ဇန်နဝါရီအဝယ်စာရင်းထဲ ၃ ဦး ထပ်တိုးပြီး ဇန်နဝါရီအတွက် ပစ်မှတ် ၆ ဦးထိရှိလာတဲ့ ချယ်ဆီး

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ဘိုင္ယန္ျမဴးနစ္နဲ႔ အတြဲက်တဲ့ ခ်ယ္ဆီးဟာ ျပည္တြင္းလိဂ္မွာ ရလဒ္ေတြမေကာင္း ျဖစ္ေနျပီး စြမ္းေဆာင္ရည္ေတြ ျပန္တက္လာဖို႔ လိုအပ္ေနတာေၾကာင့္ ဇန္နဝါရီကို လူအင္အားျဖည့္မႈေတြ ေသခ်ာေပါက္ လုပ္ေဆာင္လာေတာ့မွာျဖစ္တယ္။

အေျပာင္းအေရႊ႔ ပိတ္ခံထားရမႈကို အယူခံဝင္မႈ ေအာင္ျမင္ထားတဲ့ ခ်ယ္ဆီးဟာ နာမည္ၾကီး ကစားသမားေတြနဲ႔ ခ်ိတ္ဆက္မႈေတြ ရွိထားခဲ့ျပီး တိုက္စစ္သမား၊ ေတာင္ပံတိုက္စစ္၊ ဗဟိုခံစစ္မွဴးနဲ႔ ဘယ္ေတာင္ပံအစြန္လူ ေနရာေတြအတြက္ အင္အားျဖည့္ဖို႔ ၾကိဳးစားေနတာျဖစ္တယ္။

အင္အားျဖည့္ရမယ့္ ေနရာေတြ မ်ားေနေပမယ့္ ခ်ယ္ဆီးရဲ႕ ဦးစားေပးက တိုက္စစ္သမားေခၚယူဖို႔ျဖစ္ျပီး လိုက္ဇစ္မွ တီမိုဝါနာ၊ လိုင္ယြန္မွ ဒမ္ဘီလီ၊ ေဒါ့မြန္မွ ဆန္ခ်ိဳတို႔ကို အဓိက ေခၚယူလိုေနတာပါ။ ဒါဟာ ဇန္နဝါရီမွာ အသင္းက ထြက္သြားႏုိင္တဲ့ ဂ်ီရူး၊ ရာသီကုန္ရင္ ထြက္ခြာမယ့္ ပက္ဒရိုအျပင္ ဝါရင့္တိုက္စစ္သမား ဝီလီယမ္ကိုပါ ဆံုးရံွဴးျပီးရင္ ရွားပါးလာမယ့္ တိုက္စစ္ပိုင္းအတြက္ ၾကိဳတင္ျပင္ဆင္လိုတာျဖစ္ပါတယ္။

တီမိုဝါနာနဲ႔ ဆန္ခ်ိဳတို႔ ဇန္နဝါရီမွာ အသင္းေျပာင္းဖို႔ အခြင့္အေရး နည္းေနျခင္းေၾကာင့္ ခ်ယ္ဆီးဟာ ေလဗာကူဆင္ေတာင္ပံသမား ဘိုင္ေလ၊ ဗီလာရီးရဲေတာင္ပံသမား ခ်ဴကြမ္ဇီနဲ႔ ပဲေလစ့္ေတာင္ပံသမား ဇာဟာတို႔ကိုပါ ဇန္နဝါရီ ပစ္မွတ္ထဲ ထည့္သြင္းလာခဲ့ေၾကာင္း တယ္လီဂရပ္သတင္းေထာက္ Matt Law က ေဖာ္ျပခဲ့ပါတယ္။

တိုက္စစ္မွဴးအျဖစ္ ဒမ္ဘီလီကို ေခၚယူဖို႔ အခြင့္အေရး အမ်ားဆံုးျဖစ္ျပီး ေတာင္ပံသမားထဲမွာေတာ့ ဇာဟာကို ေခၚယူဖို႔ အဓိက အာရံုစိုက္မယ္လို႔ သိရတယ္။ ခ်ယ္ဆီးဟာ ေႏြအေျပာင္းအေရႊ႔မွာ အသံုးစရိတ္ ေပါင္ ၁၅၀ သန္း ဝန္းက်င္ ရထားတာျဖစ္ျပီး ထိပ္တန္း ကစားသမားေတြကို ေခၚယူဖို႔ ေငြ အလံုအေလာက္ရွိထားတာလည္း ျဖစ္ပါတယ္။

UNICODE

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဘိုင်ယန်မြူးနစ်နဲ့ အတွဲကျတဲ့ ချယ်ဆီးဟာ ပြည်တွင်းလိဂ်မှာ ရလဒ်တွေမကောင်း ဖြစ်နေပြီး စွမ်းဆောင်ရည်တွေ ပြန်တက်လာဖို့ လိုအပ်နေတာကြောင့် ဇန်နဝါရီကို လူအင်အားဖြည့်မှုတွေ သေချာပေါက် လုပ်ဆောင်လာတော့မှာဖြစ်တယ်။

အပြောင်းအရွှေ့ ပိတ်ခံထားရမှုကို အယူခံဝင်မှု အောင်မြင်ထားတဲ့ ချယ်ဆီးဟာ နာမည်ကြီး ကစားသမားတွေနဲ့ ချိတ်ဆက်မှုတွေ ရှိထားခဲ့ပြီး တိုက်စစ်သမား၊ တောင်ပံတိုက်စစ်၊ ဗဟိုခံစစ်မှူးနဲ့ ဘယ်တောင်ပံအစွန်လူ နေရာတွေအတွက် အင်အားဖြည့်ဖို့ ကြိုးစားနေတာဖြစ်တယ်။

အင်အားဖြည့်ရမယ့် နေရာတွေ များနေပေမယ့် ချယ်ဆီးရဲ့ ဦးစားပေးက တိုက်စစ်သမားခေါ်ယူဖို့ဖြစ်ပြီး လိုက်ဇစ်မှ တီမိုဝါနာ၊ လိုင်ယွန်မှ ဒမ်ဘီလီ၊ ဒေါ့မွန်မှ ဆန်ချိုတို့ကို အဓိက ခေါ်ယူလိုနေတာပါ။ ဒါဟာ ဇန်နဝါရီမှာ အသင်းက ထွက်သွားနိုင်တဲ့ ဂျီရူး၊ ရာသီကုန်ရင် ထွက်ခွာမယ့် ပက်ဒရိုအပြင် ဝါရင့်တိုက်စစ်သမား ဝီလီယမ်ကိုပါ ဆုံးရံှူးပြီးရင် ရှားပါးလာမယ့် တိုက်စစ်ပိုင်းအတွက် ကြိုတင်ပြင်ဆင်လိုတာဖြစ်ပါတယ်။

တီမိုဝါနာနဲ့ ဆန်ချိုတို့ ဇန်နဝါရီမှာ အသင်းပြောင်းဖို့ အခွင့်အရေး နည်းနေခြင်းကြောင့် ချယ်ဆီးဟာ လေဗာကူဆင်တောင်ပံသမား ဘိုင်လေ၊ ဗီလာရီးရဲတောင်ပံသမား ချူကွမ်ဇီနဲ့ ပဲလေစ့်တောင်ပံသမား ဇာဟာတို့ကိုပါ ဇန်နဝါရီ ပစ်မှတ်ထဲ ထည့်သွင်းလာခဲ့ကြောင်း တယ်လီဂရပ်သတင်းထောက် Matt Law က ဖော်ပြခဲ့ပါတယ်။

တိုက်စစ်မှူးအဖြစ် ဒမ်ဘီလီကို ခေါ်ယူဖို့ အခွင့်အရေး အများဆုံးဖြစ်ပြီး တောင်ပံသမားထဲမှာတော့ ဇာဟာကို ခေါ်ယူဖို့ အဓိက အာရုံစိုက်မယ်လို့ သိရတယ်။ ချယ်ဆီးဟာ နွေအပြောင်းအရွှေ့မှာ အသုံးစရိတ် ပေါင် ၁၅၀ သန်း ဝန်းကျင် ရထားတာဖြစ်ပြီး ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ ငွေ အလုံအလောက်ရှိထားတာလည်း ဖြစ်ပါတယ်။