ခ်ယ္ဆီးက ဒီရာသီမွာတင္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု စိန္ေခၚနိုင္ေနျပီလို႔ ဂ်ိဳကိုးလ္ ေထာက္ခံ

ခ်ယ္ဆီး ကစားသမားေဟာင္းၾကီး ဂ်ိဳးလ္ကိုးလ္ကေတာ့ သူ႔ရဲ႕ အသင္းေဟာင္း လန္ဒန္ကလပ္ဟာ ဒီႏွစ္ရာသီမွာတင္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့ အင္အားမ်ိဳး ပိုင္ဆိုင္ထားေနၿပီျဖစ္ေၾကာင္း နယူးကာဆယ္နဲ႔ ပြဲအၿပီးမွာ သုံးသပ္ေျပာၾကားသြားခဲ့ပါတယ္။ ခ်ယ္ဆီးအသင္းဟာ နိုင္ငံတာ သီတင္းပတ္ အျပီး လိဂ္ပြဲမွာ တီယာဂိုေဆးဗားလ္၊ ကိုင္းဟားဗက္ဇ္နဲ႔ ပူလီဆစ္တို႔လို အဓိက ကစားသမားအခ်ိဳ႕ မပါဝင္ႏိုင္ခဲ့ေပမဲ့ အေဝးကြင္းပြဲစဥ္မွာ ၂ ဂိုးျပတ္ အႏိုင္ကစားနိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီ မွာ ျပႆနာတစ္ခုလို ျဖစ္ခဲ့တဲ့ ခံစစ္ပိုင္းအားနည္းမႈကို နည္းျပလမ္းပတ္တစ္ေယာက္ အေျဖရွာႏိုင္ခဲ့ၿပီလို႔ ဆိုလို႔ရၿပီး ဂိုးသမားမန္ဒီကလည္း ဒီႏွစ္ရာသီမွာ ေပးဂိုးမဲ့ပြဲ ၇ ပြဲအထိ ရယူ ထားႏိုင္ခဲ့ၿပီ ျဖစ္တာေၾကာင့္ ခ်ယ္ဆီးအသင္း ရလဒ္ပိုင္းေတြဟာ အားရစရာ အေနအထားတစ္ခုကို ေရာက္ရွိလာခဲ့ၿပီလို႔ ဆိုႏိုင္ပါတယ္။

ကိုဗစ္ကူးစက္ခံရမႈေၾကာင့္ မပါဝင္ႏိုင္ခဲ့တဲ့ ကိုင္းဟားဗက္ဇ္နဲ႔ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ပူလီဆစ္တို႔ ျပန္လာခ်ိန္က်ရင္ေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီထက္မက ပိုေကာင္းလာႏိုင္ၿပီး ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့ အေျခအေနမ်ိဳးအထိ ေရာက္ရွိလာလိမ့္မယ္လို႔ ဂ်ိဳးလ္ကိုးလ္က ယုံၾကည္ေနတာ ျဖစ္ပါတယ္။

“ၾကည့္လိုက္စမ္းပါ။ ခ်ယ္ဆီးမွာက ပူလီဆစ္လို ကစားသမားမ်ိဳး ရွိေနမယ္။ ကိုင္းဟားဗက္ဇ္လို ၾကယ္ပြင့္ကိုလည္း ပိုင္ဆိုင္ထားတဲ့အသင္းဟာ အရမ္းကိုပဲ ေ႐ြးခ်ယ္စရာ နည္းလမ္းေကာင္းေတြနဲ႔ မ်ားေတာင္ ေနပါလိမ့္မယ္။ ခ်ယ္ဆီးက မွန္ကန္တဲ့ တည္ေဆာက္မႈမ်ိဳးကို ေ႐ြးခ်ယ္ႏိုင္ဖို႔ပဲ လိုအပ္ေနေတာ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းအေနနဲ႔ေတာ့ ခိုင္မာတဲ့ ဖြဲ႕စည္းပုံတစ္ခုကို ရွိေနၿပီ၊ ကစားဟန္တစ္ခုကို ပိုင္ဆိုင္ထားၿပီ၊ နည္းျပ ဖရန္႕ လမ္းပတ္ ကစားခ်င္တဲ့ နည္းလမ္းကိုလည္း ေတြ႕ေနရၿပီလို႔ပဲ ေျပာရပါမယ္။ အဲဒီအတြက္ ဖရန္႔ ကိုပဲ အသိအမွတ္ ျပဳရပါလိမ့္မယ္။ ခ်ယ္ဆီးအသင္းနဲ႔ပတ္သက္လို႔ သူ႔ရဲ႕ ခံယူခ်က္ေတြကို အားလုံးျမင္ေတြ႕ေနခဲ့ရၿပီေလ။ လုပ္အားႏႈန္း၊ ႀကိဳးစားမႈ၊ စည္းလုံးညီၫြတ္မႈနဲ႔ မာန္ဟုန္ျပင္းျပင္း ကစားႏိုင္မႈေတြက အားရစရာ ေကာင္းေနပါတယ္။”

“ဖရန္႔က ဒါေတြကို တည္ေဆာက္ျပထားႏိုင္ခဲ့ပါတယ္။ ခ်ယ္ဆီးပရိသတ္ေတြအဖို႔ေတာ့ အရမ္းကိုပဲ စိတ္လႈပ္ရွားစရာေကာင္းတဲ့ ကာလတစ္ခုကို ေရာက္ေနၿပီပဲ ျဖစ္ပါတယ္။ အေျပာင္းအေ႐ႊ႕ ပိတ္ပင္ခံရတဲ့ ကာလေတြအလြန္မွာ အမွတ္ေပးဇယားထိပ္ပိုင္းကို ျပန္ေရာက္လာခဲ့ပါၿပီ။” လို႔ ေျပာၾကားခဲ့ပါတယ္။

Unicode

ချယ်ဆီး ကစားသမားဟောင်းကြီး ဂျိုးလ်ကိုးလ်ကတော့ သူ့ရဲ့ အသင်းဟောင်း လန်ဒန်ကလပ်ဟာ ဒီနှစ်ရာသီမှာတင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အင်အားမျိုး ပိုင်ဆိုင်ထားနေပြီဖြစ်ကြောင်း နယူးကာဆယ်နဲ့ ပွဲအပြီးမှာ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ နိုင်ငံတာ သီတင်းပတ် အပြီး လိဂ်ပွဲမှာ တီယာဂိုဆေးဗားလ်၊ ကိုင်းဟားဗက်ဇ်နဲ့ ပူလီဆစ်တို့လို အဓိက ကစားသမားအချို့ မပါဝင်နိုင်ခဲ့ပေမဲ့ အဝေးကွင်းပွဲစဉ်မှာ ၂ ဂိုးပြတ် အနိုင်ကစားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ မှာ ပြဿနာတစ်ခုလို ဖြစ်ခဲ့တဲ့ ခံစစ်ပိုင်းအားနည်းမှုကို နည်းပြလမ်းပတ်တစ်ယောက် အဖြေရှာနိုင်ခဲ့ပြီလို့ ဆိုလို့ရပြီး ဂိုးသမားမန်ဒီကလည်း ဒီနှစ်ရာသီမှာ ပေးဂိုးမဲ့ပွဲ ၇ ပွဲအထိ ရယူ ထားနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ချယ်ဆီးအသင်း ရလဒ်ပိုင်းတွေဟာ အားရစရာ အနေအထားတစ်ခုကို ရောက်ရှိလာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

ကိုဗစ်ကူးစက်ခံရမှုကြောင့် မပါဝင်နိုင်ခဲ့တဲ့ ကိုင်းဟားဗက်ဇ်နဲ့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပူလီဆစ်တို့ ပြန်လာချိန်ကျရင်တော့ ချဲလ်ဆီးအသင်းအနေနဲ့ ဒီထက်မက ပိုကောင်းလာနိုင်ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အခြေအနေမျိုးအထိ ရောက်ရှိလာလိမ့်မယ်လို့ ဂျိုးလ်ကိုးလ်က ယုံကြည်နေတာ ဖြစ်ပါတယ်။

“ကြည့်လိုက်စမ်းပါ။ ချယ်ဆီးမှာက ပူလီဆစ်လို ကစားသမားမျိုး ရှိနေမယ်။ ကိုင်းဟားဗက်ဇ်လို ကြယ်ပွင့်ကိုလည်း ပိုင်ဆိုင်ထားတဲ့အသင်းဟာ အရမ်းကိုပဲ ရွေးချယ်စရာ နည်းလမ်းကောင်းတွေနဲ့ များတောင် နေပါလိမ့်မယ်။ ချယ်ဆီးက မှန်ကန်တဲ့ တည်ဆောက်မှုမျိုးကို ရွေးချယ်နိုင်ဖို့ပဲ လိုအပ်နေတော့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းအနေနဲ့တော့ ခိုင်မာတဲ့ ဖွဲ့စည်းပုံတစ်ခုကို ရှိနေပြီ၊ ကစားဟန်တစ်ခုကို ပိုင်ဆိုင်ထားပြီ၊ နည်းပြ ဖရန့် လမ်းပတ် ကစားချင်တဲ့ နည်းလမ်းကိုလည်း တွေ့နေရပြီလို့ပဲ ပြောရပါမယ်။ အဲဒီအတွက် ဖရန့် ကိုပဲ အသိအမှတ် ပြုရပါလိမ့်မယ်။ ချယ်ဆီးအသင်းနဲ့ပတ်သက်လို့ သူ့ရဲ့ ခံယူချက်တွေကို အားလုံးမြင်တွေ့နေခဲ့ရပြီလေ။ လုပ်အားနှုန်း၊ ကြိုးစားမှု၊ စည်းလုံးညီညွတ်မှုနဲ့ မာန်ဟုန်ပြင်းပြင်း ကစားနိုင်မှုတွေက အားရစရာ ကောင်းနေပါတယ်။”

“ဖရန့်က ဒါတွေကို တည်ဆောက်ပြထားနိုင်ခဲ့ပါတယ်။ ချယ်ဆီးပရိသတ်တွေအဖို့တော့ အရမ်းကိုပဲ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကာလတစ်ခုကို ရောက်နေပြီပဲ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ ပိတ်ပင်ခံရတဲ့ ကာလတွေအလွန်မှာ အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်ရောက်လာခဲ့ပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။