ဒီတစ္ပတ္ ရန္းနက္စ္အသင္းကို ခ်ယ္ဆီး နုိင္မွ ျဖစ္မယ့္ အေၾကာင္းရင္း လမ္းပတ္ ထုတ္ေျပာ

ခ်ယ္ဆီး အသင္းရဲ႕နည္းျပ ဖရန႔္ခ္လမ္းပတ္က ရန္းနက္စ္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ကို အႏိုင္ရမွ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္မွာျဖစ္ၿပီး ကစားသမားေတြကို ေနာက္လာမယ့္ ပြဲၾကပ္ေတြ အတြက္ အနားေပးႏိုင္မွာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

နည္းျပလမ္းပတ္က “ကြၽန္ေတာ္အခ်ိန္ဇယားကို ၾကည့္ၿပီးၿပီ ပြဲက်ပ္ေတြခ်ည့္ပဲ။ အာဆင္နယ္နဲ႔ ေဘာက္ဆင္ေဒးပြဲ ကစားၿပီးရင္ ႏွစ္ရက္နားၿပီး အက္စတြန္ဗီလာနဲ႔ ထပ္ကစားရမယ္။ အဲ့ဒါေၾကာင့္ ဒီပြဲကို (ရန္းနက္စ္နဲ႔) အႏိုင္ရမွျဖစ္မယ္ ဒါမွေနာက္ပိုင္းပြဲေတြမွာ ကစားသမားေတြကို အနားေပးလို႔ရမွာပါ။ ဒါေပမယ့္ လက္ရွိအုပ္စုမွာလည္း ဗိုလ္စြဲခ်င္တယ္။ အလွည့္က် သုံးမွျဖစ္မယ္ဆိုရင္ေတာင္ အသင္းလူစာရင္းအေပၚမွာ အားရၿပီးသားပါ ” လို႔ ေျပာခဲ့ပါတယ္။

ဂ်ာမန္ ကြင္းလယ္ ကစားသမား ကိုင္ဟာဗက္ဇ္လည္း ဒီလကအစက ကိုဗစ္ ေတြ႕ရွိခဲ့ၿပီးေနာက္ သီးျခားခြဲေနမႈၿပီးဆုံးခဲ့လို႔ ျပန္ကစားႏိုင္ေတာ့မွာျဖစ္သလို ေနာက္ဆုံးလိဂ္ပြဲကို လြဲေခ်ာ္ခဲ့တဲ့ သီယာဂို ေဆးလ္ဗားလည္း အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာခဲ့ပါတယ္။

အေမရိကန္တိုက္စစ္ကစားသမား ခရစၥတီယန္ပူလီဆစ္လည္း ေျခက်င္းဝတ္ဒဏ္ရာကေန ျပန္သက္သာလာၿပီး တနဂၤေႏြေန႔မွာ ကစားမယ့္ ေတာ့တင္ဟမ္နဲ႔ပြဲစဥ္မွာ ျပန္လည္ပါဝင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာျပခဲ့ပါတယ္။

လမ္းပတ္က “ရန္းနက္စ္နဲ႔ပြဲကို အျပည့္အဝအာ႐ုံစိုက္ထားပါတယ္၊ တနဂၤေႏြေန႔က်ရင္ ေတာ့တင္ဟမ္နဲ႔ လန္ဒန္ဒါဘီပြဲ ရွိေနေပမယ့္ ဒီပြဲကိုလည္း ေလးစားမႈအျပည့္နဲ႔ ကစားသြားမွာပါ ” လို႔ ေျပာခဲ့ပါတယ္။

လမ္းပတ္ရဲ႕ ခ်ယ္ဆီး အသင္းဟာ အုပ္စုပြဲစဥ္ ၃ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၇ မွတ္နဲ႔ အုပ္စု E ကို ဦးေဆာင္လ်က္ရွိပါတယ္။

Unicode

ချယ်ဆီး အသင်းရဲ့နည်းပြ ဖရန့်ခ်လမ်းပတ်က ရန်းနက်စ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ကို အနိုင်ရမှ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး ကစားသမားတွေကို နောက်လာမယ့် ပွဲကြပ်တွေ အတွက် အနားပေးနိုင်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

နည်းပြလမ်းပတ်က “ကျွန်တော်အချိန်ဇယားကို ကြည့်ပြီးပြီ ပွဲကျပ်တွေချည့်ပဲ။ အာဆင်နယ်နဲ့ ဘောက်ဆင်ဒေးပွဲ ကစားပြီးရင် နှစ်ရက်နားပြီး အက်စတွန်ဗီလာနဲ့ ထပ်ကစားရမယ်။ အဲ့ဒါကြောင့် ဒီပွဲကို (ရန်းနက်စ်နဲ့) အနိုင်ရမှဖြစ်မယ် ဒါမှနောက်ပိုင်းပွဲတွေမှာ ကစားသမားတွေကို အနားပေးလို့ရမှာပါ။ ဒါပေမယ့် လက်ရှိအုပ်စုမှာလည်း ဗိုလ်စွဲချင်တယ်။ အလှည့်ကျ သုံးမှဖြစ်မယ်ဆိုရင်တောင် အသင်းလူစာရင်းအပေါ်မှာ အားရပြီးသားပါ ” လို့ ပြောခဲ့ပါတယ်။

ဂျာမန် ကွင်းလယ် ကစားသမား ကိုင်ဟာဗက်ဇ်လည်း ဒီလကအစက ကိုဗစ် တွေ့ရှိခဲ့ပြီးနောက် သီးခြားခွဲနေမှုပြီးဆုံးခဲ့လို့ ပြန်ကစားနိုင်တော့မှာဖြစ်သလို နောက်ဆုံးလိဂ်ပွဲကို လွဲချော်ခဲ့တဲ့ သီယာဂို ဆေးလ်ဗားလည်း အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

အမေရိကန်တိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်လည်း ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်သက်သာလာပြီး တနင်္ဂနွေနေ့မှာ ကစားမယ့် တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပြခဲ့ပါတယ်။

လမ်းပတ်က “ရန်းနက်စ်နဲ့ပွဲကို အပြည့်အဝအာရုံစိုက်ထားပါတယ်၊ တနင်္ဂနွေနေ့ကျရင် တော့တင်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲ ရှိနေပေမယ့် ဒီပွဲကိုလည်း လေးစားမှုအပြည့်နဲ့ ကစားသွားမှာပါ ” လို့ ပြောခဲ့ပါတယ်။

လမ်းပတ်ရဲ့ ချယ်ဆီး အသင်းဟာ အုပ်စုပွဲစဉ် ၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၇ မှတ်နဲ့ အုပ်စု E ကို ဦးဆောင်လျက်ရှိပါတယ်။