တင္ဟမ္တို႔ကေတာ့ ဒီဇင္ဘာ ၂၇၊ ဒီဇင္ဘာ ၃၀ရက္ေန႔၊ ယူႏိုက္တက္က ဒီဇင္ဘာ ၂၆နဲ႔ ဒီဇင္ဘာ ၂၉ရက္ေန႔ေတြမွာ ကစားရမွာျဖစ္တာေၾကာင့္ လမ္းပတ္က မတရားဘူးလို႔ ယုံၾကည္ခဲ့တာ ျဖစ္ပါတယ္။

နည္းျပ လမ္းပတ္က ” ၂ရက္၊ ၄၈နာရီအတြင္း ၂ပြဲ ကစားရမွာပါ။ ကြၽန္ေတာ္ မႀကိဳးစားခ်င္တာ မဟုတ္ေပမဲ့ အမွတ္ေတြက အေရးႀကီးေနၿပီး ဇယားထိပ္ေနရာအတြက္ စိန္ေခၚႏိုင္တဲ့ အသင္းေတြ ရွိေနၿပီး သူတို႔က်ေတာ့ ၃ရက္မွာ ၂ပြဲ ကစားတာ ျဖစ္ပါတယ္။ ၿပီးေတာ့ ဘာေၾကာင့္ ဒီလိုေတြ ျဖစ္လဲဆိုတာ ကြၽန္ေတာ္ ေသခ်ာသိပါတယ္။ ပြဲက ႐ုပ္သံလႊင့္သူေတြ ရွိေနပါတယ္။

ကြၽန္ေတာ္တို႔ အာဆင္နယ္နဲ႔ ေဘာက္ဆင္ေဒးမွာ ကစားၿပီး မန္စီးတီးနဲ႔ ပြဲက တနဂၤေႏြေန႔ကို ေ႐ႊ႕သြားပါတယ္။ ဒါေၾကာင့္ ပြဲခ်ိန္ဇယားက ကြၽန္ေတာ္တို႔လည္း မကစားႏိုင္သလို ဗီလာကလည္း အဂၤါေန႔မွာ ကစားခ်င္ပါတယ္။ သူတို႔လည္း နားရက္ ၁ရက္ပိုရခ်င္သလို ကြၽန္ေတာ္တို႔လည္း တူတူပါပဲ။ ဒါေပမဲ့ ပရီးမီးယားလိဂ္နဲ႔ ႐ုပ္သံလႊင့္သူေတြရဲ႕ ျငင္းပယ္ျခင္းခံခဲ့ရပါတယ္။

႐ုပ္သံလႊင့္သူေတြနဲ႔ ပရီးမီးယားလိဂ္ကိုပဲ အျပစ္တင္ရမွာပါ။ သူတို႔အခ်င္းခ်င္း ပူးေပါင္းၿပီေတာ့ ဆုံးျဖတ္လိုက္တဲ့အခါ သူတို႔ ကြၽန္ေတာ္တို႔ကို ၄၈နာရီအတြင္း ၂ပြဲ ေပးကစားၿပီး အျခား စိန္ေခၚေနတဲ့ အသင္းေတြကိုေတာ့ ၃ရက္ ၂ပြဲ ကစားေစခဲ့ပါတယ္။ ဒါက ဘယ္လို မွ်တလဲ မေျပာတတ္ပါဘူး။ ဒါက ဒီလို ထိပ္တန္းအဆင့္မွာ ကစားသမားေတြအတြက္ အေကာင္းဆုံး ျဖစ္မယ္လို႔ မထင္ပါဘူး။

ကြၽန္ေတာ့္ကို တစ္မ်ိဳးမျမင္ပါနဲ႔။ ဗီလာလည္း အေျခအေန တူတူပါပဲ။ ကြၽန္ေတာ္တို႔ အခ်င္းခ်င္း ကစားရမွာျဖစ္လို႔ ၂သင္းစလုံး ျပႆနာ တူတူပါပဲ။ ဒါေပမဲ့ အျခားသူေတြ နားရသလို ကြၽန္ေတာ္တို႔ မနားရဘူးလို႔ပဲ ေျပာခ်င္တာပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

လမ္းပတ္က ပြဲၾကပ္ေတြ ဆက္တိုက္ ကစားရမယ္ အေျခအေနမွာ ဗီလာနဲ႔ပြဲစဥ္အတြင္း လူအေျပာင္းအလဲမ်ားစြာ ျပဳလုပ္သြားမယ္လို႔ ဆိုခဲ့ပါတယ္။

Unicode – လမ်းပတ်က ချဲလ်ဆီးအသင်းဟာ ခရစ္စမတ်ကာလမှာ ၄၈နာရီ အတွင်း ၂ပွဲကစားရကာ ဆုဖလား စိန်ခေါ်မှုအတွက် အသာမရဘူးလို့ ဆိုခဲ့ပြီး ပရီးမီးယားလိဂ်က နောက်ပြန်ဆွဲနေတယ်လို့လည်း စွပ်စွဲသွားခဲ့ပါတယ်။ ချဲလ်ဆီး အသင်းဟာ ဘောက်ဆင်ဒေးမှာ အာဆင်နယ်နဲ့ ကစားရမှာ ဖြစ်ပြီး ၄၈ နာရီအကြာမှာ အက်စတွန်ဗီလာနဲ့ ဆက်ကစားရမှာပါ။

မန်စီးတီးဟာလည်း ချဲလ်ဆီးနဲ့ တူညီတဲ့ ပွဲကစားချိန် ဖြစ်ပေမဲ့ လီဗာပူးနဲ့ တော့တင်ဟမ်တို့ကတော့ ဒီဇင်ဘာ ၂၇၊ ဒီဇင်ဘာ ၃၀ရက်နေ့၊ ယူနိုက်တက်က ဒီဇင်ဘာ ၂၆နဲ့ ဒီဇင်ဘာ ၂၉ရက်နေ့တွေမှာ ကစားရမှာဖြစ်တာကြောင့် လမ်းပတ်က မတရားဘူးလို့ ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ လမ်းပတ်က ” ၂ရက်၊ ၄၈နာရီအတွင်း ၂ပွဲ ကစားရမှာပါ။ ကျွန်တော် မကြိုးစားချင်တာ မဟုတ်ပေမဲ့ အမှတ်တွေက အရေးကြီးနေပြီး ဇယားထိပ်နေရာအတွက် စိန်ခေါ်နိုင်တဲ့ အသင်းတွေ ရှိနေပြီး သူတို့ကျတော့ ၃ရက်မှာ ၂ပွဲ ကစားတာ ဖြစ်ပါတယ်။ ပြီးတော့ ဘာကြောင့် ဒီလိုတွေ ဖြစ်လဲဆိုတာ ကျွန်တော် သေချာသိပါတယ်။ ပွဲက ရုပ်သံလွှင့်သူတွေ ရှိနေပါတယ်။

ကျွန်တော်တို့ အာဆင်နယ်နဲ့ ဘောက်ဆင်ဒေးမှာ ကစားပြီး မန်စီးတီးနဲ့ ပွဲက တနင်္ဂနွေနေ့ကို ရွှေ့သွားပါတယ်။ ဒါကြောင့် ပွဲချိန်ဇယားက ကျွန်တော်တို့လည်း မကစားနိုင်သလို ဗီလာကလည်း အင်္ဂါနေ့မှာ ကစားချင်ပါတယ်။ သူတို့လည်း နားရက် ၁ရက်ပိုရချင်သလို ကျွန်တော်တို့လည်း တူတူပါပဲ။ ဒါပေမဲ့ ပရီးမီးယားလိဂ်နဲ့ ရုပ်သံလွှင့်သူတွေရဲ့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

ရုပ်သံလွှင့်သူတွေနဲ့ ပရီးမီးယားလိဂ်ကိုပဲ အပြစ်တင်ရမှာပါ။ သူတို့အချင်းချင်း ပူးပေါင်းပြီတော့ ဆုံးဖြတ်လိုက်တဲ့အခါ သူတို့ ကျွန်တော်တို့ကို ၄၈နာရီအတွင်း ၂ပွဲ ပေးကစားပြီး အခြား စိန်ခေါ်နေတဲ့ အသင်းတွေကိုတော့ ၃ရက် ၂ပွဲ ကစားစေခဲ့ပါတယ်။ ဒါက ဘယ်လို မျှတလဲ မပြောတတ်ပါဘူး။ ဒါက ဒီလို ထိပ်တန်းအဆင့်မှာ ကစားသမားတွေအတွက် အကောင်းဆုံး ဖြစ်မယ်လို့ မထင်ပါဘူး။

ကျွန်တော့်ကို တစ်မျိုးမမြင်ပါနဲ့။ ဗီလာလည်း အခြေအနေ တူတူပါပဲ။ ကျွန်တော်တို့ အချင်းချင်း ကစားရမှာဖြစ်လို့ ၂သင်းစလုံး ပြဿနာ တူတူပါပဲ။ ဒါပေမဲ့ အခြားသူတွေ နားရသလို ကျွန်တော်တို့ မနားရဘူးလို့ပဲ ပြောချင်တာပါ”လို့ ပြောဆိုခဲ့ပါတယ်။

လမ်းပတ်က ပွဲကြပ်တွေ ဆက်တိုက် ကစားရမယ် အခြေအနေမှာ ဗီလာနဲ့ပွဲစဉ်အတွင်း လူအပြောင်းအလဲများစွာ ပြုလုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။