နောက်ဆုံးတော့ ချယ်ဆီးရဲ့ မဟာအားနည်းချက်ကြီးကို လမ်းပတ် ပြုပြင်နိုင်မယ့် လမ်းစရခဲ့ပါပြီ







ယူနိုက်တက်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ် လိုအပ်ချက်တွေကြောင့် ချယ်ဆီးက လွှမ်းမိုးကစားမှုပိုင်း မသာခဲ့ပေမယ့် ကလပ်ရဲ့ ကာလရှည် အားနည်းချက်ဖြစ်တဲ့ ခံစစ်က ထူးချွန်တဲ့ ပုံစံကောင်း ပြနိုင်ခဲ့တယ်။

ပွဲထွက် ဂိုးသမားနေရာက ပါဝင်လာတဲ့ ဂိုးသမား မန်ဒီဟာ ကိုယ်ဂိုးကို ပြန်သွင်းမိနိုင်တဲ့ ဂိုးပေါက် အရှေ့ ဘောလုံး ပေးပို့မှု တစ်ကြိမ် မှားခဲ့တာက လွဲရင် အကောင်းဆုံး ပုံစံ ပြသ နိုင်ခဲ့ပြီး ထူးကဲတဲ့ လက်စွမ်း တွေကို ပြသ သွားနိုင်ခဲ့ ပါတယ်။

မန်ဒီ ပြီးရင်တော့ ချဲလ်ဆီး ရဲ့ အကောင်းဆုံး ကစားသမားက ခံစစ်မှူး ဆေးဗားဖြစ်ကာ သူဟာ ရက်ဖိုဒ့်ကို အခွင့်အရေး မရရှိအောင် ကြိုးစား ပြနိုင်ခဲ့သလို အသင်းဖော်ဟောင်း ကာဗာနီ ကိုလည်း ချုပ်ထား နိုင်ခဲ့ ပါတယ်။ ကာဗာနီရဲ့ အပိုင် အခွင့်အရေး တစ်ကြိမ်ကို ဆေးဗား ရှင်းထုတ်ပြခဲ့ခြင်းက ချယ်ဆီးအတွက် သက်သာရာရစေခဲ့တယ်။

ရိစ်ကလည်း ပြိုင်ဘက်ခြမ်းက တောင်ပံသမား ဒန်နီယယ် ဂျိမ်းစ်ကို အကောင်းဆုံး ထိန်းချုပ် ပြနိုင်ခဲ့ကာ တိုက်စစ် ကိုလည်း ထိထိရောက်ရောက် ကူညီ ပေးနိုင်ခဲ့တယ်။ သူ့ရဲ့ ဖြတ်တင်ဘောတွေက သိပ်ကောင်းလှပြီး ဟာဗက် ခေါင်းတိုက်လို့ မမှီတဲ့ ဘောလုံးကို ပူလီဆစ် အပိုင်ပြေးပိတ်ခြင်းက ခပ်လွဲခဲ့ရတယ်။

ထိုနည်းတူ ဘယ်ခြမ်းမှာလည်း ချီဝဲလ်က တိုက်စစ်ကို တက်ရောက် ကစားခွင့် ရချိန်မှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည် အချို့ကို ပြသ နိုင်ခဲ့ပြီး အသင်းဖော် တွေနဲ့ ကောင်မွန်စွာ ချိတ်ဆက် ကစားနိုင်ခဲ့ ပါတယ်။ သူက ခံစစ်ကိုလည်း အလျင်းသင့်သလို ကူညီပေးနိုင်ခဲ့တယ်။

တိုက်စစ်ကတော့ ဟာဗက်၊ ဝါနာ၊ ပူလီဆစ်တို့ တစ်ဦးမှ ကောင်းမွန်တဲ့ ခြေစွမ်း မပြနိုင်ခဲ့ဘဲ လူစားဝင် တိုက်စစ်သမား အေဘရာဟမ်ထံကလည်း မက်မောစရာ စွမ်းဆောင်ရည် မတွေ့ခဲ့ပါဘူး။ ချယ်ဆီးက လာမယ့်ပွဲအတွက် ပြင်ဆင်ရမှာဖြစ်ပြီး ကွင်းလယ်နဲ့ တိုက်စစ်ပိုင်း ချိတ်ဆက်မှု အားနည်းခြင်းကို အဖြေရှာရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။