ေနာက္ထပ္ သီေယဂို ေဆးဗား တစ္ေယာက္ ထပ္ေခၚဖို႔ ခ်ိတ္ဆက္ေနတဲ့ ခ်ယ္ဆီး

ခ်ယ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ေႏြက ၀ါရင့္ ခံစစ္မွဴး သီေယဂို ေဆးဗားကို ေျပာင္းေရႊ႕ေၾကးနဲ႕ အလြတ္နဲ႕ ေခၚယူခဲ့ျပီးေနာက္ ခံစစ္တန္းကို ျငိမ္ေအာင္ ထိန္းလာနုိင္ခဲ့တဲ့ ခ်ယ္ဆီးဟာ ေနာက္ထပ္ အလြတ္နဲ႕ ရနုိင္မယ့္ ၀ါရင့္ တစ္ဦးကို ထပ္မံ ေခၚဖို႔ ခ်ိတ္ဆက္ေနပါတယ္။ ၄င္းကေတာ့ ဘိုင္ယန္ျမဴးနစ္ကေန စာခ်ဳပ္ကုန္ဆံုးကာ ေျပာင္ေရႊ႕ေၾကး အလြတ္နဲ႕ ရလာနုိင္မယ့္ အလာဘာ ျဖစ္ပါတယ္။

ခံစစ္တန္းကို ျငိမ္သည္ထက္ ျငိမ္လာေအာင္ တည္ေဆာက္လုိေနတဲ့ ခ်ယ္ဆီးနည္းျပ လမး္ပတ္ဟာ ထပ္မံ အင္အားျဖည့္ဖို႔ အလာဘာကို စိတ္ဝင္စားလာခဲ့ပါတယ္။ ဂ်ာမန္ သတင္းဌာနတစ္ခုရဲ႕အဆိုအရ အလာဘာရဲ႕ကိုယ္စားလွယ္ေတြဟာ ခ်ယ္ဆီးနဲ႔ ေဆြးေႏြးေနတယ္လို႔ ေဖာ္ျပခဲ့ျပီး ခ်ယ္ဆီး အသင္း အေနနဲ႔ ပီအက္စ္ဂ်ီအသင္းနဲ႔ ယွဥ္ၿပိဳင္ရဖြယ္ ရွိေနပါတယ္။

အသက္ ၂၈ ႏွစ္သားကို မန္စီးတီး နဲ႔ လီဗာပူးတို႔ကလည္း ခ်ိတ္ဆက္ေနတာျဖစ္ပါတယ္။ ဘိုင္ယန္နည္းျပ ဖလစ္ကေတာ့ သီယာဂို အယ္လ္ကန္တာရာ လက္လႊတ္ခဲ့ရျပီးေနာက္ အလာဘာကို အသင္းမွာ ဆက္ထိန္းဖို႔ အလိုရွိေနပါတယ္။

“သူ(အလာဘာ) ဘိုင္ယန္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမယ္လို႔ ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက ဘိုင္ယန္အေၾကာင္း ေကာင္းေကာင္း သိထားလို႔ပါ။ သူ႔အေနနဲ႔ ဘိုင္ယန္မွာ ကစားရတာကို ေပ်ာ္႐ႊင္ေနမယ္လို႔ ထင္ပါတယ္။ စာခ်ဳပ္သစ္ ကိစၥကို ျပန္စဥ္းစားမယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ သူဘယ္လိုပဲ ဆုံးျဖတ္ဆုံးျဖတ္ ကြၽန္ေတာ္တို႔ သူ႔ဆုံးျဖတ္ခ်က္ကို ေလးစားသြားမွာပါ”လို႔ ဘိုင္ယန္ နည္းျပ ဖလစ္က ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီး နည္းျပ လမ္းပတ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက အသင္းအတြက္ ေပါင္သန္း ၂၀၀ ေက်ာ္အသုံးျပဳၿပီး ကစားသမားသစ္ေတြ ေခၚယူခဲ့တာ ျဖစ္ပါတယ္။ ေနာက္ အေျပာငး္အေရႊ႕မ်ားမွာေတာ့ ေငြသံုး ထိုပမာဏေလာက္ မၾကမ္းဘဲ ေသခ်ာ စိစစ္ အကြက္ေရႊ႕သြားဖို႔ ရွိေနပါတယ္။

Zawgyi – ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေက ဝါရင့် ခံစစ်မှူး သီယေဂို ဆေးဗားကို ပြောင်းရွှေ့ကြေးနဲ့ အလွတ်နဲ့ ခေါ်ယူခဲ့ပြီးနောက် ခံစစ်တန်းကို ငြိမ်အောင် ထိန်းလာနိုင်ခဲ့တဲ့ ချယ်ဆီးဟာ နောက်ထပ် အလွတ်နဲ့ ရနိုင်မယ့် ဝါရင့် တစ်ဦးကို ထပ်မံ ခေါ်ဖို့ ချိတ်ဆက်နေပါတယ်။ ၎င်းကတော့ ဘိုင်ယန်မြူးနစ်ကနေ စာချုပ်ကုန်ဆုံးကာ ပြောင်ရွှေ့ကြေး အလွတ်နဲ့ ရလာနိုင်မယ့် အလာဘာ ဖြစ်ပါတယ်။

ခံစစ်တန်းကို ငြိမ်သည်ထက် ငြိမ်လာအောင် တည်ဆောက်လိုနေတဲ့ ချယ်ဆီးနည်းပြ လမ်းပတ်ဟာ ထပ်မံ အင်အားဖြည့်ဖို့ အလာဘာကို စိတ်ဝင်စားလာခဲ့ပါတယ်။ ဂျာမန် သတင်းဌာနတစ်ခုရဲ့အဆိုအရ အလာဘာရဲ့ကိုယ်စားလှယ်တွေဟာ ချယ်ဆီးနဲ့ ဆွေးနွေးနေတယ်လို့ ဖော်ပြခဲ့ပြီး ချယ်ဆီး အသင်း အနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။

အသက် ၂၈ နှစ်သားကို မန်စီးတီး နဲ့ လီဗာပူးတို့ကလည်း ချိတ်ဆက်နေတာဖြစ်ပါတယ်။ ဘိုင်ယန်နည်းပြ ဖလစ်ကတော့ သီယာဂို အယ်လ်ကန်တာရာ လက်လွှတ်ခဲ့ရပြီးနောက် အလာဘာကို အသင်းမှာ ဆက်ထိန်းဖို့ အလိုရှိနေပါတယ်။

“သူ(အလာဘာ) ဘိုင်ယန်နဲ့ စာချုပ်သစ် ချုပ်ဆိုမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ဘိုင်ယန်အကြောင်း ကောင်းကောင်း သိထားလို့ပါ။ သူ့အနေနဲ့ ဘိုင်ယန်မှာ ကစားရတာကို ပျော်ရွှင်နေမယ်လို့ ထင်ပါတယ်။ စာချုပ်သစ် ကိစ္စကို ပြန်စဉ်းစားမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ကျွန်တော်တို့ သူ့ဆုံးဖြတ်ချက်ကို လေးစားသွားမှာပါ”လို့ ဘိုင်ယန် နည်းပြ ဖလစ်က ပြောကြားခဲ့ပါတယ်။

ချယ်ဆီး နည်းပြ လမ်းပတ်ဟာ ပြီးခဲ့တဲ့နွေရာသီက အသင်းအတွက် ပေါင်သန်း ၂၀၀ ကျော်အသုံးပြုပြီး ကစားသမားသစ်တွေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ နောက် အပြောင်းအရွှေ့များမှာတော့ ငွေသုံး ထိုပမာဏလောက် မကြမ်းဘဲ သေချာ စိစစ် အကွက်ရွှေ့သွားဖို့ ရှိနေပါတယ်။